ခွဲခွာရခြင်းဆိုတဲ့ အကြောင်းတရားအတော်များများကို ပြီးခဲ့သော ၅လအတွင်းမှာ ကျမရင်ဆိုင်ခဲ့ရသည်မှာ အကြိမ်ပေါင်းများစွာပါ ။
ကျမမွေးထားတဲ့ " ယု " ဆိုသောခွေးမလေး အဆိပ်မိပြီး သေဆုံးခဲ့ရာက အစပြုပြီး ခွဲခွာခြင်းဆိုတဲ့ဒုက္ခကို စတင်ကြုံခဲ့ရတာဟာ ကျမအတွက် စိတ်အထိခိုက်ဆုံး ခံစားခဲ့ရခြင်းတွေကို ဆက်တိုက်ကြုံလာခဲ့ရတယ် ။
ချစ်လျက်နဲ့ခွဲခွာရခြင်းတွေ
နာကျည်းပြီးခွဲခွာရခြင်းတွေ
မခွဲခွာချင်ဘဲ ခွဲခွာခဲ့ရခြင်းတွေစတဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့် ခွဲခွာခြင်းဆိုတဲ့အရာကို ကျမအတော်ခံစားဘူးခဲ့ရပြီးပါပြီ ။
မစားနိုင် မသောက်နိုင်ဖြစ်ပြီး အိပ်ယာထဲတခွေခွေလူးလိမ့်ပြီး ငိုကြွေးခဲ့ရတဲ့နေ့တွေဟာ ရက်ပေါင်းမနဲခဲ့ပါဘူး ။
နောက်ဆုံးမှာ ကျမတယောက်ထဲ ကျန်နေခဲ့ရတဲ့ ခွဲခွာခြင်းအမျိုးမျိုးရဲ့နောက်က အဖြေတခုကို ကျမလက်တွေ့သိလိုက်ရတဲ့အထိပါဘဲ ။
ပြန်စဉ်းစားကြည့်မိတော့ ပြီးခဲ့တဲ့ ၅လကမှ ခွဲခွာခြင်းကို ကျမကြုံလာခဲ့တာမဟုတ်ဖူးရှင့် ။ အမေနဲ့အမ ရုံးသွားဘဏ်သွားအလုပ်လုပ်ကြတယ် တနေကုန်ပေါ့ ။ ဒါဟာ သူတို့ ကျမကို ခနတာ ခွဲခွာသွားကြတာပါ ။ ဒီခွဲခွာခြင်းကို မခံစားရဘဲ မေ့လျော့နေခဲ့တာက ညနေပြန်လာမယ်ဆိုတဲ့ ကျမအသိစိတ်ကြောင့် ဘာမှမခံစားရခြင်းဆိုတာ တွေးမိလိုက်ပါတယ် ။အဆိပ်မိသွားတဲ့ ခွေးမလေး " ယု " အတွက်က ပြန်မလာနိုင်တော့ဘူးတာ စိတ်ကသိတဲ့အတွက် ပူဆွေးမှုတွေခံစားခဲ့ရခြင်းဆိုတာလဲ သိလိုက်ပါတယ် ။
စိတ်ဟာအဓိကကျတယ်လို့  ကျမစိတ်ဓာတ်တွေကျနေချိန်တုန်းကလည်း ဆင်ခြင်မိလို့  ရေးတင်ခဲ့ဘူးပါတယ် ။ အခုလည်း ကျမခွဲရမယ့် အကြောင်းတရားတခုကိုကြုံလာလို့  ပြန်စဉ်းစားမိရင်း ရေးဖြစ်ရပြန်ပြီ ။
ကျမအကောင်းဆုံးရလိုက်တဲ့အဖြေတခုက ခွဲခွာသွားရလို့ ပူဆွေးနေမယ့်အချိန်တွေကို မခွဲခွာခင်က အတူပျော်ခဲ့ဘူးတဲ့အကြောင်းတွေကို ပြန်စဉ်းစားပြီး ပြန်သတိရ ပြန်ကြည်နူးမယ် ။ နောက်ဆုံးပြန်မတွေ့ရတဲ့ခွဲခွာမှုမျိုးကိုတောင် ကျမမသိစိတ်ကနေ သူရှိနေတယ် သူပြန်လာတယ်ဆိုတဲ့စိတ်ကို ဖြည့်ပြီး စိတ်ကူးယဉ်ပျော်နေတော့မယ် ။
လက်တွေ့မကျတဲ့ စိတ်ကူးယဉ်ခြင်းတွေပါလာလို့  အရူးလို့ပြောခံရနိုင်ပေမယ့် ကျမ သိပ်မခံစားရတော့ ဖြေသာပါတယ် ။ ဝမ်းနည်းခြင်းတွေကိုလည်း ပျောက်စေပြီး မျက်လုံးကိုမှိတ် ကျမအတွေးတွေနဲ့ အိပ်စက်ကြည့်တာတော့ အတော်ဟုတ်နေခဲ့ပါပြီ
photo credit # pinterest
MSC 021