- RFID card နဲ့ တံခါးအဖွင့်အပိတ်လုပ်တဲ့ project လေးဖြစ်ပါတယ်။ ESP8266 12f နဲ့ MFRC-522 RFID Reader လေးသုံးထားတာပါ။ အလုပ်လုပ်ပုံကို အောက်ပါ video မှာ အရင် ကြည့်ကြရအောင်။
ပါဝင်တဲ့ ပစ္စည်းတွေကတော့ အောက်ပုံပါအတိုင်း ဖြစ်ပါတယ်။
ပါဝင်သော ပစ္စည်းများ
- ESP8266 12F
- RFID card reader (MFRC-522) - taobao link for RFID card reader
- Magnetic lock - Aliexpress Link for magnetic lock
(ဒီမှာတော့ cabinet lock လေးသုံးထားတာပါ။ 60kg ဆွဲအားရှိပါတယ်။) - RFID card and key chain
အသုံးပြုထားသော firmware
- firmware ကို အောက်ပါ လင့်မှ ရယူနိုင်ပါတယ်။
firmware for esp8266 - firmware ကို burn တဲ့ အခါ flash.bat ကို run ပြီး option 4 ကို သုံးတာ အဆင်ပြေပါတယ်။
- ကျွန်တော်ကတော့ အောက်ပါ programmer ကို သုံးပါတယ်။
ESP8266 အတွက် pins ချိတ်ဆက်မှုကို အောက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။
Github Link for pin connection - firmware ထည့်ပြီး ESP8266 ကို ပါဝါပေးလိုက်ရင် RFID wifi access point လေး တက်လာပါမယ်။
- Wifi ကနေ ဝင်ပြီး software configure လုပ်တာကိုအောက်ပါ video မှာ ကြည့်ရှုနိုင်ပါတယ်။
- နောက်ဆုံးတစ်ခု သတိထားရမှာက magnetic lock မှာ back EMF ရှိတဲ့အတွက် ကျွန်တော်တို့ အောက်ပါပုံအတိုင်း 1N4001 diode တစ်လုံးကို relay တွေမှာ တပ်သလို ထည့်ပေးရပါတယ်။
- အားလုံးကို ကျေးဇူးတင်ပါတယ်။ မရှင်းတာရှိရင် comment ကနေ မေးမြန်းနိုငပါတယ်။