အလင်းစက်တို့ ချယ်မှုန်း
ဤကမ္ဘာမြေထက်
ကုဋေတစ်ရာမက
မှေးစက်ခြင်းတို့ကြား
လူသားဝိဉာဏ် ပျောက်ဆုံး
သိစိတ်နှိုးထ တနေ့ရဲ့အစ
ဩော် ထိုအတိတ်တို့
လွန်မြောက်ခဲ့ပေါ့..
ခြေရာကောက်ကောက်
လမ်းပျောက်ခဲ့က ဘယ်မှာရိက္ခာ
ဘယ်ဆီဘယ်ဝယ် မသိခြင်းများတို့
ရှင်ခြင်းနဲ့ သေခြင်းတို့ကြား
ထပ်ခါတလဲ လမ်းပျောက်နေတုန်းပေါ့...
MSC148
CREDIT GOOGLE.COM