လူ၂ဦးနှင့် B ပြည့်အကြောင်း တစေ့တစောင်းလေးပြောချင်လို့ ပါရှင့် ။ သူတို့ ပြောတတ်ကြတဲ့စကားလေးတွေကို ချရေးပြပါမယ့် ။ B ပြည့်ကတော့ သူတို့ ဘာပြောပြော ဟုတ် တလုံးသာဖြေခဲ့လေသည် ။
" ငါက အားနာတတ်တယ် ။ သူများကိုငါပြောလိုက်လို့ စိတ်ဆင်းရဲသွားမှာ ငါမလိုလားဘူး သနားလဲသနားတတ်တော့ တေည်ရုံဆိုပြောမထွက်တော့ဘူး "
" ဟုတ် "
" ငါ ကြိတ်ခံစားလာကြာနေပြီ ။ ပေါက်ကွဲမိရင်မကောင်းဘူး ။ မပြောမိအောင် ဘီယာဆိုင်ဒီနေ့ တော့ သွားတော့မယ် "
" ဟုတ် "
" ငါက သောက်လို့ မူးလာရင် ပြောထွက်တဲ့စကားတွေက အမှန်တွေချည်း ။ မင်းတို့ တွေက သီးခံလေ ရောင့်တက်လေဆိုတော့ တွေ့ကြပြီပေါ့ကွာ ။ ငါအခု ဘီယာဆိုင်မှာသောက်နေပြီ ။ ပြန်လာလို့ ကတော့ မင်းတို့ နဲ့ငါ အတွေ့ဘဲ "
" ဟုတ် "
" ဟေ့ မင်းတို့ နဲ့ငါအပြတ်ပြောဘို့ ငါလာပြီ ။ အခု ဘီယာဆိုင်ကသောက်ပြီး ငါအိမ်ပြန်ရောက်ပြီ ။ မင်းတို့ တင်ခံစားတတ်တာထင်နေလား ? ငါအဆင်မပြေတာရော မင်းတို့ သိလား ?
ငါဘာဖြစ်နေလဲတခွန်းမမေးဘူး ငါမပြောဘဲနေလာတာကြာပြီ ဒီတခါမရတော့ဘူးကွ "
" ဟုတ် "
" ငါဘယ်လိုကောင်ဆိုတာ မင်းတို့ သိအောင်ပြောလိုက်မယ် ။ လာမပါတ်သက်ကြနဲ့ကွာ ထွက်သွာ ။ ဘယ်ကောင်မှဂရုမစိုက်ဖူး ငါ့မာနလာမထိနဲ့ ။ မင်းတို့လုပ်ရပ်တွေက အလိအညာတွေ "
" ဟုတ် "
" မနေ့ က ငါအတော်မူးသွားတယ် ။ ဘာတွေပြောမိမှန်းကိုမသိတော့တာ ။ ဘယ်လိုအိမ်ပြန်ရောက်လာမှန်းလဲမသိဘူး ။
ဟေ့ မင်းတို့ က ဘာဖြစ်နေတာလဲ စိတ်ဆိုးနေတာလား ? ငါတအားမူးနေပါဆို ငါ့ကိုစိတ်မဆိုးနဲ့ ။ ငါကမူးမှဖြစ်တာပါကွာ "
" ဟုတ် "
အဲ့လိုတွေရှိနေတော့လဲ ကိုယ်ကလဲခေါင်းညိမ့်နားထောင်ပြီး " ဟုတ် " တလုံးထဲ တွင်နေအောင်သုံးပြီး နားထောင်ပေးလိုက်တာပေါ့ ။ သူလဲကျေနပ် ကိုယ်လဲစိတ်မညစ် ဒေါသထွက်စရာတွေ မလိုတော့ဘူးလေ ။ တဦးနဲ့တဦးကလည်း အခင်အမင်မပျက်တော့ဘူး ။
ဘာပြောပြော B ပြည့်တို့ ကတော့ ဟုတ် …
ကွယ်ရာမှာတော့ သူတို့ အတင်းပြန်ကာတုတ်တယ် …
ဟုတ် ဟုတ် ဟုတ် ဟုတ် ဟုတ် …
အလကားစတာပါ ။ အတင်းတုတ်ပါဘူး ။ အ့လူတွေက တခြားလူတွေမှမဟုတ်တာ ။ တကယ်ထင်နေမှာစိုးလို့ ပါ ။ အဲ့လူ၂ဦးလုံးက Bပြည့်ချစ်တဲ့ မိသားစုလိုဖြစ်နေတော့ just a joke ရေးလိုက်တာပါ ။ ဘယ်သူတွေလို့ ထင်လဲဟင် ?