buildawhale တို့ 
minnowbooster တို့ 
steemvoter တို့  အိုစုံလို့  စိုလို့  good-kame ဆိုတာတောင် ပါလိုက်သေး ဟဟ
booster account အတုဒေဖွင့်ပြီး ကြံဖန်နေကြတာလေ Steemit လောကကြီးမှာ ကျင်လည်ကျက်စားနေကြများ ပြောပါတယ်
ကိုယ့်ကိုယ်ကို အလည်လုပ် အဟုတ်ထင်နေကြတာပေါ့
ကျန်တဲ့သူတွေကို ငအ ငတုန်းတွေလိုထင်ပြီး ဝုန်းချင်တိုင်း ဝုန်းနေလိုက်ကြတာများ
ကိုယ့်ဝမ်းစာအတွက် ကိုယ်ရှာလို့ ဘဲဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် သူများက စာရေးပြီးကြိုးစားငွေရှာထားရတာ ကိုယ်ချင်းမစာ လိမ်ဘို့ ကြံရဲတယ်
steemit acc ရဲ့ wallet history က အလကားပါလာတာမဟုတ်ပါ ဖျက်လို့ လဲမရ
ကိုယ်ဘာလုပ်လုပ် သူဘာလုပ်လုပ် ဘွင်းကနဲ ထင်းကနဲပေါ်နေတာပါ
အကွက်တွေကတော့ လှပါတယ်
ဒါပေမယ့် ပွေးကွက် ညှင်းကွက်တွေဆိုရင်တော့ ကူးစက်နိုင်လို့  ကာကွယ်သင့် ကာကွယ်ရမှာဘဲ
ခင်များတို့  အဲ့ဒီလိုလိမ်လိုက်လို့  သိန်းပေါင်းထောင်ချီရသွားရင် တမျိုးပါ ခုတော့ ဘာမဟုတ်တဲ့ သောင်းငွေလေးတွေနဲ့ အံ့ရော အံ့ရော
သူတပါးက တခြားနိုင်ငံမှာနေပြီး ကိုယ့်မြန်မာကို တတ်နိုင်သလောက် အကျိုးပြုနေချိန်မှာ ကိုယ်ဟာ အခွင့်ကောင်းယူပြီး ကိုယ့်မြန်မာတွေရဲ့ပျော့ကွက်ကိုရှာကြံပြီး ကိုယ်ကျိုးအတွက် မတရားလုပ်ခြင်းကို လုပ်နေမယ်ဆိုရင် ကိုယ်ဟာ ဘယ်အဆင့်ဆိုတာကို ပြနေသလိုဖြစ်နေပါမယ် ။
ထိုစဉ် …… myanmar steemit comunnity အိမ်မက်ကြီးမက်နေရာမှ ကျမလန့် နိုးလာခဲ့သည် ။
ဘုရား ဘုရား တကယ်များဖြစ်နေပြီလားမသိ ။ MSC မိသားစုကြီး ဘေးရပ်ခပ်သိမ်းကင်းငြိမ်းကြပါစေ ……
စပ်စုလိုက်အုံးမှပါလေ ………
photo credit # facebook
MSC 021
2:02 pm Wed 21 March 2018