B Pyae အတွက် အဆင်မပြေတဲ့နေ့ရက်တွေက တနေ့ထက် တနေ့ ပိုပိုဆိုးလာခဲ့သလို ဖြစ်လာခဲ့ပါတယ် ။ ဒီလိုဖြစ်တိုင်း ကြိတ်မှိတ်နေလာခဲ့ရတာတွေကို ဖွင့်ပြောမိတဲ့ သူငယ်ချင်းတယောက်ကို အရမ်းသတိရမိပါရဲ့ ။
အခုတော့ သူမရှိ ။ B Pyae အဆင်ပြေနေတိုင်း သူပျောက်သွားတတ်ပြီး B Pyae အဆင်မပြေလို့  steemit post တင်တိုင်း သူရောက်လာတတ်တာကလည်း အဆန်းသား ။
ဒါကြောင့် B Pyae အဆင်မပြေတာ ဘာတွေဆိုတာကို အရင်တင်မနေတော့ဘဲ သူ့ ကို သတိရနေကြောင်းလေး ရေးတင်ပြီး သူလာမလား ? သူသိမသိ B Pyae သိချင်နေလို့  အခုလိုရေးတင်လိုက်ပါပြီ ။
ကောင်ကလေးရေ ……
ငါ့မှာ အဆင်မပြေတာတွေများလေလေ နင့်ကိုသတိရလေလေပါဘဲ ။
အရင်အချိန်တွေတုန်းကဆို ငါအဆင်မပြေတိုင်း နင်ရောက်လာတတ်လွန်းလို့  ငါ့ကိုယ်စောင့်နတ်ကိုတောင် ကျေးဇူးတင်မိတာ ။
နင်နဲ့ငါ သူငယ်ချင်းအစစ်ဖြစ်သလို ကိုယ်စောင့်နတ်တွေလည်း တို့ လို ရင်းနှီးဆက်သွယ်နေကြတယ်ထင်ပါ့ ။
" နာလေ နိရှိတဲ့အရပ်ကို ကျောမခိုင်းချင်တာ အမှန်ပဲ " လို့  မင်းအဲ့ဒီလိုပြောလိုက်တော့ မင်းတယောက်ထဲ အဆင်ပြေနိုင်ပါ့မလားရယ်လို့  ငါ့အတွေးတွေကလည်း ချာချာလည်ပါဘဲ ……
" မင်းဟာ ငါ့ရဲ့မက်ဆင်ဂျာသရဲမလေးပါ " ဒီစာလေးဖတ်ရတော့ ငါ့ရင်ထဲမှာဟာတာတာနဲ့ ဘယ်သူလွမ်းလို့  လွမ်းနေလဲ သေချာမသိခဲ့ ……
ငါပုဂံကိုသွားမယ့်ရက်က နင့်မက်ဆင်ဂျာ ဖွင့်မဖတ်ခဲ့မိတာ sorry ပါ ။ ကစ္စပ္ပနဒီမြစ်ကမ်းမှာ ဆည်းဆာချိန် တူတူငေးချင်တယ်လို့  ပြီးခဲ့တဲ့ august 1ရက်နေ့က မင်းပြောခဲ့သေးတယ်လေ ……
ပုဂံမှာ ငါအရမ်းပျော်နေခဲ့တော့ နင့်ကို ငါ သတိမရခဲ့တာ အမှန်ပါဘဲ ။ သူငယ်ချင်းဆိုတာ ဒုက္ခဖြစ်နေတုန်း အရမ်းသတိရတဲ့ ရင်ဖွင့်စရာဌာနတခုမှတ်နေလား နင်ဒီလိုပြောချင်လဲပြောပါတော့ ။
photo credit # pinterest
ငါအခု နင့်ကို သတိရပြီး ငါ့အကြောင်းတွေ ရင်ဖွင့်ချင်နေပြီကွာ ။
MSC 021