စတီးမစ်ပညာရေး ရဲ့စိတ်ကူးစိတ်သန်းတွေထဲမှာ သင်တန်းတွေဖွင့်ဖို့လည်း တစ်ခုပါဝင်ပါတယ်။ အဲ့ဒီလိုဖွင့်ဖို့ကိုလည်း course နှစ်ခုနဲ့စတင်ပြီး လူတိုင်းပါဝင်နိုင်ပါတယ်။ ရည်မှန်းချက်ကတော့ သင်ကြားဖို့နဲ့ အတွေ့အကြုံတွေကို စတီးမစ်နဲ့ အခြားနေရာတွေမှာ ပြန်လည်မျှဝေနိုင်ဖို့ပါ။
အခုကတော့ စာအရေးအသား course နဲ့ ဓါတ်ပုံပညာ course ပဲရှိပါသေးတယ်။ နောက်ပိုင်းကျရင်တော့ သင်တန်းတွေပိုများလာမယ်လို့မျှော်လင့်ပါတယ်။ ကျန်တော်တို့ ဒီလာမယ့်အပတ်ထဲမှာပဲ သင်တန်းပထမ အပတ်ကိုစပါမယ်။
စတီးမစ် course ဘယ်လိုအလုပ်လုပ်သလဲ?
စတီးမစ် course က လုပ်ငန်းတာဝန်နဲ့ အသုံးပြုပြီးသင်ကြားပါတယ်။ ကျန်တော်တို့က ဟောပြောပို့ချတာထက် အသိပညာအသုံးချခြင်းကို ပိုပြီး အာရုံစိုက်ကျမှာပါ။ အဲ့ဒါကြောင့် သင် သင်တန်းကိုစာရင်းသွင်းပြီးပြီဆိုတာနဲ့ ပံ့ပိုးပေးသူက discord ကနေပြီးတော့ ဘာတွေလုပ်ရမယ်ဆိုတာကို ညွန်ကြားပေးမှာဖြစ်ပါတယ်။
ပံ့ပိုးပေးသူက ကျန်တော်တို့ လုပ်ရမယ့်လုပ်ငန်းတာဝန်နဲ့ အိမ်စာတွေကို သတ်မှတ်စီစဉ်ပေးမှာပါ။ လုပ်ငန်းတာဝန်အားလုံးက စတီးမစ်ပိုစ့်အဖြစ်နဲ့ တင်ပေးရမှာပါ။ အကြံပေးချင်တာကတော့ ပိုစ့်မတင်ခင်မှာ လုပ်ငန်းတာဝန်တွေကို အကြမ်းအရင် ရေး/လုပ် စေချင်ပါတယ်။ သင်ရဲ့အလုပ်တာဝန်အရ သင်ပိုစ့်တင်တဲ့အတွက် သင်အလုပ်တာဝန်ပြီးဆုံးခြင်းအတွက် အကျိုးခံစားရမှာပါ။ အိမ်စာမလုပ်ရင်တော့ ဘာမှခံစားရမှာမဟုတ်ပါ။ သင်၏ ပံ့ပိုးပေးသူရဲ့ ညွန်ကြားချက်က ၃ပတ် ကနေ ၆ပတ်အထိကြာမှာပါ။ ဒီအချိန်အတောအတွင်းမှာ သင်ဟာ သင့်ရဲ့ ပံ့ပိုးပေးသူကောအခြားသူတွေကိုရော steemit course နဲ့ပက်သက်ပြီး မေးချင်တာတွေကိုမေးမြန်းနိုင်ပါတယ်။
ဘာလို့ဒီသင်တန်းကို တက်သင့်တာလည်း??
ဒီသင်တန်းက သင်တန်းကြေးမလိုတဲ့သင်တန်းပါ။ သင်လုပ်ပေးရမှာက ကျန်တော်တို့လုပ်ဆောင်ချက်အပေါ် ထင်မြင်ချက်လေးပဲပေးရမှာပါ။ သင်တို့က ကျန်တော်တို့ရဲ့လိုအပ်ချက်တွေကိုပြောပြပေးတာက ကျန်တော်တို့ရဲ့ စနစ်ကိုပိုမိုကောင်းမွန်လာစေနိုင်လို့ပါ။ သင်က သင်တန်းကိုတက်သလို ကျန်တော်တို့ကလည်း သင့်ပိုစ့်ကို upvote တာနဲ့ အိမ်စာတွေကို resteem ပြန်လုပ်ပေးမှာပါ။
နောက်ထပ်တစ်ခုကတော့ ကျန်တော်တို့တွေက ကျွမ်းကျင်သူတွေက အခြားသော သင်တန်းတွေထပ်ဖွင့်နိုင်ဖို့အတွက်ကိုမျှော်လင့်တာပါ။ သင်တန်းစတက်ရပြီဆိုတာနဲ့ သင်ဟာလည်း သူများကိုပိုတော်လာအောင် ပြောပြပေးနိုင်သလို သင်ကလည်း အတတ်ပညာတစ်ခုကို ဆည်းပူးလေ့လာနိုင်ပါတယ်။ အခြားသော ပလက်ဖောင်တွေမှာ အချိန်နဲ့ငွေ တွေကိုသွားသုံးနေမယ့်အစား steemit course ရဲ့ အခွင့်အရေးကိုအသုံးချပြီး လေ့လာပြီး ၀င်ငွေတစ်ခုရဖို့ဖိတ်ခေါ်ခြင်ပါတယ်။
ဘယ်လိုသင်တန်းဖောင်တင်ရမလဲ???
ကျန်တော်တို့တွေ ပထမအသုတ်အတွက် ကိုစတင်ဖောင်လက်ခံနေပါပြီ။ လူဦးရေကန့်သတ်ချက်ရှိတာကြောင့် ဒီတစ်သုတ်မှာမပါရရင် နောက်တစ်သုတ်ရဲ့ စာရင်းထဲမှာ စီထားပေးပါမယ်။
သင်တန်းအပ်ရန် ဒီလင့်ကိုနိပ်ပါ
ဒီပိုစ့်လေးကို အခြားသောသူများလည်သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘာသာပြန်လိုက်တာပါ။ ဘာသာပြန်ရာမှာ အဓိပ္ပာယ်လွဲချော်ခဲ့ရင် ကျန်တော်ဘာသာပြန်သူရဲ့ လိုအပ်ချက်ကြောင့် ဖြစ်ပါကြောင်း ဝန်ခံပါသည်။ ဒီပိုစ့်လေးရဲ့သင်တန်းကိုတက်မယ်ဆိုရင် အင်္ဂလိပ်လို အနဲငယ်ရေးတတ်ဖတ်တတ်မှ အဆင်ပြေပါမယ်။