- စတီးမစ်မြန်မာများအားလုံး မင်္ဂလာပါခင်ဗျာ။ may,7,2018 နေ့ မင်းဘောရွာသို့ ရောက်ရှိသွားရပုံအား ဤpost ကလေးဖြင့် ဖော်ပြပါရစေ။
ရွာထဲသို့ ဝင်သည်နှင့် သာသနာ့အလံ လွှင့်ထူထားသော မော် တော်ဆိုင်ကယ်လေး ၅စီး လူ ၁၀ယောက်ဖြင့်စီးကာ ခရီးဦး ကြိုပြုကြသည်။ လူငယ်အချို့မှ လည်း အိုးစည်ဒိုးပတ်များဖြင့် ကခုန်တီးမှုတ် ပျော်ရွှင်နေကြသည်။ သက်ကြီးရွယ်အို အဘိုး အဖွား များကလည်း ကြည်နူးမှူအပြည့်ဖြင့် လက်အုပ် ကလေး များချီကာ ပူဇော်ကြပေသည်။
မိုးရာသီကူပြောင်းစ နေနှင့်မိုး အပြိုင်ရာသီ လုနေခိုက်ဝယ် ရှည်လျှားလှသော ကားလမ်းမကြီးပေါ်၌ ကျွန်ုပ်အပူရှိန်ကို အံတုကာ မော်တော်ဆိုင်ကယ်ကလေးအား မနှေးမမြန်မောင်း လာခဲ့သည်။ အချိန်ကားနေ့လည် ၁၂နာရီဝန်းကျင်ခန့်ဖြစ်ပြီး အပူရှိန်သည် ကျွန်ုပ်တို့ ဧရာဝတီသားတို့အတွက် ပြောမဆုံး အောင် ပူပြင်းလှ ပေသည်။ ကျုံမငေးမြေသို့ရောက် ရန် ၁၅မိုင် ၃ဖာလုံသာလို တော့ပေသည်။
ထိုစဉ်ဝယ် Airplane Mode မပြုထားသော မိမိဖုန်းက လေးမှ 🎧တစ်ချိန်မှာတို့နှစ်ယောက် လက်ထပ်မယ် ×××
×စိတ်ကူးယဉ်အိမ်မက်××××🎧 စသည့်ဖြင့် ringtone လေးမြည်လာပါတော့သည်။ ဆိုင်ကယ်အား စက်ရှိန်လျော့၍ ဖုန်းလေးအားထုတ်ကိုင်လိုက်ပါသည်။ ကျွန်ုပ်၏ တွဲဖော် အသက် ၃၅ ဝန်းကျင်ရှိ စက်ပြင်ဆရာ ကိုအာလူးမှ ဘယ် ရောက်ပြီလဲ×ဘာညာ ၂နာရီထိုအလှူခံ စထွက်မည် စသည် ဖြင့် အသိပေးချေတော့သည်။
မိမိလည်း အလှူခံနောက်ကျ၍ မလိုက်ရမည်စိုးသဖြင့် ပုံမှန်ထက် ဂရုစိုက်ကာ စက်ရှိန်နည်းနည်းတင်၍ မောင်းနှင် ခဲ့ပေသည်။ ဦးစွာ အိမ်သို့ဝင်ကာ အမောဖြေ အဝတ်စားလဲပြီး၍ ထမင်းစားလိုက်သေးသည်။ နာရီအားတစ်ချက်ကြည့်မိသည့် ဖြင့် ၂နာရီ ၁၀မိနစ်ရှိချေတော့သည်။ မိမိလည်း ခပ်သွပ်သွပ်က လေး ပြုကာ ဦးထုပ်ဆွဲ၍ ဘုန်းကြီးကျောင်းသို့ ပြေးရချေတော့ သည်။
အလှူခံသည်ကား လွန်ခဲ့သော လအနည်းငယ်၌ ပျံလွန်တော် မူသွားရှာသော မင်းဘော ဆရာတော်ဘုရားကြီး တည်ဆောက် လက်စဖြစ်သည့် ကျောင်းတော်အား ဆက်လက် ပြီးစီးအောင် မြင်နိုင်ရန် အုန်ပင်ကျောင်းမှ အရှင်ဦးဇောတိက ဦးဆောင် ကာအလှူခံ ထွက်ကြခြင်းဖြစ်ပေသည်။
ကျုံမငေးမြို့ပေါ်ရက်ကွက်အသီးသီးသို့ လှည့်လည်ကာ အလှူခံပြီးစီး ပြီးချိန်ဝယ် ညနေ့ ၅နာရီသို့ဆိုက်ရောက် ခဲ့ချေ တော့သည်။ မိမိစိတ်တွင် အလှူခံပြီးလျှင် ပြီးပြီဟု ထင်ခဲ့ သော်လည်း ၎င်းဆောက်လုပ်ဆဲကျောင်းတော်တွင် တည်ထား ပူဇော်ရန်အတွက် ဥာဏ်တော်(မည်မျှရှိ သည်မသိ) ဗုဒ္ဓရုပ် ပွားတော် တစ်စုအား မင်းဘောကျေးရွာ မင်းဘော ဘုန်းကြီး ကျောင်းသို့ပို့ဆောင်ရန်ကား ရှိနေပေသေးသည်။
အလှူခံသိမ်းပြီးနောက် အုန်ပင်ကျောင်း၌ အလှူခံရငွေများ သက်ဆိုင်ရာ ဘုန်းကြီးများနှင် စစ်ဆေး အပ်နှံပြီး အလှူခံ ထွက်စဉ်၌ ဖွင့်သော အသံချဲ့စက်များအားတင်သည့်ကားပေါ် သို့ ဗုဒ္ဓရုပ်ပွားတော်အား ပင့်ဆောင်ကာ ဘုန်းကြီးများ အလှူခံ အဖွဲများ အတွက် ကားလေးနှစ်စီး ဗုဒ္ဓရုပ်ပွားတော်နှင့် အသံချဲ့ စက်ဖွင့်လူငယ်များ မှကားတစ်စီး စုစုပေါင်း ကားသုံးစီး ဖြင့် မင်းဘော ကျေးရွာသို့ ထွက်ခွာလေတော့သည်။
မင်းဘော ကျေးရွာသည် ကျုံမငေးမြို့နှင့် သိပ်မဝေးလှ။ ရုပ်ပွားတော်ကြီး ပင့်ဆောင်လာရသည့်အတွက် ကားအား ညင်သာစွားမောင်လာ၍သာ အချိန်အနည်းငယ်ပိုရပေသည်။ သို့သော် ကားလမ်းမကြီးနှင့် မင်းဘောရွာအတွင်းသို့ တစ်မိုင်ခန့့် မောင်းနှင့်ရသေးသည်။ လမ်းကလေးသည်လမ်း ရွာလမ်း ကလေးဖြစ်သည့်အတွ ကျဉ်းမြောင်းသောကြောင့် ကားအား ပိုမိုဂရုစိုက်စွာမောင်းနှင်ရချေသည်။
ရွာအနီးသို့ရောက်သည်နှင့် ရွာသားအချို့မှ သာသနာ့ အလံစိုက်ထူထားသော ဆိုင်ကယ်ကလေးများ အိုးစည် ဒိုးပတ်များဖြင့် စီးကြိုကခုန်ပျော်ပါးနေကြသည်။ သက်ကြီးရွယ်အိုများမှလည်း ကြည်နူးမူ ပီတိ မျိုးစုံဖြင့် လက်အုပ်ကလေးများချီကာ ပူဇော်နေကြရှာသည်။
ရွာသာများ၏ ကျေနပ်ဝမ်းသာ ပီတိဖြစ်မူအတိုင်းအတာအား ၎င်းရွာသားများ၍ မျက်နှာများတွင်း အထင်းသားပေါ်လွင်နေ သည်။ အလွမ်းဓာတ်ခံရှိ၍လား၊ စိတ်ထားပျော့၍လားမသိ ကျွန်ုပ်ပင် ၎င်းတို့၏ ပျော်ရွှင်မူအား မျက်ရည်ဝဲရချေသည်။
ရွာသားများသည် ၎င်းတို့ရွာအတွင်းတံတားလေးဖြင့် ကားဝင်၍မရသည်နှင့် တက်ညီ လက်ညီ ကိုယ်ပိုင်ထော် လာဂျီဖြင့် ဝိုင်းဝန်းကူးပြောင်းကာ မင်းဘော ဘုန်းကြီး ကျောင်းသို့ ပင့်ဆောင်ကြပေသည်။ ကျွန်ုပ်တို့ဧည့်သည် များကိုလည်း ရွာသားများ ဧည့်ဝတ်ကျေစွာ ဆက်ဆံပြူငှါ ကြသည်။ အိမ်အပြန်လက်ဆောင်အနေဖြင့်လည်း ရွာမှမိမိခြံထွက် သရက်သီးများ ငှက်ပျောသီးများ လက်ဆောင်ပေးပြန်ချေသေးသည်။
ဘုန်းကြီးများနှင့် ကျွန်ုပ်တို့သည်လည်း ပြုလုပ်စရာများ ပြုလုပ် ကာ ညနေစောင်းပြီဖြစ်၍ ကားသုံးစီးဖြင့် ကျုံမငေးသို့ ပြန်လာ ကြတော့သည်။ အိမ်အပြန်လမ်းတွင်တော့ ကျွန်ုပ်သည် ၎င်းမင်းဘောရွာကလေး၏ ပီတိဝမ်းသာမူများကို ပြန်လည်တွေးတောကာ ပြုံးမိပါချေသေးသည်။ ရွာသားများနှင့်ထပ်တူ ကျွန်ုပ်လည်း ဝမ်းသာပီတိဖြစ်ရပါသည်။
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writimg by phyozawoo
Hive account@phyozawooburmes
MSC-071