MSC ရဲ့ တနှစ်ပြည့် gathering ကို ပုဂံမှာလုပ်တာနဲ့ပတ်သက်ပြီး အထူးပြောစရာမလိုတော့ပေမယ့် B Pyae ရဲ့ group 3 ကအကိုတွေနဲ့ မထင်မှတ်ဘဲ တွေ့ရတော့ ပျော်တာထက်ပိုတဲ့ အပျော်ကို ခံစားမိတာတော့ ပြောပါရစေ။
နောက်တခုက B Pyaeကို chat box က အမြဲမသိတာသင်ပြပေးနေတဲ့ အကိုမိုးဇော်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရတော့ B Pyae ပိုပျော်မိပါတယ် ။ သူက profile ပုံတွေတင်တာသာ နှုတ်ခမ်းမွှေးကြီးတကားကားနဲ့ အခုလိုမြင်လိုက်တော့ B Pyae အကို အတော်လန်းတာပါလားလို့  အံ့ဘြမိသွားတာပေါ့ ။ မုန့် ကျွေးဘို့ ပြင်ထားပါနော် ခ်ခ် ။
နောက်အကိုတယောက်ကတော့ g3 ရဲ့ SL ကြီးပါဘဲ ။ g3 မှာသူ့ ကိုအသားမဲလွန်းလို့  ဝိုင်းစပြီး နောက်နေကျပေမယ့် သူကလဲအပြင်မှာ အသားဖွေးနေတာကိုတွေ့မိလိုက်တာ B Pyae က စမိတာတောင်အားနာမိသေးတယ် ။
SL က B Pyae ကိုတွေ့တော့ " ဒီမယ် B Pyae ဓာတ်ပုံရိုက်ရင်ပေါ်အောင် အဖြူအကျီ င်္ဝတ်လာတယ်နော် " ပြန်စလိုက်သေးတာ ။ ကျန်တဲ့ g3 က အကိုများ ကိုရဲလင်းအပါအဝင်ဟာလည်း အကုန်အလန်းတေချည်းပါဘဲ ။ သေချာတာကတော့ B Pyae ရဲ့ g3 က အကိုတွေ အသားမဲမဲ မပါပါဘူးလိုစ့် ခ်ခ် ။ B Pyae ကတော့ B Pyae g3 က အကိုတွေကို အရင်ထက်ပိုပြီး ခင်သွားပါပြီရှင် ။ post တွေလဲ မလွတ်တမ်း ဘုတ်ပေးတော့မှာပါ အရမ်းခင်ဘို့ လဲကောင်းတာလေ ။
ဖိုတိုရိုက်သူ အကိုအား ခရစ်ဒစ်ပေးပါတယ် ။ ညီမလေးရိုက်ထားတဲ့ပုံက အမှောင်ကျနေတော့ ယူသုံးလိုက်တာ ခွင့်လွှတ်ပေးပါနော် ။
G3 ကိုချည်းပြောနေတယ်လို့ တော့ မထင်ပါနဲ့အူးနော် ။ B Pyae က တပုဒ်ချင်း ရေးပြသွားမှာဆိုတော့ နောက်ကျန်တဲ့အကိုတေလဲ ဘယ်လိုတွေခင်ဘို့ ကောင်းပြီး ဘယ်လိုတွေလန်းတယ်ဆိုတာလဲ ပြောပြအုံးမှာပါလေ ။
B Pyae ဒီပွဲကိုလာရတာဟာ မမြင်ဘူးတဲ့အကိုအမ ဦးလေးတွေကိုမြင်ရတော့ ပျော်လဲပျော်တယ် ကျေနပ်မိပါတယ်ရှင် ။
MSC 021