ကြေကွဲရပါတယ် နှောင်း ……
နှောင်း လက်ခံမှရ
နှောင်း ပေးသလောက် ပါစင့်နဲ့
နှောင်း ဘုတ်မှမြတ်မယ့် ဘဝမှန်းသိရက်နဲ့
နှောင်းထည့်ရက်တယ် blacklist ထဲ
ဒါတင်မကျေနပ်လို့  အသေသတ်မယ်လား နှောင်း ……
discord ကနေ burn ရက်တယ် နှောင်း
နှောင်း ထားရာနေ
နှောင်း စေရာသွား
နှောင်း ကလွဲ ဖွဲဇကွဲထင်ပြီး
နှောင်း မှ နှောင်း ဖြစ်နေတဲ့ ကိုယ့်ကို
ရက်စက်လိုက်တာလား နှောင်း ……
နှောင်းကို မမြင်ရ ကိုယ့်အဖြစ်က
ဘယ်လိုမှ နေလို့ မရ
နှောင်းကို တွေ့နိုင်ဘို့အရေး ကြံဖန်တွေးရင်း
နှောင်းမသိအောင် တိတ်တိတ်လေးပုန်းလို့  ချောင်းကြည့်နေရုံကလွဲ ဘာများတတ်နိုင်မှာလဲ အဝေးတနေရာက ဆွေးနေရသူပါ နှောင်း ……
အမှတ်မရှိတဲ့ကိုယ့်အသဲ နှစ်ခါကွဲတာမဆန်းတော့ပါဘူး
အခုတခါလဲ နှောင်းရက်စက်တယ်
20$ ကို 34$ နဲ့လာဘုတ်လေတယ်
ကိုယ့်အတွက် အရှုံးတွေဆက်လို့ 
နောင်တတွေနဲ့ ရပ်တော့မယ်
နှောင်းကို ဘယ်တော့မှပတ်သက်တော့ဘူးကွယ် ……
photo credit # pixabay
MSC 021