ဒီနေ့ မနက်ပိုင်း ၁၀နာရီကျော်က မန်းလေးမှာ ရုတ်တရက်မပြောမဆိုနဲ့ နာရီဝက်လောက် လေတွေတအားတိုက်ပြီး မိုးရွာချပါတယ်လို့ ထူးဆန်းနေမိတာ ။
ပိုပြီးထူးဆန်းတာက အဲ့လိုအချိန်မှာ လေကြမ်းလို့ လဲ မီးမပျက်ပါ ။ မိုးရွာလို့ လဲ မီးမပျက်ပါ ။ ပျက်နေကျ မပျက်တော့ ဆန်းတာပေါ့လေ ။
မီးကမပျက် မိုးကရွာတော့ B Pyae တို့  အိပ်ယာပေါ်မှောက်ပြီး စတီးမစ်ဖွင့် ဟိုဒီဖတ်နဲ့ ဇိမ်ယူလိုက်တာ အလန်းဇယားပေါ့ ။
ဒိထက်ပိုထူးဆန်းတာ စတီးမစ်ဖတ်ရင်း တွေ့ရတော့ အတော်လေးအံ့ဘြမိသွားတယ် ။ စတီးမစ်သုံးသူအများစုက bot သုံးပြီး အပိုရှာနေချိန်မှာ B Pyae က အမဖြစ်သူကို bot သုံးဘို့ တိုက်တွန်းဘူးပါတယ် ။
သူလက်မခံဘူးရှင့် ။ ပရိုက ဘုတ်တာကို အေးအေးယူပြီးစုမယ်တဲ့ ။ bot ရှုံးတယ် ဈေးကျတယ်ဘာညာနဲ့ B Pyae ညည်းနေတာကြားပြီး ဘော့ချင်ဘူး ငြင်းတာပါ ။
ဒီနေ့ မနက် သူ့ ပိုစ့်ကိုသတိထားမိတာက သူ bot သုံးထားတာကိုမြင်လိုက်တာပါဘဲ ။ ဟဲ ဟဲ သူလဲ ခုတော့ ဘော့ပြီပေါ့ ။ ဒါကြောင့် မန်းလေးမှာ မပြောမဆို မိုးနဲ့လေ ရုတ်တရက်ရွာတာဖြစ်မယ် ။
ဒေါ်သက်လျာတယောက် ဘာစိတ်ကူးတွေပေါက်ပြီး ဘော့သွားတယ်မသိ ထူးဆန်းလိုက်တာနော် ။ အမြင်ကျယ်လာတာဖြစ်မယ် ။ ဟိုတပတ်က မျက်မှန်ကြီးတာ ဝယ်တပ်လို့ ထင်ပါတယ် ။
နောက်တခုထူးဆန်းတာက ချစ်ဆုံးမရဲ့ပိုစ့်ပါ ။ သူဟင်းတွေချက်ပြီး ပိုစ့်တင်နေတယ် ။ သူချက်တာတွေထဲက မွန်ဟင်းကို လာကျွေးပေါ့ ။ ပလပ်ပလပ် 😋😋😋 မမ ဘဘ ဥဥနဲ့ အကုန်လိုက်ကျွေးနေလို့  B Pyae လဲ ပလပ် ပလပ် လုပ်ပြီး စားလိုက်တာ ဗိုက်လဲကားသွားတယ် ။
ဒီနေ့ မနက် g3 ကလူ၂ယောက် ထူးဆန်းနေတဲ့ဖြစ်ရပ်ကြောင့် မိုးရွာလဲမီးမပျက်ဘဲ လေတိုက်လဲမီးမပျက်တာ ဖြစ်မယ်ရှင့် ။ နေ့တိုင်းပို့ စ်တင်ပြီး ချက်ကြ bot ကြပါလို့  တိုက်တွန်းပါတယ်နော် ပလပ် ပလပ် ။
MSC 021