ကျနော်တို့ ပတ်ဝန်းကျင်မှာရော အလုပ်ထဲမှာရော ခေါင်းဆောင်ကောင်းတွေ အများကြီးတွေနိုင်ပါတယ်။ အကယ်၍ သင်သာနည်းမှန်လမ်းမှန် အတိုင်းသွားမယ်ဆိုရင် အမှန်တရားကိုထောက်ခံသူတွေက သင့်နောက်ကလိုက်ကြမှာပါ။ " If You Do The Right Things, Right People Will Follow You " လို့ Mitch Sala ကပြောကြားခဲ့ပါတယ်။
နောက်ပြီးတော့ Leader ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ချမှတ်ထားတဲ့ပန်းတိုင်အတွက် know, go, show ဒီအချက်သုံးချက်နဲ့ပြည့်စုံပါမယ်။ ဥပမာ knows the way ပန်းတိုင်ရောက်ဖို့အတွက် ကိုယ့်သွားမယ့်လမ်းကြောင်း ဘယ်လမ်းကတော့ မြန်မြန်ရောက်နိုင်တယ် ဒါပေမယ့်ဘယ်လိုအန္တရယ်တွေတော့ဖြတ်သန်းရမယ်၊ ရှည်ရှည်သွားရတဲ့ခရီးကပိုပြီးအန္တာရယ်ကင်းလား ဆိုတာတွေကိုသိရပါမယ်။
နောက်တစ်ချက်ကတော့ Goes the way ဒီချမှတ်ထားသတ်မှတ်ထားတဲ့ လမ်းစဉ်အတိုင်းလည်းလျှောက်နိုင်ရမယ်။ များသောအားဖြင့်အလုပ်တွေမှာပေါ့ စည်းကမ်းကတော့ ဒိလိုသတ်မှတ်ထားပါရဲ့ ဒါမဲ့ ခေါင်းဆောင်ကစ မလိုက်နာတော့ ကျန်တဲ့လက်အောက်ငယ်သားတွေကလည်း မလိုက်နာကြတော့ဘူးပေါ့။ "ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက ၊ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ " ဆိုသလိုပေါ့ဗျာ။😁😁😁
နောက်တစ်ချက်ကတော့ shows the way ကိုယ့်ရဲ့ငယ်သားတွေကို နည်းမှန်လမ်းမှန်လည်းပြပေးနိုင်ရမယ်။ ကိုယ်သိထားတာတွေ ကိုမထိန်ချန်ဘဲ ချပြရမယ်လို့ပြောတာပါ။ leader တစ်ယောက်ရဲ့ သွင်ပြင်ကဘယ်လိုရှိလဲဆိုတော့ ပတ်ဝန်းကျင်ကို လွမ်းမိုးနိုင်စွမ်းရှိမယ်၊ လူတွေကို သူတို့လုပ်နိုင်တာထက် ပိုပြီးလုပ်နိုင်လာအောင် စိတ်ဓာတ်တက်ကြွ့လာစေမယ်။ နောက်ပြီး အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်စွမ်းလည်းရှိရမယ်။
ဒါ့အပြင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက်ညသာမန် လူတွေ လုပ်နိုင်ခဲတဲ့ အပြုအမူမျိုး စိတ်သဘောထားမျိုးလည်း ပိုင်ဆိုင်ရပါမယ်။
သင်ဟာ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့မယ် ဆိုလျှင် ကိုယ့်ကျိုးစွန့်တဲ့ စိတ်ဓာတ်မျိုးနဲ့ ၊ အများအကျိုးကိုဆောင်တတ်တဲ့ ခေါင်းဆောင်မျိုး ကိုယ်ကျိုးကိုလုံးဝမကြည့်တဲ့သူမျိုးဖြစ်ဖိုလိုပါတယ်။ စွန့်လွှတ် အနစ်နာခံစိတ်မရှိသောသူ မျိုး ဆိုရင် ထိုသူသည် အဖွဲ့အစည်းအတွက် မိမိရဲ့ ရယူလိုစိတ် ကိုယ့်အကျိုးစီးပွားကိုရှာလိုစိတ်ကြောင့်သာလျှင် ခေါင်းဆောင်နေတာဖြစ်တယ်။
နောက်ပြီး တာဝန်ယူလိုစိတ် ၊ တာဝန်ခံလိုစိတ်ရှိရပါမယ်။ အကျိုးအမြတ်ကိုဘဲ့ ရယူလိုပြီး ကျန်တာ လက်အောက်ငယ်သားတွေ ဖြေရှင်းခိုင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဘယ်လိုမျိုးပြသနာဘဲ့ ရှိစေကာမူ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတတ်တဲ့ ခေါင်းမရှောင်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဘဲ့ဖြစ်ဖို့လိုပါတယ်။
အရာရာအပေါ်မှာ positive thinking ထားရှိပါ။ လက်အောက်ငယ်သား တစ်ယောက်က မိမိကမှားနေတာမျိုးကို ထောက်ပြဝေဖန်တဲ့အခါမျိုးမှာလည်း သူကပြောလို့သာတော်သေးတယ် နို့မိုဆို မလွယ်ဘူး အဲလိုပေါ့.. အကောင်းမြင်ဝါဒလေးထားပေးပါ။
ဒီလိုမှမဟုတ်ဘဲနဲ့ " မင်းက ဘာအဆင့်ရှိလို့လဲ ကိုယ့်နေရာကိုယ်နေ" ဆိုရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်မပီသဘူးပေါ့ဗျာ။
မိမိလက်အောက်မှာ ရှိတဲ့သူတွေရဲ့ ဆန္ဒတွေကိုလည်း နားထောင်ပေးနိုင်စွမ်းရှိမယ် အကြံအစည် အတွေးအခေါ်တွေကို နားထောင်ပေးရမယ်။ လူတွေဟာ နေထိုင်ကြီးပြီးရာပတ်ဝန်းကျင်အလိုက် ပြသနာတစ်ခုကို ရှုကြည့်ပုံချင်းကွဲပါတယ်။ ဒါကြောင့် အားလုံးရဲ့ အတွေးအခေါ်တွေ ပေါင်းစပ်ပြီး ဖြေရှင်းသင့်ပါတယ်။ အရာရာတိုင်းမှာ ငါမှငါဘဲ့ ငါပြောသလိုဘဲ့လုပ်ရမယ် ဆင်ခြေမပေးနဲ့ ဆိုတာမျိုးဟာ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်းမဟုတ်ပါဘူး။
် မိမိ၏ လက်အောက်ငယ်သားတွေ အပေါ်မှာ ချစ်ခင်မှု အပြန်အလှန်လေးစားမှု respect လည်းရှိရမယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက် မပီသပါဘူး။ ခုန စာရေးသူပြောခဲ့ တဲ့အတိုင်း goes the way ကိုယ့်ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကိုယ်ကိုတိုင်လည်း လိုက်နာရပါမယ်။
စာရေးသူ ဖော်ပြခဲ့တဲ့အချက်လေးတွေထဲက ဘယ်အချက်တွေကတော့ ကိုယ့်မှာ ရှိနေပြီလဲ ?ဘယ်အချက်လေးတွေကတော့ မရှိသေးဘူးလဲဆိုတာ ဆန်းစစ်ကြည့်ကြပါနော်။ ဒါမှလည်း သင့်ကိုယ်သင် leader တစ်ယောက်ရဲ့ အရည်အချင်းကောင်းတွေပိုင်ဆိုင်နေပြီလားဆိုတာ သိနိင်မှာပါ။
်steemitစာဖတ်ပရိသတ်အပေါင်းရဲ့ အကျိုးကို မျှော်ကိုးပြီး ဤ Leadership ဆောင်းပါးလေးအားရေးသားလိုက်ရပါတယ်။
Author. Rocketgyi
MSC 148
CREDIT: GOOGLE.COM