လူသားတို့သည် လောဘ၊ ဒေါသ ၊ မောဟ စသည့်ခံစားချက် သုံးချက်ဖြင့် ဖွဲ့စည်းထားသည်။ စိတ်၏ ခံစားမှုသည် လူတစ်ယောက်အတွက် အလွန်ပင် အရေးပါသည်။လူတစ်ယောက်ကို ခံစားချက်အမျိုးမျိုးပေါ်အောင် ထိန်းချုပ်နိုင်စွမ်းရှိသည်။ ပျော်စေချင်ရင် ပျော်သယောင်၊ ဒေါသထွက်သယောင်၊ လောဘကြီးသယောင် စသည်ဖြင့် အမျိုးမျိုးဖြစ်ပေါ်စေသည်...ထို့အပြင် လူတစ်ယောက်လုံးကို ဘ၀ပျက်သွားနိုင်အောင်လောက်ထိ ကျရှုံးသွားနိုင်အောင်လောက်ထိ ပြုလုပ်နိုင်သည့် အရားကား လောဘပင်ဖြစ်ပေသည်......
လောဘကြီးပီး စိတ်မထိန်းနိုင်သည့် အတွက် မိမိမှာ ရှိသမျှ အရားအားလုံးပင် ဆုံးရှုံးနိုင်သည်။ လောဘကို မထိန်းသိမ်းနိုင်သည့် လူအချို့အတွက်ကား လောင်းကစား၊သုံးလုံး ၊ နှစ်လုံး စသည်တို့ မလုပ်သင့်ပေ...ဘ၀တစ်ခုလုံးကို အမြစ်ပါမကျန် ပျက်စီးသွားအောင် လုပ်နိုင်သည်။ ဥပမာပြောရမည်ဆိုလျှင် ကျနော်မှာ အရမ်းခင်ရသည့် သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူဟာ လောင်းကစားဆို အလွန်ပင် ဝါသနာပါသူ တစ်ယောက်ဖြစ်သည်။ ဘောလုံးပွဲ လောင်းတာ အလွန်အကျွံ လောင်းတယ်။ နိုင်သည့်နေ့ နိုင်ပေါ့။ ရှုံသည့်နေ့ ငိုပေါ့ဗျာ။ နိုင်တဲ့အခါကြတော့ နိုင်တာလေးနဲ့ သောက်စားပလိုက်ပေါ့။ ဒီလိုနဲ့ အလောင်းစားကို ပြင်းပြင်းထန်ထန် လုပ်နေရာမှာ သူ့မှာ ရှိသမျှ ပစ္စည်းအားလုံး အပေါင်ဆိုင်ရောက်ကုန်၊ ပြန်လည်းမရွေးနိုင်တော့ဘူးလေ....ကျနော်လည်း သူ့အတွက် စိတ်မကောင်းဖြစ်ရုံမှတစ်ပါး မတတ်နိင်ပေ....အခုတော့ နောင်တရပီး ဘယ်တော့မှ လောင်းကစားမလုပ်တော့ပါဘူးကတိပေးပြီး အလုပ်ကြိုးစားနေသူတစ်ယောက် အဖြစ် ရပ်တည်သွားနိင်ခဲ့လေသည်....
ဒါအပြင် ကျနော်လည်း အွန်လိုင်းက အန်စာတုံးတစ်ခုကိုလေ့လာနေရင်း စိတ်ဝင်စားကာ ဆော့ကြည့်မိတယ်...မကြာပါဘူးဗျာ ကျနော်လိုင်းပေါ်ကရတဲ့ ပိုက်ပိုက်လေးတွေ ပြောင်ကုန်ပါရောဗျာ ....ပြောရင်းဆိုရင်း နှမြောမိလို့ ငိုတောင်ငိုချင်လာပီဗျာ....ဗြဲ....အခုတော့ ကျနော်လည်း တတ်နိုင်သလောက်မလုပ်ဖြစ်ဖို့ ဆုံးဖြတ်ထားလိုက်ပါပီ..ရတာထက် ကုန်တာပဲများနေတဲ့လောင်းကစားတွကို အမှန်တကယ် စိတ်ကုန်နေပါပီ.....လွယ်လွယ်ရသည့်အရာကား တန်ဖိုးမရှိသလို မြဲလည်းမမြဲပေ..လောဘကို ထိန်းသိမ်းနိုင်သည့်လူကား အလွန်ပင် ရှားပေသည်။ လောဘကြောင့် ဘ၀ပျက် ပျက်ဆီးနေသူအများပြားရှိရာ ထိုသူများထဲ၌ မိမိတို့၊ သူယ်ချင်းတို့၊ စာဖတ်သူတို့လည်း မပါဖြစ်အောင်ကြိုးစားကြပါ။ ရိုးရိုးသားသား ရှာဖွေစုဆောင်းတတ်အောင် ကျင့်ကြံကြပါ။ အလွယ်လမ်းကို မလိုက်မိအောင် ကြိုးစားကြပါဗျာ။ လွယ်လွယ်ရသာ အရာကား အလွယ်ရသလို အလွယ်ပင် ပျက်ဆီးသွားတတ်သည်။ လောဘစိတ်ကို တည်ငြိမ်အောင် ကြိုးစားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ.......
MSC - 023
Credit Photo from Google