မန်မာလူမျိုးတို့၏ အဆင်အလာ ဓလေ့ထုံးတမ်းအရ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းပြီး ကုသိုလ်ပြုကြလေ့ရှိပေသည်။ ကောင်းမှုကုသိုလ်တစ်ရပ် အဖြစ် နှစ်စဉ်နေ့တိုင်း ပြုလုပ်ကြပေသည်။
သစ်ပင်ပန်းမန်များကလည်း အလွန်ပူပြင်းလွန်း၍ ညှိုးနွမ်းခြောက်သွေ့နေကြပါသည်။ ကဆုန်လဟူသည် "တစ်ခူးရေကုန် ကဆုန်ရေခမ်း" လို့ ဆိုစမှတ်ပြုသည့်အတိုင်း အပူပြင်းဆုံး လတစ်လလည်း ဖြစ်ပေသည်။ ဤလသည် မြတ်စွာဘုရား၏ ဖွားဖက်တော် ဗောဓိညောင်ပင် ရှင်သန်စိမ်းစိုနေဖို့ရာ ညောင်ရေသွန်းပွဲတော် ပြုလုပ်ကြပါသည်။တစ်နိုင်ငံလုံးရှိ လူအများ ရေအိုးကိုယ်စီဖြင့် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ အလှူဒါန မျိုးစုံလည်း ပြုလုပ်ကြပါသေးသည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အဓိကနေ့ကောင်းနေ့မြတ်လေးတစ်ရက်ဖြစ်ပေသည်။ ဘုရားမွေးနေ့သည်လည်း ကဆုန်လပြည့်နေ့၊ ပရိတ်နိဗ္ဗာန်စံသော နေ့ကလည်း ကဆုန်လပြည့်နေ့ဖြစ်ပေရာ ထို့နေ့ကို ရက်ကောင်းရက်မြတ်နေ့တစ်ရက်ဟူ၍ မြန်မာလူမျိုးက သတ်မှတ်ထားကြပေသည်........
ထို့ပြင် ဘုရားသို့ ညောင်ရေသွန်းလာကြသော သူများကို စတုဒီတာ များဖြင့်လည်း ကျွေးမွေးကြသည်။ အလွန်ပင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြသော နေ့လေးတစ်နေ့ဖြစ်သောကြောင့် လူအများ ကိုယ်စီအသီးသီး ကုသိုလ်ယူကြပေသည်။ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းရင် ကုသိုလ်ယူကြပါလို့ တိုက်တွန်းလိုက်ပါသည်။