ခေတ်တွေတိုးတက်လာနဲ့အမျှ လူသားတို့၌ အ၀လွန်ရောဂါ၊ ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ စသည့်ရောဂါအမျိုးမျိုး တွယ်ကပ်လာကြပေသည်။အဆ်ုပါရောဂါများသည် အဖြစ်များဆုံးရောဂါများ ဖြစ်ပေမယ့် ဆေးဝါးများဖြင့် ကုသသော်လည်း အမြစ်ပြတ် မကုနိုင်သေးပေ....သူဌေးရောဂါဆိုသလိုပင် ပြောရပေမည်။ကုသစရိတ် အလွန်ကုန်ကျများသော ရောဂါများဖြစ်ပေရာ အထူးပင် ဂရုစိုက်သင့်ပေသည်....
သို့ပေမယ့် ဒီရောဂါများကို မဖြစ်ပွားအောင် ကာကွယ်လို့ရပါတယ်။ ဖြစ်စေတဲ့အကြောင်းရာတွေထဲမှာ အစားစာနဲ့နေထိုင်မှု ပုံစံတွေက အဓိကကျပါတယ်.....ခေတ်တွေပြောင်းလဲတိုးတက်လာတော့ လူတို့ဟာ ငြိမ်ငြိမ်နေတဲ့ အထိုင်ပုံစံဘက်ကို တဖြည်းဖြည်း ပြောင်းလဲလာကြပေသည်။ လေ့ကျင့်ခန်းဘက်ကို အားနည်းလာကြသည်။ တနေကုန် ထိုင်နေပီးအညောင်းတွေ မိလာကြသည်။ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးသင့်သည်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ အထက်ပါရောဂါများကို ကာကွယ်တားဆီး ပေးသလို အသက်ပင်လည်း ရှည်စေသည်။ဘ၀မှာ ပျော်ရွှင်ကျန်းမာနေဖို့သာ အဓိကပါ။ ကျန်းမာမှ မိမိတို့ဘ၀မှာ သာယာမှုတွေနဲ့ရင်ဆိုင်ကြရမှာပါ...ကျန်းမာရေး မကောင်းလျှင် စိတ်ဆင်းရဲမယ်၊ ငွေကြေးကုန်ကျမယ်၊ မိမိနေမကောင်းဖြစ်တာနဲတခြားလူတွေပါ စိတ်ဆင်းရဲရမယ်။ ထို့ကြောင့် ကျန်းမာရေးကို တခြားအရာတွေထက် ပိုပီးအလေးထား ဂရုစိုက်သင့်တယ်။
လူ့ခန္ဓာကိုယ်ထဲမှာ နှလုံးဟာ အလွန်ပင်အရေးပါလှသည်။ သွေးလည်ပတ်မှုကောင်းမှသာ နှလုံးကလည်း ပုံမှန်အလုပ်လုပ်နိုင်မည်။ ထိုသို့လည်ပတ်နိုင်ဖို့ကလည်း လေ့ကျင့်ခန်းမှန်မှန် လုပ်ရမည်......မိမိတို့ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ရှိနေတဲ့ အရာတွေ ပုံမှန်လည်ပတ်စေဖို့အတွက် အရေးကြီးဆုံးဖြစ်တယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်ကြပါစို့ ဟု တိုက်တွန်းလိုက်ပါတယ်ဗျာ
Author>>>>>>>>pyaesoneaung
MSC NO - 023
Credit photo from Google