မြန်မာနိုင်ငံတွင်လူဦးရေ တစ်ထောင်လျှင် တီဘီလူနာသစ် ( ၄ ) ဦးခန့်ဖြစ်ပွားလျက်ရှိသည်။မြန်မာနိုင်ငံတွင် TB ရောဂါကူးစက်ခံရပြီး အသစ်ဖြစ်ပွားသူ ရောဂါဝေဒနာသည်ထက် ဆေးယဉ်ပါး TB ရောဂါ ဖြစ်ပွားမှု့ ကပိုမိုများပြားလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံတွင်ပါဝင်လျက်ရှိသည်။
TB ရောဂါ အမျိုးစား ထဲတွင် ကူးစက်မှု့ အမြန်ဆုံးနှင့် အများဆုံး ကူစက်ခြင်းကိုဖြစ်ပေါ်စေသော TB ရောဂါ အမျိုးအစားမှာ အဆုတ် TB ရောဂါပဲဖြစ်ပါသည်။ချောင်းဆိုးနှာချေ ခြင်းမှ TB ရောဂါပိုးမှားလေထဲတွင်ပျံ့နှံ့သွားသည်။
တီဘီရောဂါသည်လေမှတဆင့် ရောဂါကူးစက်ခြင်းဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်ပါသည်။ထို့ကြောင့် TB ရောဂါဖြစ်ပွား၍ ရောဂါတိုက်ဖျက်ဆေး ၆ လ သောက်နေရသူ ရောဂါ ဝေဒနာသည်များ က ချောင်းဆိုးနှာချေ ခဲ့လျင် ဘေးပတ်ဝန်ကျင်အား မိမိကြောင့် ရောဂါကူစက်မှု့မရှိစေရန် လက်ကိုင်ပုဝါဖြင့် ၎င်း အင်္ကျီ လက်ဖြင့်၎င်း အုပ်ပြီး ချောင်းဆိုးနှာချေခြင်းကိုပြုလုပ်ရပါမည်။
သလိပ်တွင်တီဘီရောဂါပိုးရှိသော အဆုတ်တီဘီရောဂါဝေသနာရှင်များ၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ သီချင်းဆိုခြင်း၊ ရယ်မောခြင်းဖြင့် တီဘီပိုးပါသော သလိပ်အမှုန်အမွှားလေးများသည် လေထဲတွင် ပျံ့နှံ့နေပြီး ထိုလေကိုရှူရှိုက်မိသောသူများ၏ အဆုတ်အတွင်းသို့ အသက်ရှူလမ်းချောင်းမှတဆင့် ဝင်ရောက်ပြီး ရောဂါ ကူးစက်နိုင်ပါသည်။
ထို့ပြင် တီဘီရောဂါ သည် မြန်မာနိုင်ငံ၏ ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုအနေဖြင့် လည်း ရပ်တည်နေဆဲဖြစ်ပါသည်။