စိတ်ကူးယဉ်ခြင်းဟာ လက်တွေ့မဖြစ်လာသော်ငြားလည်း
ဖြစ်လာနိုင်အောင် ကြိုးစားရမှာက ကိုယ့်တာဝန်ဖြစ်ပါတယ်
မကြိုးစားဘဲ မည်သည့်အရာမှ အလွယ်တကူမရနိုင်ပါ
အကယ်၍ ရလာခဲ့မယ်ဆိုရင်လည်း ရည်ရှည်တည်တံ့နိုင်ဘို့ 
ကိုယ်တိုင်ထိန်းသိမ်းမှသာ မပျောက်ပျက်သွားနိုင်တာမျိုးပါ
မိမိကိုယ်တိုင်ကြိုးစားရယူထားခဲ့သော ပစ္စည်းတခု သို့ မဟုတ် အခြားအရာတခုခုအား လွယ်လင့်တကူ မည်သူမျှ မပေးတန်ရာ မပျက်စီးစေချင်ကြပါ
အလွယ် အလကားရထားတာမျိုးမဟုတ်တဲ့အတွက် တန်ဘိုးရှိခြင်း မရှိခြင်းက အဓိကမကျပါ ။ အကျိုးမဲ့စွာ ပေးကမ်းဖြုန်းတီးခြင်းမျိုးကိုလည်း မလုပ်နိုင်သောစိတ်ရှိကြလေသည် ။
ကိုယ့်အတွက် အပိုဖြစ်နေလို့  တခြားအကျိုးရှိမယ့်သူလက်ထဲကိုသာ စွန့် ကြဲပေးကမ်းလိုစိတ်ရှိတာ သဘာဝပါ ။
အဘယ်ကြောင့်ဆိုသော် မိမိကြိုးစားရယူထားသောကြောင့်ဖြစ်သည် ။
photo credit # facebook
MSC 021