မင်္ဂလာပါရှင်. . .
ကျွန်မ၏ Steemit name လေးသည် @rattioo ဖြစ်ပါတယ်ရှင် ။ Steemit လုပ်ငန်းလေးထဲသို့ ယခုအချိန်မှ စတင်၍ ဝင်ရောက်လာသော New Member လေးဖြစ်သောကြောင့် ရှေ့ကလျောက်နှင့်ပြီးသော အစ်ကိုအစ်မတို့၏ အတွေ့အကြုံများနှင့်အတူ ကျွန်မအား လက်တွဲခေါ်ဆောင်သွားပါရန် ယခုမိတ်ဆက်စာလေးတွင် ပထမဦးစွာ ပြောဆိုပါရစေ ။
ကျွန်မ၏ မွေးရပ်ဇာတိလေးဖြစ်သော မကွေးတိုင်းဒေသကြီး နတ်မောက်မြို့လေးရဲ့ အနီးရှိ ကျေးရွာလေးတစ်ရွာတွင် 1989 ခုနှစ်တွင် မိဘများ၏ ကျေးဇူးတရားများဖြင့် သည်လူ့လောကလေး၏ အတွင်းသို့ ရောက်ရှိလာခဲ့သည်မှာ ယခုဆိုလျှင် ၂၉ နှစ်အရွယ်သို့ ရောက်ရှိလာပြီဖြစ်ပါသည် ။ ကျွန်မသည် စက်ချုပ်လုပ်ငန်းလေဖြင့် အသက်မွေးဝမ်းကြောင်းပြုလျှက် မိဘများအား ဘဝဝမ်းစာရေးအတွက် လုပ်ကိုင်ကြိုးစားလျှက်ရှိပါသည် ။
ကျွန်မသည် အားလပ်သည့် အချိန်အခါများတွင် စာဖတ်ခြင်း အိမ်မှုကိစ္စရပ်များဖြင့် အချိန်ကုန်တတ်ပါသည် ။ ဂီတဝါသနာပါခြင်း ၊ စာအုပ်ဖတ်ခြင်း ၊ ကဗျာဝတ္ထုတိုများရေးခြင်း ၊ Fashion ဒီဇိုင်းများကို လေ့လာခြင်း စသော ဝါသနာပါသော ကဏ္ဍရပ်များကို အချိန်ရလျှင်ရသောအခါများ၌ အချိန်ကို အကျိုးရှိစွာဖြင့် အကောင်းဆုံးအသုံချ၍ အသုံးပြုတတ်ပါသည် ။
ကျွန်မသည် ယခုအချိန်ထိ မိဘများ၏ အေးမြသော အရိပ်ကလေးအောက်တွင် အေးချမ်းစွာ ခိုလှုံလျက် ညီကိုမောင်နှမများနှင်အတူ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းနှင့် မိသားစု၏ အိမ်ကလေးသည် အေးချမ်းစွာဖြင့် သာယာလျှက်တည်ရှိနေပါသည် ။ ထို့အတူ အိမ်တွင်ချစ်စရာ အရောင်လေးများဖြင့် ကျွန်မအားတွေ့လျှင် အပြေးချွဲနွဲ့တတ်သော ကြောင်လေးနှစ်ကောင်အား ဂရုစိုက်၍ချစ်ရသည်မှာလည်း အချိန်ကိုအလုအယက်ပင် ဖြစ်ပါသည် ။
ကျွန်မသည် Online Money ရှာဖွေခြင်း ကဏ္ဍရပ်များကို ကျွန်မ၏သူငယ်ချင်းတစ်ဦးမှ လုပ်ရန်နှိုးဆော်ပေးသဖြင့် ကျွန်မလုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ် ။ ကျွန်မသည် စာပေရေးသားသော ကဏ္ဍရပ်များကို စိတ်ပါဝင်စားသဖြင့် ယခုလို Strrmit ကဏ္ဍများကို အကောင်းဆုံးလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ။ ထို့ကြောင့် ရှေ့မှကြိုတင်၍ လျောက်လှမ်းနေသော ဆရာဆရာမများအပါအဝင် ညီအစ်ကိုမောင်နှမများအားလုံးတို့သည် ကျွန်မ @rattioo အားလက်တွဲခေါ်ဆောင်သွားပေးပါလို့ သည်မိတ်ဆက်စာလေးနှင့်အတူ မေတ္တာရပ်ခံ ရေးသားလိုက်ရပါတယ်ရှင်. . .
Happy New Year 2018 တွင် အားလုံးပျော်ရွှင်ကြပါစေလို့ဆုတောင်းလျှက်. . .
MSC-206