Steemit မိသားစုများ အားလုံး မင်္ဂလာပါခင်မျာ
ကျွန်တော့်ဘဝမှာ တွေ့နေရသည့် အတွေ့ကြုံလေးတွေကို ပြန်လည်ဝေမျှချင်ပါတယ်....လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အလုပ်သမား ၀န်ထမ်းအမျိုးမျိုးလည်း ရှိကြပေသည်။ ကောင်းမွန်သော အလုပ်ကြိုးစားသော ၀န်ထမ်းရှိသလို ရေသာခို အချောင်နေတတ်သော ၀န်ထမ်းများလည်း ရှိကြပေသည်။ ကောင်းမွန်ကြိုးစားသော ဝန်ထမ်းများသည် အလုပ်ကြိုးစားသောကြောင့် ထိုက်သင့်သော နေရာများ၌ အသီသီနေရာရတတ်ကြသည်။ ထိုသို့ရကြသည်မှာ သူတို့၏ ကြိုးစားမှု လုံ့လ၀ရိယရှိမှုကြောင့်ဖြစ်သည်။ ထိုသို့သော ၀န်ထမ်းများကို လေ့လာအတုယူသင့်သည်......
ဝန်ထမ်း ( ၄ ) မျိုး
၁။ တာဝန်ရှောင် ဝန်ထမ်း
လူရှေ့မှာ လုပ်တတ်ပြီး
လူကွယ်လျှင် မလုပ်ပဲ နေထိုင်တတ်ပြီး
လုပ်တတ်ကိုင်တတ်ဖြစ်အောင် လေ့လာမှု မရှိသည့်
လူမျိုးများ ဖြစ်သည်။
၂။ တာဝန်ကျေ ၀န်ထမ်း
ပေးထားတဲ့ တာဝန်ဘဲလုပ်တယ်
အပိုဘာမှ မလုပ်ဘူး။
ပြီးရင် နေထိုင်တတ်သည့် သူမျိုးးများ ဖြစ်သည်။
၃။ တာဝန်သိ ၀န်ထမ်း
တာဝန်လည်း ကျေတယ်
လုပ်တတ်တယ်လို့ ထင်တာကို စေတနာပါပါနဲ့ လုပ်
တတ်ပြီး...
တတ်အောင်သိအောင် လေ့လာတတ်သည့် သူမျိုး
များ ဖြစ်သည်။
၎။ ခေါင်းဆောင်စိတ်ဝန်ထမ်း
ဝန်ထမ်းအချင်းချင်းကိုလည်း
လုပ်တတ်အောင် လက်တွဲခေါ်တယ်...
အရာအားလုံး ကိုလည်း သိအောင်တတ်အောင် လေ့
လာတယ်....
ပျက်စီးယိုယွင်းမှု မရှိအောင် စိုးရိမ်ကြောင့်ကြ လုံးလထားပီး မိမိစီးပွားကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်တတ်သည့် သူမျိုးများ ဖြစ်ကြပေသည်......
ဤအချက်များထဲမှ မိမိတို့ကိုယ်တိုင် မည်သည့်ဝန်ထမ်းဖြစ်နေသည်ကို ခွဲခြားသိထားရမည်။ ပြီးပြည့်စုံသော ၀န်ထမ်းသည်ကား မရှိပေ.... အကောင်းဆုံးဝန်ထမ်းကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားကြရမည်။ အောင်မြင်သော ၀န်ထမ်းကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆန္ဒပြုလျက်.......
Written by Pyae Sone Aung
MSC - 023