ကျောင်းပိတ်ရက်ဖြစ်သောကြောင့် B Pyae တို့ သူငယ်ချင်းတစု ဆုံကြရန် တဦးနှင့်တဦး ဖုန်းဆက်ကြပါတယ် ။ B Pyae အိမ်မှာဆုံကြတာများသောကြောင့် မာမီမရှိ၍ ပျင်းနေသော B Pyae က သူငယ်ချင်းများကို နှိုးဆော်ပါတော့တယ် ။
သူငယ်ချင်း၎ဦးထံ ဖုန်းဆက်ပြီး ခနအကြာမှာ တဦးရောက်လာပါတယ် ။ ကျန်သူုငယ်ချင်းများကိုစောင့်ရင်း B Pyae တို့ စကားပြောဖြစ်ကြပါတယ် ။
ဟိးုတပတ်က B Pyae တို့ သူငယ်ချင်းတစု ပြင်ဦးလွင်သွားတဲ့အကြောင်းကို ဖုန်းထဲက ရိုက်ခဲ့တဲ့ပုံတွေပြန်ကြည့်ရင်းနဲ့ သူ့အကြောင်းကို သူငယ်ချင်းက ပြောပြတိုင်ပါတယ် ။
သူပြောပြတာက သူ့ ချစ်သူနဲ့သူ အဆင်မပြေတာလေးတွေပေါ့ ။ သူ့ချစ်သူက
** အစစအရာရာသူ့ ကိုအလိုလိုက်ကြောင်း
** ဘာမဆို သီးခံအလျှော့ပေးကြောင်း
** အလွန်ချစ်တတ်ကြောင်းအစုံအလင်ပေါ့ ။
B Pyae နားထောင်နေရင်း သူ့ ကိုမေးလိုက်ပါတယ် ။ " ဒါဆိုဘာအဆင်မပြေတာလဲ ? ဒီလောက်ချစ်တတ်ပြီး အလိုလိုက်နေတာကို နင်ကိုကလွန်တာပေါ့အေ " ဆိုတော့ သူငယ်ချင်းက သူ့ချစ်သူအူတိုတတ်လို့ ဆိုပြီး ဖြေပါတယ် ။
" အမယ်လေး ဒါလေးများအေ ။ ချစ်လို့ အူတိုတာ တိုပါစေ ဘာဖြစ်လဲပေါ့ " B Pyae ပြန်ဖြေအပြီးမှာ သူငယ်ချင်းက ကြောင်တောင်တောင်ကြည့်နေပြီး " ငါတို့အကြောင်း နင်မသိဘဲဟာ ရမ်းပြောနေတယ် " လို့ ထပ်ပြောပါတယ် ။
B Pyae လည်း " ဟ! မသိလို့ ပေါ့ နင်ပြောတာနားထောင်းပြီး နင်တို့ အတွဲကို ဆုံးဖြတ်ကြည့်တာလေ " လို့ ပြန်ပြောလိုက်တာပေါ့ ။
သူငယ်ချင်းက " ငါမပြောချင်လို့  " တဲ့ ။
B Pyae နဲ့ အဲဒီမှာစတွေ့တော့ပါဘဲ ။ မပြောချင်တဲ့အရာဆို ပိုသိချင်တာလေ ။ မရဘူးပြောရမယ် ဇွတ်မေးတော့တာပေါ့ ။ သူကလဲ မပြောဘူးငြင်းပြီး အိုက်တင်ခံနေသေးတာ ။
ဒီလိုနဲ့သူပြောပြမယ်ပြင်နေတုန်းမှာ တခြားသူငယ်ချင်းတွေရောက်လာတော့ စကားပြတ်သွားခဲ့တာပေါ့ ။ ညမှဖုန်းဆက်ပြီး မရမကကို မေးရအုန်းမယ်ဟု B Pyae တွေးထားလိုက်ပြီး ရောက်လာတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာစားကြသောက်ကြ ပျော်ကြဘို့ အစီအစဉ် စလိုက်ပါတယ် ။
ဆက်ရန်ကို မနက်ဖြန်မှ ထပ်ရေးမယ်နော် ……
MSC မှ အကိုအမများအားလုံး မင်္ဂလာပါရှင် ။
MSC 021