ကျွန်မတို့လူသားများ လူ့လောကထဲသို့မရောက်ခင်မိခင်၏ဝမ်းတွင်း၌စတင်သန္ဓေတည်စဉ်မှစ၍မွေးဖွါးသည်အထိ မိခင်တစ်ယောက်၏ ရင်သွေးလေးကျန်းမာအောင်ပြုစုနေထိုင်ပုံ ချောမွေ့စွာမွေးဖွါးခွင့်ရရန်အတွက် ကောင်းမွန်သောကျန်းမာရေးနည်းလမ်းများရှာဖွေကာ ဆေးဝါးအဟာရများမှီဝဲပြီး လစဉ်ရက်သတ္တပါတ်အလိုက် မိမိဝမ်းဗိုက်ထဲရှိအဆင့်ဆင့်ကြီးထွါးဖွံ့ဖြိုးလာသော မိမိရင်သွေးအနေထားများကြည့်ကာ ကြည်နူးပီတိဖြစ်နေကြပုံ များအားမိခင်တစ်ယောက်အနေနှင့်ရေးသားတင်ပြလိုပါသည်။
ကိုယ်ဝန်စရှိသည့်ဦးဆုံးလက္ခဏာဖြစ်သော ဆီးစစ်တံလေးမှပေါ်လာသည့်အကြောင်းလေးနှစ်ကြောင်းအားမြင်ရသည့်အချိန်မှစ၍ မေမေများမှာ ကျန်းမာရေးဗဟုသုတများရှာဖွေဖတ်ရှုရင်းပျော်ရွှင်ရသည်။
ရင်သွေးလေးအား ကျန်းမာရေးဌာနသို့အပ်နှံခြင်း ကိုယ်ဝန်ဆောင်အားဆေးများမှီဝဲခြင်း အာဟာရှိသောအစားအစာများ စားသုံးခြင်းဖြင့်ကြီးထွားလာသောသန္ဓေသားလေးအားကြည့်ပြီးပီတိဖြစ်ရသည်မှာလည်း သည် မေမေပင်ဖြစ်သည်။ရင်သွေးလေးအားထိခိုက်စေမည့်အစားအစာများဖြစ်သောအစေးပါသောအသီးများအပါအဝင် ပူလွန်းစပ်လွန်းသောအစားအစာများရှောင်ရှားခြင်း,အန္တရာယ်မဖြစ်အောင်သွားလာလှုပ်ရှားမှုများအားသတိထားဆင်ခြင်မှုများပြုလုပ်ခြင်းသည်လည်းသဘာဝအလျောက်ကျေနပ်ပျော်ရွှင်စွာလုပ်ဆောင်ကြသောမေမေများ၏လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။နေ့စဉ်စားသောအစားအစာများအဟာရစုံအောင်သေချာစီမံစားသုံးကာလရင့်လာသည်နှင့် ကျန်းမာသန်စွမ်းသော ရင်သွေးလေး၏ဗိုက်ထဲမှ လှုပ်ရှားတိုးကန် တုံ့ပြန်မှုများကြောင့် ကြည်နူးရသည်မှာလည်း သည်မေမေနှင့်ဖေဖေပင်ဖြစ်သည်။မေမေများနည်းလမ်းတကျ ကျန်းမာအောင်နေထိုင်ခြင်း,ကိုယ်ဝန်စရှိစဉ်မှ မွေးဖွါးသည်အထိ ကျန်းမာရေးဗဟုသုတများရှာဖွေဖတ်ရှုကာ ဂရုတစိုက်နေထိုင်ခြင်းဖြင့်ရင်သွေးလေးများမှာ ကြံ့ခိုင်သန်စွမ်းသော လူသားလေးတစ်ဦးအဖြစ် လူ့လောကထဲသို့ရောက်ရှိလာခဲ့သည်။ဒါ့အပြင်မိမိ၏ရင်သွေးလေးမွေးကင်းစအရွယ်တွင်ဖြစ်တတ်သော ပိုလီယို,အသားဝါ,မေးခိုင်ပိုးအစရှိသောရောဂါများမပါဝင်စေရန် ကိုယ်ဝန်ဆောင်ချိန်တွင် နီးစပ်ရာကျန်းမာရေးဌာနများ၌ကာကွယ်ဆေးများထိုးကာ ကြိုတင်ကာကွယ်ခြင်းများလည်းမေမေများပြုလုပ်ထားကြရသည်။ထို့ကြောင့် မေတ္တာ တရားကြီးမားလှသော မိဘများ၏ဂရုတစိုက်နေထိုင်မှုကြောင့် ကျွန်မတို့ရင်သွေးလေးများ ကျန်းမာပျော်ရွှင်ရသကဲ့သို့ ရင်သွေးလေးဘဝမှစ၍လူလားမြောက်ခဲ့ရသောကျွန်မနှင့်တကွ မိတ်ဆွေများအားလုံးသည်လည်းမိဘမေတ္တာကို ခံစားသိရှိနိုင်စေရန်ရေးသားလိုက်ရပါသည်။
"ကလောင်လက်ဖြင့်လွှဲသောပုခက်" ဒီဆောင်းပါးလေးဖြင့် အနန္တမေမေ အပေါင်းကိုဂါရဝပြုပါတယ်ရှင့်။