ကျနော်တို့အသက်ကြီးလာတာနဲ့အမျှ ဖြတ်သန်းလာတဲ့သက်တမ်းတစ်လျှောက်အမှားတွေအများကြီးဖြတ်သန်းလာခဲ့ပါတယ်။ကောင်းတာတွေရှိသလို မကောင်းတဲ့အရာတွေလည်းအများကြီးရှိပါတယ်။အောင်မြင်မှုကိုဘယ်လိုရအောင် ယူမလဲ။ ကျွန်တော် အပါအဝင် လူတိုင်းလူတိုင်းဟာ တစ်ရက်မှာ အားလုံးအတူတူ ၂၄နာရီရပါတယ်။ ဒါက ဘယ်သူကိုလဲ ပိုမပေးထားဘူး။ သက်ကြီးရွယ်အို တွေအတွက်လည်းဒီ၂၄နာရီ သေခါနီးသူတွေအတွက်လည်း ၂၄နာရီပါဘဲ့။ ဒါမဲ့ သူ့အတွက်တော့ အချိန်ဟာ တစ်စက္ကန့်လေးဟာလည်း အရမ်းကိုတန်ဖိုးရှိလှပါတယ်။အချိန်ကို အကျိုးရှိရှိအသုံးချတတ်အောင် အောက်ပါအချက်(4)ချက်ကို လိုက်နာဖို့လိုအပ်ပါတယ်။
နံပါတ်တစ်အချက်ကတော့ မိမိဘဝမှာ အရေးကြီးတဲ့ အလုပ်နဲ့ အရေးမကြီးတဲ့အလုပ်ကို ပိုင်းခြားသိဖို့လိုပါတယ်။ ကိုယ့်လုပ်နေတဲ့ အလုပ်ဟာ မိမိဘဝရှေ့ရေးအတွက် အထောက်အကူဖြစ်နိုင်လား ဒါမှမဟုတ် အောင်မြင်ရေးမှာ ဆူးညှောင့်ခလုတ် လားဆိုတာခွဲခွဲခြားခြားသိထားသင့်ပါတယ်။ ပြောချင်တာကတော့ အဓိက နဲ့ဘသာမညထားရမယ့်အရာပေါ့။
နံပါတ်နှစ်အချက်ကတော့ မနက်အိပ်ရာကနေတစ်နာရီ စောထပြီး ကိုယ့်လုပ်ရမယ့်အလုပ် planတွေချ၊သင့်တယ်။ ကျောင်းသားတွေဆိုလည်း စာထကြည့်သင့်တယ်။ဒါဆိုအလုပ်မှာရော ပညာရေးမှာလည်း အောင်မြင်မှုရပါလိမ့်မယ်။ မြန်မြန်သွားပြီး နားနေတဲ့သူထက် ပုံမှန်ဖြေးဖြေးမှန်မှန် သွားနေသူကသာလျှင် လိုရာပန်းတိုင်ကိုရောက်ရှိနိုင်ပါလိမ့်မည်။ကျနော်ကြားဖူးတာတော့ အလုပ်ကိုနေမထွက်ခင်ရောက်သူဟာ အလုပ်မှာအောင်မြင်တယ်တဲ့။နောက်ပြီးအချိန်တွေလည်းရှိသေးတယ်။ စောစော၅နာရီထတဲ့သူဆိုရင် အောင်မြင်မယ့်သူ၊ ၆နာရီဆို ရည်ရွယ်ချက်ပန်တိုင်ရှိသူပေါ့။ ၈နာရီမှထရင် လူပျင်း၊ ၉နာရီဆို အနာဂတ်ဝေးဝါးနေတဲ့သူမျိုးပေါ့။
နံပါတ်သုံးအချက်ကတော့ အရေးမကြီးတဲ့အလုပ်ကို အချိန်မပေးဖို့ ၊ သူငယ်ချင်းတွေက တခုခုသွားဖို့ခေါ်မယ် ကိုယ့်အတွက်အကျိုးမရှိတဲ့အလုပ်မျိုးပေါ့။ ဒီလိုမျိးဆိုရင် ငြင်းဖို့အားမနာပါနဲ့။ မလိုက်နိုင်ဘူးဆိုရင် မလိုက်နိုင်ကြောင်းပြောလိုက်ပါ။ ဒီလိုဆို သူ့အတွက်ရော ကိုယ့်အတွက်ရော ကောင်းပါတယ်။
နောက်တစ်ချက်က သင့်ကိုယ့်သင်ချစ်တတ်ဖို့ပါ။သင့်ကိုယ်သင် ဂရုစိုက်ပါ။
သင်သာပိုကျန်းမာနေ၊ ပိုပျော်ရွင်နေရင် သင့်မိသားစုလည်းပျော်ရွင်ရတာနဲ့အတူတူပါဘဲ့။
နေ့စဉ်တာဝန်ဝတ္တရားတွေကို ပိုပြီးထိထိရောက်ရောက်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မယ်။
သင့်ရဲ့အမြင်၊ အမြင် နဲ့ အတွေးအခေါ် တွေလည်း ပိုအားကောင်းလာမယ်။
လူအများနဲ့ ရေရှည်မှာအဆင်ပြေပြေနဲ့ လက်တွဲလုပ်ဆောင်နိုင်လာမယ်။
ဖြစ်လာတဲ့ပြသနာတွေအတွက် ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းတွေ တွေ့လာမယ်။
မိမိပတ်ဝန်းကျင်က လူတွေကို ပိုပြီးဂရုစိုက်မှု ပေးလာနိုင်မယ်။
သင့်ကိုယ်ကိုသင် ဘယ်လိုမျိုး ဂရုစိုက်ရမလဲ။ဘယ်ဟာကမှန်လဲ၊ မှားလဲဆိုတာ T/F လေးတွေပေးခဲ့ပါ.
1.အခြားသူတွေဆီက အကူအညီတောင်းမယ်။
2.သင့်မှာသင်ကြိုက်တဲ့ ပုံမှန်လုပ်နေကျ ၀ါသနာတစ်ခုခု(သို့မဟုတ်)လုပ်ရှားမှုတစ်ခုခုရှိမယ်။
3.မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဆုံတယ်။
4.သင့်ရဲ့စိတ်ဖိစီးမှုတွေကို ပြန်ဆင်ခြင်ပြီး လိုအပ်သလို အကူအညီတောင်းမယ်။
5.သင်မလုပ်နိုင်တဲ့တာဝန်တွေကို အခြားသူတွေကို ယူခိုင်းမယ်။
6.ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကြိုးစားမယ်။
7.နားဖို့နဲ့ အပန်းဖြေဖို့အတွက် အချိန်လေးတွေထားမယ်။
8.ပင်ပန်းနေတဲ့အခါ တာဝန်တွေကနေ ရှောင်ပြေးမယ်။
9.အရက်နဲ့ မူးယစ်ဆေးဝါး ရှောင်မယ်။
10.သင့်ကို အခြားသူတွေ ကူညီခွင့်ပေးမယ်။
11.သင့်ရဲ့ စိုးရိမ်ပူပန်မှု တွေကို သင်ယုံကြည်ရဲ့တစ်ယောက်ယောက်ကို ရင်ဖွင့်မယ်။
12.အဓိပ္မာယ်ပြည့်ဝတဲ့ ပန်းတိုင်တစ်ခု ချမှတ်မယ်။
13.လိုအပ်တဲ့အခါ ကျန်းမာရေးစစ်ဆေးမှုနဲ့ ဆေးဝါးဆိုင်ရာစောင့်ရှောက်မှုပြုလုပ်မယ်။
သင့်အဖြေတွေအားလုံးကိုကြည့်ပါ။အမှားနဲ့ အမှန်ကို ရေတွက်ကြည့်ပါ။ အမှန်ကိုသာ များများ ဖြေခဲ့မယ်ဆိုရင် သင်ဟာ သင့်ကိုယ်သင် ပိုပြီး ဂရုစိုက်မှု ပြုနေတဲ့ သဘောပါဘဲ့။
တကယ်လို့ သင်ဟာအမှားအများကြီးဖြေခဲ့မယ်ဆိုရင် သင့်ကိုယ်သင် ဂရုစိုက်ဖို့လိုအပ်နေပါပြီ။
ဒီအချက်လေးတွေကို လိုက်နာပြီး မိတ်ဆွေတို့ဘဝရဲ့ အောင်မြင်မှု့ အစစ်အမှန်ကိုရှာတွေ့နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စာရေးသူ ရေးထားတာလေးတွေ စာဖတ်သူတွေအတွက် တနည်းနည်းနဲ့ ဖြတ်သန်းရမယ့်ဘဝတစ်လျှောက်မှာ အထောက်အကူ ကောင်းတစ်ခုဖြစ်သွားရင်ကို ကျေနပ်ပါပြီ။ နောက်နောင်မှာမှာလည်း တတ်နိုင်သလောက် အသိပညာ တွေကို ညီအစ်ကို တွေကို shareလုပ်သွားပါ့မယ်။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။
Author : Rocketgyi
MSC 148
CREDIT GOOGLE.COM