စတီးမစ် မြန်မာများအားလုံး မင်္ဂလာပါ ခင်ဗျာ။
ဘာရယ်တော့ မဟုတ် ကျွန်တော့ သူငယ်ချင်း ရုံးပိတ်ရက် နယ်ပြန်လာသောကြောင့် နှစ်ယောက်တည်း သီးသန့် ယမကာ လေး မှီဝဲခဲ့ကြသည်။ မတွေ့တာလည်း ကြာပြီ၊ နောက်တစ်နေ့ ဆိုကျွန်တော်လည်း ခရီးထွက်မည်ဖြစ်သောကြောင့် နှစ်ဦး သဘောတူ အမြည်းလေးဝယ်ကာ ကားလမ်းမကြီးဘေး ကွန်ဂရစ် ခုံလေးဝယ် နေရာယူခဲ့ကြသည်။
ကျွန်တော်တို့၏ စရိုက်အရ ဆိုင်ထိုင်သောက်သည်ထက် ခုလို အေးဆေး တစ်နေရာတွင် ထွက်သောက်ရသည်ကို ပို၍ ကျေနပ် နှစ်သက်ပြီး၊ တိတ်ဆိတ်၍ လူရှင်းသော နေရာများ၊ အန္တရာယ် ကင်းသောနေရာများတွင်သာ အသောက်များလေ သည်။
အောင်ကျော် ဟုလူသိများပြီး အမည်အရင်းမှာ အောင်ကျော်
ဆန်းဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်ခန့်က အိမ်ထောင်ကျပြီး ယခု သားရတနာ လေးတစ်ဦးပိုင်ဆိုင်ထားသူဖြစ်သည်။ ကျွန်
တော်နှင့် များစွာ စိတ်သဘောထားချင်း တိုက်ဆိုင်သူ တစ်ဦး ဖြစ်ပြီး ကျွန်ုပ် Mobile Services ပညာ သင်ယူဖြစ်ခဲ့ သည်မှာလည်း အောင်ကျော်၏ အားပေးတိုက်တွန်းမှူ ကြောင့် ဟု ပြော၍ပင် ရနိုင်သည်။
Image source
ကျွန်တော်တို့ နှစ်ဦးထွက်လာသောအချိန်မှာ ည၇နာရီခွဲ ဖြစ်ပြီး
မှောင်စပျိုးချေပြီ။ မြို့အပြင် ကားလမ်းဘေးထွက်မည်ဖြစ်သော ကြောင့် မြို့ဝင်ဂိတ်အားဖြတ်ကျော်ရသည်။ ဂိတ်စောင့်ရဲ့များ နှင့် ရင်းနှီးပြီးသားဖြစ်၍ ယမကာ ပုလင်းများအတွက် စစ်ဆေး မေးမြန်းခြင်း မရှိခဲ့ချေ။
ကျွန်တော်တို့ သတ်မှတ်ထားသည့် နေရာ အရောက်တွင်အုတ် ခုံလေး ပေါ်ရှိ အမှိုက်များ၊ သဲများအားရှင်းလင်းဖယ်ရှားပြီး ကျန စွာနေရာယူခဲ့ကြသည်။ပြီးနောက် စတင် ပုလင်းဖွင့်ကာသောက် ခဲ့ကြသည်။ အတော်ကလေး မူးလားသည်နှင့် အရက်မူးရင်ကျွဲ သူခိုးပေါ် ဆိုသည့်အတိုင်း မည်သူ့မှ မပြောဟု ဆုံးဖြတ်ထား သည့် ကျွန်တော်တို့ရက်ကွက်ထဲမှ လင်မယား နှစ်ယောက်အ ကြောင်း ပြောဖြစ်ခဲ့လေသည်။
အရင်းနှီးဆုံး သူငယ်ချင်းဖြစ်၍ ပြောပြလိုက်မည်ဟု ဆုံးဖြတ် ခဲ့သည်။ မဟုတ်ပါကလည်း မူးနေသောကြောင့် ပြောတော့ မည်သာ။ သူများအကြောင်း ဖြစ်၍ အတင်းပြောသည်ဟု လည်းဆိုနိုင်ချေသည်
။
Image suorce
ကျွန်တော်တို့ အိမ်နှင့် တစ်လမ်းကျော် နှစ်ထပ်ပျဉ်ထောင် အိမ်ကလေးတွင် တစ်ဦးနှင့်တစ်ဦး အရမ်းချစ်ကြသော ဇနီး မောင်နှံ နှစ်ဦးရှိသည်။ အသက်အားဖြင့် ၃၉/၄၀ ဝန်းကျင်ရှိပြီး ယနေ့ တိုင်အောင် တစ်ဦးနှင့်တစ်ဦး အလွန်ပင် ဂရုစိုက်ကာ မေတ္တာမပျက်ကြချေ။ ရန်ဖြစ်စကားများသည်မှာတော့ ဝေးစွ။
အိမ်နီးနားချင်းကပင် အားကျလောက်ရအောင်၊ မိန်းမဖြစ်သူက ထမင်းချက်မည်ပြုလျှင် ယောက်ျားဖြစ်သူက နေနေ ကိုယ် ချက်မယ် တစ်မျိုး၊ ယောက်ျားဖြစ်သူ ငရုတ်သီးထောင်မည် ပြုလျှင် မိန်းမဖြစ်သူက နေနေ သူထောင်းမည်တစ်ဖုံ။ အလွန်တည့်၍ လင်နှင့်မယာ လျှာနှင့်သွား ဟုသော စကားပုံ အား အံတုနိုင်ကြသော ဇနီးမောင်နှံများဖြစ်ကြသည်၊
ယောက်ျားဖြစ်သူမှာ ဦးမောင်နိုင်ဖြစ်ပြီး မိန်မဖြစ်သူမှာ ဒေါ်ကျင်မိ ဖြစ်သည်။(အမည်များအားပြောင်းလဲဖော်ပြသည်။) ဦးမောင်နိုင် မှာ အသက် ၄၁ နှစ်မျှရှိသည်ဟု ဆိုသော်လည်း အရပ်ထောင် ထောင်မောင်းမောင်းဖြင့် ရုပ်ရည်မှာလည်း ခန်ညားတင့်တယ် သူဖြစ်သည်။
Image Source
ဒေါ်ကျင်မိမှာ ဦးမောင်နိုင် အောက် ၂ နှစ်ငယ်ပြီး အသားရည် စိုစိုပြေပြေဖြင့် ကြည့်ကောင်းသူ တစ်ယောက်ဖြစ်သည်။ ဦး
မောင်နိုင်သည် ဖုန်းလာပြင်ရင်း ကျွန်ုပ်နှင့် ခင်မင်ရင်းနှီးပြီး သူ့၏ အကြောင်းများကို သိခွင့်ရလေတော့သည်။ဦး မောင်နိုင် မှာ သူ၏ မိန်းမ၏ နောက်ကွယ်တွင် တိတ်တိတ်ပုန်း အမျိုးသ
မီး နှစ်ယောက်နှင့်ပတ်သတ်မူ ရှိနေပြီး အိမ်ပြန်ရောက်သော် ဒေါ်ကျင်မိအား အချစ်မလျော့ သူတစ်ယောက် သစ္စာရှိသူတစ်
ယောက် ကဲ့သို့နယ် ပြုစုယုယ ကျင်နာမှူပေးသည်။
ဦးမောင်နိုင်၏ အကြောင်းကို ကျွန်ုပ်သိရပြီး ဒေါ်ကျင်မိသည် လည်း ဦးမောင်နိုင်၏ နောက်ကွယ်တွင် မည်ကဲ့သို့ ရှိမည်နည်း အားသိချင်လာပြန်သည်။ ထိုနောက် အစွမ်းကုန် အားထုတ်၍ သိအောင်ကြိုးစားသည်။ တစ်နေ့ ဦးမောင်နိုင် အိမ်သို့ ကျွန်ုပ်
ခတ္တလိုက်သွားသည်။ လင်မယား နှစ်ယောက်လုံး ရှိနေသည်။
ထိုစဉ်တွင် ဒေါ်ကျင်မိ မှ သူ၏ ဖုန်းအင်တာနက် ဖွင့်မရ၍ ကျွန်ုပ် အားလုပ်ခိုင်းတော့သည်။ ကျွန်ုပ်လည်း ကြည့်လိုက် သည်နှင့် လိုင်းမကောင်း၍ net မပွင့်မှန်းသိသည်။ သို့သော် Audio mananger application အားတွေ့သည့် နယ်အချိန်ဆွဲ၍ ပြုနေတော့သည်။
ဝါး နောက်ဆုံးတော့ တွေ့ပြီလေ။ ဒင်းကလည်း တစ်မျိုးပါလား။
ဒေါ်ကျင်မိ၏ဖုန်းအား ပုံမှန်ကြည့်ပါက ဖုန်းမကိုင်တတ်သည့်သူ တစ်ယောက်ကဲ့သို့ပင် facebook ,messager and Viber စသည့် app များ မတွေ့ရပေ။ သို့သော် Audio mananger ဖြင့်ဝှက်ထားသော လျှို့ဝှက်dataများကဖြင့် မနည်းပေ။ အသိချင်ဆုံး ကိစ္စနောက်တစ်ခုသိလိုက်ရပြီလေ လက်စသတ်တော့ သည်ဇနီးမောင်နှံ နှစ်ယောက်က အပြင်မှာ တော့ဖြစ်ချင်တိုင်းဖြစ်နေကြပြီး အိမ်ထဲယောက်ရင် တစ်ဦးနှင့် တစ်ဦး အရမ်းချစ်ကြတဲ့ပုံစံမျိုး၊ အပြစ်ကင်းကဲ့ ပုံမျိုးနှင့် အများ တကာအားကျအောင်နေပြကြတယ်။
ကျွန်တော်လည်း ထိုအိမ်သို့နောက်တစ်ခေါက် အလည်အပတ် သွားခြင်း ၊ထိုသူများနှင့်ပတ်သတ်ခြင်း မပြုတော့ပေ။မဟုတ်ပါ က ပဲလှော်ကြား ဆားညပ် မည်အဖြစ်နှင် ကြုံရမည်ကို စိုးလှ ပေသည်။ တိုက်ဆိုင်၍Audio manangerအားခိုးကြည့် နည်း တစ်နည်အားဖြင့် Hackနည်းအား ဖော်ပြပေးပါဦးမည်။
File mananger>>internal>> program data>> language>> .fr/.en စသော file ထဲ တွင် audio mananger မှလျှို့ဝှက်စွာ သိမ်းဆည်းထား သော data များအား အလွယ်တကူရှာဖွေ တွေ့ရှိနိုင်ပါသည်။
(မှတ်ချက်-တစ်စုံတစ်ယောက်အား နစ်နာစေလိုသောရည်ရွယ် ချက် တစ်စုံတစ်ရာ မပါဝင်ပါ)