ဘယ်လောက်ပိုက်ဆံရှိရှိ တစ်နေ့သေရမည်
လူရယ်လို့ ဖြစ်လာရင် မသေမျိုးဟူ၍မရှိ။ အကုန်သေမျိုးချည်းပင် ။ ပစ္စည်း ဥစ္စာဘယ်လောက်ပင် ရှိနေချမ်းသာနေ တစ်နေ့ထားခဲ့ရမည်သာ။ လူတစ်ချို့ ရှိသည်။ လုံးဝမရှိရာမှ နဲနဲလေးရှိလာရင် မာနလေးတက်လာတယ်။ ဒါထက်မကရှိလာရင် အောက်ခြေလုံးလုံး လွတ်ပြီး ဘဝပါမေ့သွားရော..မဖြစ်သင့်ဘူးနော်..အခုဘဲ့ ကိုယ့်နောက်ပါမဲ့ အရာတွေမျိး အစွဲအလမ်းအရမ်းမထားပါနဲ့။
အခုနေသေသွား ရင်ရထားတဲ့ပစ္စည်း ဥစ္စာတွေရော ရထားတဲ့ ဘွဲ့ဒီဂရီတွေ ဘာဖြစ်ဖြစ်အကုန်ထားခဲ့ရမည်သာ။ သေရမှာ ကြောက်တဲ့သူနဲ့ မကြောက်တဲ့သူ လူအမျိုးအစား ၂မျိုး၂စားရှိတယ်။ မိမိရဲ့တိုက်တာ အိုးအိမ် စည်းစိမ် ဂုဏ်ဒြပ် တွေကို မခွဲနိုင် မခွာရက်ဖြစ်ပြီး စွဲလမ်းနေတဲ့သူမျိုး နဲ့ အဲဒီ ကာမဂုဏ် စည်းစိမ်တွေ ကို မက်မောခြင်းကင်းတဲ့ လူမျိုးတွေပေါ့။
ကျနော်တို့က အသုဘအိမ်တွေသွားရင် ကြောက်ပြီးသေတာလား မဟုတ်ဘူးလား ဆိုတာခွဲခွဲ ခြားခြားသိနိုင်ပါတယ်.။ အကြောက်တရားကင်းတဲ့သူမျိုးတွေဟာ ယခုလက်ရှိဘ၀ကို တွယ်ကပ်ပြီးမနေတဲ့အတွက် သားစိတ်မယားစိတ်နဲ့မသေတဲ့အတွက် ပြုံးပြုံးသေရပြိး သေရမှာ စိုးရိမ်ထိတ်လန့်နေတဲ့ သူမျိုးတွေဟာ မဲ့သေသေကြပါတယ်။
အချိန်ဆိုတာ ခဏလေးပါ။ တစ်နေ့တစ်နေ့ မျက်လုံးပွင့်တာနဲ့ သွားတိုက် မျက်နာသစ် မနက်စာစား
ခဏလေး စကားပြောလိုက် ဟိုလုပ်ဒီလုပ်နဲ့ နေလည် ရောက်သွားပြန်ပြိ။ နေ့လည်စာ တစ်ခါစား ပြိးတော့ ထိုင်မယ် ထ မယ် ပွဲလေး ကြည့်လိုက်မယ် နဲ့ မှောင်ရီပျိုးချိန်ခါ တစ်ခါရောက်သွားပြန်ရော တစ်နေ့နေ့ အချိန် ကုန်မှန်မသိ ကုန်နေ ဖြုန်းနေကြတယ်။ နေ့လရက်တို့ ပြောင်းပြီး တစ်ဖြည်းဖြည်းနဲ့ ရှေ့သို့သာ သတိမရှိသလို သွားနေကြပါတယ်။
ဒါဟာ ဘာနဲ့တူ သလဲဆိုရင် လူတွေ အားလုံး တန်းစီ ပြီး ချောက်ကမ်းပါးအစွန်းကို သွားနေကြသလိုပါဘဲ့ ။ တစ်ယောက်ပြိးတစ်ယောက် တစ်ဖုတ်ဖုတ်နဲ့ ပြုတ်ကျနေကြတယ်။ တစ်ယောက်မှလည်း အေ၇ှ့ကိုမကြည့်ကြဘူးလေ။ အားလုံးဟာလည်း ဆေးမိထားတဲ့သူတွေ လိုမျိုး ဘဲ့တဏှာရဲ့ အစေအပါးတွေ ဖြစ်တဲ့ ဖျော်ဖြေရေး ပစ္စည်းတွေ ဥပမာ ဖုန်း ကွန်ပျူတာ မူးယစ်ဆေးဝါး လောင်းကစား အစရှိသည်ဖြင့် ကျနော်တို့ကို လူ့လောက မှာပျော်မွေ့လာအောင် နည်းအမျိုးမျိုးနဲ့ လှည့်စားဖြားယောင်းထားပါတယ်။အစားအသောက်ကြိုက်တဲ့ သူကို အစားအသောက်နဲ့ဆွယ်မယ်။
မိန်းမကြိုက်သူကိုမိန်းမ အဲလိုနဲ့သူထဲက မထွက် နိင်အောင်ပါဘဲ့။ ရခဲလှ တဲ့လူဘ၀မှာ ကျနော်တို့သာ ဒီဘ၀ မှာသာ မကြိုးစားခဲ့၇င် ဘယ်လိုဘ၀ မျိုးတွေနဲ့သံသရာ ၀ဲဂယက်မှာ လူခေါင်း ခွေးခေါင်း နွားခေါင်း ကျွဲခေါင်း စသည်ဖြင့် ဘယ်လို ခေါင်းအမျိုးမျိုး ပြောင်းပြိး လည်ကြရဦးမယ် ဆိုတာ မသိနိုင်ပါဘူး။ ကျနော်တို့ အခုလက်ရှိအချိန်မှာ တရားမရသေးရင် သေခါနီးအချိန်မှာ တရားရနိင်ဖို့ အခွင့်အရေးရှိတယ်။ ဒါကြောင့် သေခါနီး အချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်တယ်။
လူဆို တာ သေနည်း ပေါင်းစုံနဲ့သေနိုင်တယ်။ အ၇ွယ်ရောက် အသက်ကြီးမှ သေတဲ့လူ ရှိသလို ငယ်ငယ်လေးနဲ့ အ၇ွယ်မတိုင်ခင် သေတဲ့လူငယ်တွေလည်း တပုံကြိးဘဲ့။ဆေးရုံဆေးခန်း တွေမှာ ကုမရတဲ့ရောဂါ တွေနဲ့ မီးစာကုန်ဆီခမ်း သေမယ့်အချိန် စောင့်နေကြတဲ့သူတွေလည်း ၇ှိတယ်။ေ၇ှးတုန်းက စကားနဲ့ ပြောမယ် ဆို ရင် သေရာညောင်စောင်းမှာ လဲနေတယ်ပေါ့.။ အဲဒီ အချိန်ဟာ မရဏာသန္နဇော စောနေတဲ့အချိန်မှာ ကိုယ့်ကို လမ်းပြပေးနိင်မယ့် သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ လိုအပ် ပါတယ်။
ကိုယ့်နဲ့ အတူတူ တရားစခန်းဝင်ဖူးတဲ့ သူတွေ က အနားကနေ တရားတိတ်ခွေ ဖွင့်ပေး ။ တရားအကြောင်းပြောပေးနဲ့ သူငယ်ချင်း အဲဒီ ဝေဒနာ အပေါ်မှာ ငါမကပ်နဲ့ ၊ အားလုံးက ဖြစ်ပြီးပျက်သွားတာဘဲ့ ခန္ဒာငါးပါးက ဖသ တွေ့ထိတဲ့အခါမှာ ဝေဒနာပေါ်တယ်။ အဲဒီ ဝေဒနာအပေါ်မှာ ငါမှာဖြစ်နေတာ ငါနာနေပြီဆိုတဲ့ တိထ္ထိက ဆက်ပေးလိုက်တော့ ၂အကွက်နဲ့ သုံးအကွက်ကြားမှာ တဏှာ ဖြစ်ပေါ်ဝေဒနာအပေါ်မှာ ဥပါဒါန်စွဲလမ်းစိတ်နဲ့ ကမ္မဘ၀ ကံတွေ ဆက်ဆက်ပြီးဖြစ်လာပါတယ်။ ကျနော်တို့ ၀ါယြာ ကိုး တွေမှာ လျှပ်စစ် စီးနေသလိုပေါ့..အကယ်လို့ ၂နဲ့ ၃ကြားမှာသာ ဝေဒနာနဲ့တဏှာသာ မဆက်ရင် အဲဒီစိတ်ဟာ ၀ိပသနာစိတ် ဖြစ်ပေါ်နေပါတယ်။အဲလိုသာ အလေ့အကျင့်လေးလုပ်သွား ရင် ဘယ်အချိန်ချိန်ဘဲ့ ဖြစ်ဖြစ် သေဖို့ပြင်ဆင်ပြီးသား ဖြစ်နေပါလိမ့်မယ်။