ဟူးးး မွှေးလိုက်တာ ဟင်းနံ့လေးတွေ !
မိုးကအေးအေး စာကျက်နေရင်း ဘယ်အိမ်ကချက်တဲ့ဟင်းနံ့ရယ်မသိ ဗိုက်တွေဆာလာတယ်အနံ့ရလိုက်တာ ။ B Pyae ပြောသံကြားတော့ မမကြည်ချက်ထားတဲ့ဟင်းကမွှေးနေလို့ သူဝင်စားခဲ့တဲ့အကြောင်း မမသက်က ပြောပြတော့ ကိုယ့်အတွက် ပါဆယ်မထုတ်လာလို့  ရန်လုပ်ရသေးတာ ။
ဟန်မဆောင်နိုင်တော့ဘူး ဆာလာပြီ ။ မမကြည်ဆီသွားတောင်းမှအကြံရပြီး အိမ်ချင်းကပ်နေတော့ အမြန်ပြေးတော့တာပေါ့ ။ စားလို့ ကောင်းကောင်းနဲ့စားလိုက်တာ အိပ်ချင်လာတယ် ။ စာမကျက်သေးဘဲ ဖုန်းလေးကလိရင်း တမှေးလေးမှေးအုံးမှပါ ။ ညက ကိုဖြိုးဇော်ဦးတို့ စာကြည့်တိုက်က ငှားလာတဲ့ စာရေးဆရာမ Sandipoe ရဲ့ ထွေလီဆန်းပြားတဲ့တချို့မိန်းကလေးတွေအကြောင်းစာအုပ်ဖတ်ပြီး သီချင်းလေးနဲ့ညိမ့်လိုက်အုံးမယ်ကွယ် ။
ဖုန်းထဲက သီချင်းဖွင့်မယ်နှိပ်လိုက်တော့
ကြိုက်ရာရွေးပါ
*စိတ်နှလုံးအေးချမ်းရန် တရားထိုင်နည်း
*စိတ်တည်ငြိမ်အောင်နေနည်း ( ကျွန်တော်၏ အတွေးအမျှင်လေးများ )
*တရားထိုင်ကြည့်ကြပါစို့ 
*ကံကောင်းခြင်းအတွက် ရှင်းလင်းချက်
ဟင် ! ညက down တုန်းက သီချင်းတွေက ဘယ်နှယ့် တရားတွေပြောင်းကုန်တာပါလိမ့် ? အယ် ဟုတ်သား g3 က လင့်တွေနဲ့မှား down မိတာကိုး ။ မထူးပါဘူး စာမကျက်ခင် ၁၅မိနစ်တော့ တရားထိုင်လိုက်အုံးမှပါဆိုပြီး နားကြပ်လေးဘေးချပြီး တရားထိုင်လိုက်တော့တာပေါ့ ။
မျက်လုံးက ပေကလပ် ပေကလပ်ဖြစ်ပြီး ထိုင်နေကျမဟုတ်တော့ ဂနာမငြိမ်ဘူး ။ မျက်လုံးထဲ steem ဈေးထိုးကျတဲ့ အနီစာတန်းကြီးမြင်နေတာ ဒုက္ခပါဘဲ ။ ဘုန်းဘုန်း gunapera ဆီနည်းလေးသွားမေးမှဆိုပြီး သွားလိုက်တာ ကျောင်းမှာ ဘုန်းအမျိုးရိုးရာအစွဲနတ်ကိုးကွယ်တဲ့ကရင်အမျိုးတွေနဲ့ ငြင်းခုန်နေလို့  အသာလစ်ပြေးခဲ့ရတယ် ။
ဗိုက်ကပြန်ဆာလာတာနဲ့ ငှက်ပျောသီးတလုံးဝယ်စားပြီး အိမ်ပြန်လာခဲ့တော့တာ လမ်းမှာ g3က လူ၃ဦးက ကိုယ့်များပြောနေသလားထင်ရတယ် ။ တယောက်က R သုံး R ဆိုတာဘာလဲရှင်းပြနေတော့ ငှက်ပျောခွံအမှိုက်ကို စည်းကမ်းမရှိ ခုနလေးတင်လွှင့်ပစ်ခဲ့မိတာ သတိရလာတာပေါ့ ။
နောက်တဦးကလဲ ထပ်ရှင်းပြန်တယ် ဥပဒေအကြောင်းတွေ ။ ဘုရား ဘုရား ငါအမှိုက်လွှင့်ပစ်တာများ ဒဏ်ငွေဆောင်ရတော့မလားမသိ တွေးမိလာတယ် ။ တော်သေး ထို၃ဦးထဲက ကိုနန်းထိုက်က B Pyae မြင်ပြီး မင်္ဂလာပါလို့ နှုတ်ဆက်တော့ ကိုယ်လဲဘယ်ရမလဲလေ ကိုရီးယားသင်ခန်းစာ ၂၆ထဲကလို ကိုရီးယားလိုပြန်နှုတ်ဆက်လိုက်တာ စကားပြတ်သွားတယ် ။
အိမ်ပြန်တာဘဲကောင်းပါတယ်လေ ။ ဟာ! ရှေ့မှာ ချစ်ဆုံးလာနေပါလား ။ မဖြစ်ဘူး သူမမြင်ခင် ဟိုဘက်လမ်းကလှည့်ပြန်မှ တော်ကြာ မမဘုတ်ဘုတ်ဆိုပြီး လာပြောနေရင် ပြသာနာလေ ။
ပြောပြောဆိုဆိုနဲ့ လမ်းထဲကွေ့ဝင်လိုက်တာ My Photo ဆိုတဲ့ ကိုအေးဇော်ကြီးရုတ်တရက်မြင်လိုက်တာ သရဲမှတ်ပြီး ပြေးတော့တာပေါ့ ။ ဘယ်လိုအိမ်ရောက်လာတယ်မသိတော့ပါဘူးတော် မောလိုက်တာဟက် ! ။ စာမေးပွဲပြီးရန် ၂ရက်အလို အမှတ်တရပေါ့ ။
MSC 021