စတီးမစ်ရွာက ငွေအလွယ်ရနည်းကို သွားစုံစမ်းပြီးနောက် စတီးမစ်ရွာ MSC အဖွဲ့အစည်းရဲ့ အုပ်ချုပ်သူတွေအကြောင်း ကျမကြုံခဲ့ရတာလေးကို ပြောပြရအုံးမယ် ။ အတင်းတုတ်တာတော့မဟုတ်ပါဘူးနော် ။ ကွယ်ရာပြော အတင်းလို့ ဆိုထားတဲ့စာကလဲရှိပြန်တော့ အတင်းတုတ်သလိုဖြစ်ခဲ့ရင်လည်း ကြိုတောင်းပန်ပါရစေရှင့် ။
MSC ရဲ့စည်းကမ်းချက်တွေကို လိုက်နာပါ့မယ်လို့  ကျမလဲသူများနည်းတူ ကတိပေးပြီး MSC ကပေးတဲ့ ပရိုမိုးရှင်းအကူအညီကိုရဘို့  ကိုယ်ပိုင်ဆောင်းပါးတွေနဲ့တခြားကျမသိသမျှတွေကို ရေးတင်တော့တာပါ ။
ကျမပရိုမိုးရှင်းအကူအညီယူစဉ်က MSC က ဆောင်းပါးတပုဒ်ကို စာပိုဒ်၂၀၀ ရှိမှပါ ။ တခါတလေကျ ကျမရေးချင်တဲ့အကြောင်းအရာက ဆုံးနေပေမယ့် စာပိုဒ်၂၀၀က မပြည့်လောက်ဖူးထင်တာဘဲ ။ တိုနေသလို သတိထားမိတာပေါ့ ။ တခါတလေကျလဲ စာကရှည်တယ်ထင်မိတော့ ကျမထပ်မဖြည့်ခဲ့မိဘဲ ပရိုမိုးရှင်းတင်ခဲ့တာပေါ့ ။
အမလေး မပြည့်တာလဲသိတာဘဲ စစ်တဲ့MSCက အဖွဲ့ဝင် admin တွေတော်ချက်က ကျမ အမြင်ပါကပ်တယ် ခိခိ ။ အဆိုးဆုံးက admin ဆိုတဲ့ အံ့ကျော်လိုလူကြမ်းကြီးပါဘဲ ။ နဲနဲလေးလိုလဲမရဘူး အတင်းအော်ပြီးဖြည့် ရေးခိုင်းတော့တာ ။ လိုချင်တော့လဲ ကျမရေးဖြည့်ခဲ့ရပါတယ်လေ ။
ဒီကြားထဲ နောက်ထပ် admin တဦးကလည်းရှိပါသေးတယ် ။ သူ့ နာမည်က ဆိုတဲ့ ဘဘကြီးပါ ။ ကျမဘယ်ရေးရေးလေ အဲ့ဘဘကြီးက စိတ်တိုင်းမကျဘူးရှင့် ။ ကျမစာလုံးတွေကျန်နေရင် သတ်ပုံတွေမှားနေရင် ဘဘကြီးဖြစ်သလောက် မျက်စိမမှုန်ဘူး သူအကုန်မြင်ပြီး ထောက်ပြပြီး comment ရေးသွားတော့တာ ။
ကျမလဲ အဲ့ဒီဘဘကြီး အမှားမရှာနိုင်အောင်ဆိုပြီး ဆောင်းပါးကို ကိုယ့်ဘာသာထွင်မရေးဘဲ မြန်မာ့သမိုင်းကြောင်းတွေကိုဖတ်ပြီး အလွတ်သဘောနဲ့ဖတ်ခဲ့ရသမျှ ဗဟုသုတအနေနဲ့ ပြန်ချရေးပစ်တာပေါ့ ။ ကျမထင်တာက ဘဘကြီး ဒီတခါတော့ ဝင်မထောက်နိုင်လောက်ဖူးပေါ့ ။ တင်ပြီးမကြာပါဘူး ဘဘကြီးဗြုန်းဆိုရောက်လာပြီး ကျမချန်ထားခဲ့တဲ့စာတွေကို ဝင်မန့် သွားတယ် ။ ကျမဘယ်အကြောင်းရေးရေး သိနိုင်လွန်းသူ စွယ်စုံဘဘကြီးလို့  သူမသိအောင် ကျမ အမည်ပေးပစ်တာပေါ့ ဘယ်ရမလဲ ခ်ခ် ။
ကျမစိတ်ထဲတင် ပြောမိတာက MSC က အုပ်ချုပ်ရေးမှူးက ဆိုးမယ်ထင်တာ အံ့ကျော်နဲ့စွယ်စုံဘဘကြီးက ပိုဆိုးနေတယ်လို့ ပေါ့ ။ ဒါပေမယ့် အဲ့တာတွေဟာ ကိုယ့်အတွက် စေတနာနဲ့ အမုန်းခံပြီး လမ်းညွှန်သင်ပြ အကြံပေးတယ်ဆိုတာ သိသာပါတယ် ။
ကျမခုရေးတဲ့စာဟာ ကျမအတွေ့အကြုံကိုပြောပြတာနော် ။ သွားမတိုင်ကြနဲ့တော့ ။ ကုန်းချောတဲ့သူ B ပြည့်ရန်သူဘဲ ကြိုပြောထားတာနော် ။
ဆက်ရန်ကျန်သေးသည် ………
MSC 021