ဟိုဟာလေးလုပ်မယ်ဆိုလဲ စာမေးပွဲနဲ့
ဒီဟာလေးလုပ်မယ်ဆိုလဲ စာမေးပွဲနဲ့
ဟိုစိတ်တို ဒီစိတ်တိုလဲ စာမေးပွဲနဲ့
ဒီစာမေးပွဲကြီးကို အကြောင်းပြပြီး လုပ်ချင်တာမလုပ်ရတော့ အံကြိတ်ပြီးနေရလွန်းလို့  သွားတွေကိုက်ပြီလေ
သွားတွေကိုက်တော့ မစားနိုင်
မစားနိုင်တော့ စိတ်တိုရတာပေါ့
စိတ်တိုလာပြန်တော့ အံကြိတ်ရတဲ့အကြောင်းကိုပြန်တွေးမိတော့
ဒီစာမေးပွဲကြီးကြောင့် အောင့်အီးသီးခံ နေရတယ်ဆိုပြီး တယောက်ထဲ ချာလပတ်လည်နေတော့တာပေါ့
အစားတလိုင်းလဲ မဟုတ်တော့ပါ
အဖီးတလိုင်းလဲ မဟုတ်တော့ပါ
လက်ရှိအခြေအနေကတော့ B Pyae ဟာ အခီးတလိုင်းဖြစ်နေရပါတယ်
စာမေးပွဲပြီးရန် ၄ ရက်သာလိုပါတော့သည်
ဒန် ဒန့် ဒန် ……
MSC 021