ကျင်လည်ရာလောကမှာ သင့်တင့်လျောက်ပတ်စွာ နေထိုင်ခြင်းဟာ အကောင်းဆုံးပါဘဲ မိမိပတ်ဝန်းကျင်ရဲ့ ကောင်းခြင်းများကြောင့် မိမိလဲပြောင်းလဲရတာ မဆန်းပေမယ့် မိမိပတ်ဝန်းကျင်က နေထိုင်ပုံအကျင့်စရိုက် နှင့် စားဝတ်နေရေးအလုပ်အကိုင်များကအစ မကောင်းခဲ့လျှင်တော့ မိမိအတွက် အများကြီးစဉ်းစားဘို့  လိုအပ်ပါတယ်
မကောင်းတဲ့ပတ်ဝန်းကျင်ကို ကျောခိုင်းစွန့် ခွာမလား သို့ မဟုတ် သူတို့ လို အလိုက်သင့် ပြောင်းလဲနိုင်မလားဆိုတာပါဘဲ
စရိုက်အကျင့်မတူတဲ့ လူအချင်းချင်း ပေါင်းသင်းဆက်ဆံလို့မရသလို စရိုက်မတူတဲ့ ပတ်ဝန်းကျင်မှာလည်း နေထိုင်လို့ မဖြစ်နိုင်ပါဘူး ဘယ်သူမကောင်းမှုပြုလုပ်ပါစေ မိမိမလုပ်ဘို့ သာလိုအပ်တယ်ဆိုပေမယ့် စရိုက်ဆိုး အကျင့်ဆိုးများဖြင့် နေထိုင်စားသောက်လုပ်ကိုင်နေကြတဲ့ ပတ်ဝန်းကျင်မှာ မိမိတည်းခွဲထွက်နေထိုင်ဘို့ ကျ အန္တရယ်များကြုံတွေ့ရတတ်ပါတယ် နေထိုင်လို့ ရပေမယ့် မနေသင့်တဲ့နေရာမျိုးပေါ့
ခိုးဆိုးလုယက် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ အများစုနေတဲ့ နေရာတခုရဲ့ပတ်ဝန်းကျင်မှာ ရဲဝန်းထမ်းမိသားစု အခြေချနေထိုင်လို့  ဖြစ်ပါ့မလား တကယ်နေထိုင်ရန် မပြောနဲ့ တွေးကြည့်တာနဲ့တင် သိမှာပါ
လုံးဝမသင့်တော်တဲ့ မနေအပ်တဲ့ မိမိနဲ့မကိုက်ညီတဲ့ ပတ်ဝန်းကျင်တခုပါ
မန်းလေးမြို့မှာက လက်ရှိအနေအထား တစ်ခုကို ဦးစွာနမူနာပြောပြပါ့မယ်
မန်းလေးမြို့ရဲ့ မြို့သစ်တခုဖြစ်တဲ့ အရှေ့မြို့သစ်လို့ လဲခေါ်ကြတဲ့ သင်ပန်းကုန်းဆိုတဲ့ ရပ်ကွက်တစ်ခုရှိပါတယ် သင်ပန်းကုန်းလို့ ခေါ်လိုက်တာနဲ့ မူးယစ်ဆေးဝါးရောင်းချတဲ့နေရာလို့  မန်းလေးမြို့မှာနေခဲ့ဘူးသူနှင့် လက်ရှိနေထိုင်သူများအားလုံး တွဲပြီးသိကြတဲ့နေရာ ရပ်ကွက်တစ်ခုပါ အဲ့ဒီရပ်ကွက်မှာက သူခိုး ဓားမြ အကျင့်ပျက်သူများ အခြေချနေထိုင်ကြပြီး ပက်ဆံရှိသူဌေးများ ကားအမျိုးမျိုး ဆိုင်ကယ်အမျိုးမျိုးဖြင့် ခေတ္တ အလည်လာတတ်ကြပါတယ် အိမ်တိုင်းလိုလို မူးယစ်ဆေးဝါးကို ရောင်းတာမဟုတ်ပေမယ့် အိမ်တိုင်းနီးပါးကတော့ ဆက်စပ်ပတ်သက်နေပါတယ် မူးယစ်ဆေးသုံးစွဲရန် ငွေမလုံလောက်ကြတော့ ခိုးကြလုကြပါတယ် ခိုးလာလုလာသောပစ္စည်းများကို သင်ပန်းကုန်းရပ်ကွက်ထဲယူလာပြီး စောစောက ကျမပြောပြထားတဲ့ မူးယစ်ဆေးမရောင်းချကြပေမယ့် ပတ်သက်ဆက်နွယ်တဲ့အိမ်များဆီမှာ သူခိုးပစ္စည်းများကို ဈေးပေါပေါဖြင့်ရောင်းချကြပါတယ်
ရောင်းပြီးတဲ့ငွေနဲ့ မူးယစ်ဆေးကိုဝယ်သုံးပြီး လတ်တလောရဲရှောင်သည့်အနေဖြင့် ညအိပ်ကြပါတယ် အဲ့ဒီလို မူးယစ်ဆေးရောင်းချတဲ့အိမ်များကလည်း ပေါ့ပေါ့တန်တန် မဟုတ်ကြပါဘူး ငှက်ကြီးတောင်ဓားများ ဂျပန်ကင်တိုဓားများ စသည့် ပုံစံအမျိုးမျိုးသောဓားများကိုကိုင်လွယ်ထားတဲ့ လူမိုက်ကြီးမျာက အိမ်အစောင့်အဖြစ် တမျိုး မူးယစ်ဆေးလာဝယ်သောသူများ တခါထဲသုံးစွဲသောသူများအား မရမ်းကားအောင်တမျိုး အာဏာအပြည့်ဖြင့် ထိန်းသိမ်းစောင့်ကြပ်ကြတာပါ
photo#credit မူးယစ်တိုက်ဖျက်ရေး group
နေ့လည်ပိုင်းအချိန်မှစ၍ ညနေပိုင်း၅နာရီဟာ သင်ပန်းကုန်းရပ်ကွက်ကြီးရဲ့ အစည်ကားဆုံးအချိန်ဟုဆိုလျှင် မမှားပါဘူး ဈေးရောင်းချသူများကလည်း အရောင်းရဆုံးအချိန်ပေါ့ ညပိုင်းအချိန်များမှာတော့ တိတ်ဆိတ်တတ်ပါတယ်
ဒါကြောင့် ဒီလိုဒုစရိုက်ပေါများတဲ့နေရာမျိုးတွေမှာ သူငယ်ချင်းတို့ အနေဖြင့် နေသင့်ပါလား မနေသင့်ပါလား ခနလေးဖြစ်ဖြစ် ကိုယ်တိုင်စဉ်းစားကြည့်ကြပါလားရှင် မဖြစ်မနေ နေထိုင်ရခဲ့ရင်ရော အန္တရယ်ရှိမရှိ ခနတွေးကြည့်ကြပါ
ဒုတိယပိုင်းကိုလည်း ဆက်လက်ဖတ်ရှု့ပေးကြပါအုံးလို့ ပြောပါရစေ