Steemit post လား ?
ဟုတ်ကဲ့ရှင့် ။Daily Post အတွက်တော့ ပေါ့ပေါ့ပါးပါးပါဘဲ ။ B Pyae ကတော့ သိပ်ထွေထွေထူးထူးစဉ်းစားရေစရာမလိုဘူးရှင့် ။ သို့ သော် လေးလေးနက်နက် အကြောင်းအရာနဲ့ ဗဟုသုတဖြစ်စေမယ့်စာကို B Pyae ရေးတတ်ဘို့  သင်ယူရပါအုံးမည် ။
အချက်လေးတွေစုဆောင်းပြီး ကိုယ့်ရဲ့ daily ဖြစ်စဉ်လေးတွေဘဲ ချရေးလိုက်ပါတယ် ။ MSC ရဲ့ Promotion ကလည်း တင်ရတာပျော်စရာကောင်းလာတော့ စာရေးချင်မိတဲ့စိတ်က အလိုလိုကို ရေးချင်နေမိတဲ့စိတ်ကလဲ ပါတာပေါ့နော် ။
တနေ့တပုဒ်ရေးတဲ့အပြင် B Pyae မှာ တခါတလေ ၂ပုဒ် ၃ပုဒ် ရေးမိတဲ့ရက်တွေကလည်းရှိပါတယ် ။ နောက်နေ့တွေအတွက် Note ထဲမှာရေးပြီး မှတ်ထားလိုက်တာပါ ။
ကိုယ်က စာရေးဆရာမဟုတ်တဲ့အတွက် စာရေးတာအဆင်ချောချင်မှ ချောမှာပါ ။ ဒါအတွက် B Pyae ကတော့စိတ်မပူပါဘူး ။ သူတတ်သူတွေက ပြောပြ ပြင်ပေးသွားလို့ ပါဘဲ ။
Steemit post ရဲ့ အဓိကကျတာက copy စာ လွတ်ကင်းအောင် ရေးတင်နိုင်ရန်ပါဘဲ ။ ပုံကို copy ယူသုံးချင် credit ပေးရင် အဆင်ပြေနေတာဆိုတော့ သူများပုံယူသုံးခဲ့ရင် credit ပေးလိုက်တာပေါ့ ။
မြန်မာစာသတ်ပုံမှန်အောင်ရေးနိုင်ရန်နဲ့ စာပိုဒ်လေးတွေဖြတ်တတ်အောင်တော့ B Pyae ကြိုးစားဆဲပါဘဲ ။ facebook မှာရေးသလို မပီစာနဲ့ရေးလာတာက အကျင့်ပါနေတော့ သတိထားရေးတဲ့ကြားက ပါနေတတ်တော့ အတော်လေးပြင်ရအုံးမယ်လေ ။
ခုဆို MSC ထဲမှာက စာရေးဆရာ ကဗျာဆရာတွေရေးနေလားထင်မိအောင် အရမ်းတော်တဲ့ ရေးတတ်ကြတဲ့ အကိုအမတွေက အများကြီးရှိနေတော့ သူတို့ ကို မေးရင်း သူတို့ ရေးတာတွေကြည့်ရင်း B Pyae ပါလေးလေးနက်နက် ရေးတတ်အောင် ကြိုးစားရပါတော့မယ် ။
MSC မှ အကိုအမများအားလုံး မင်္ဂလာပါရှင် ။
B Pyae စာကို ဖတ်ပေး ဘုတ်ပေးလို့ လဲကျေးဇူးတင်ပါတယ် ။ လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် ။
MSC 021