ကျန်တော် ဒီရက်ပိုင်းမှာ စာမရေးဖြစ်လောက်အောင်ကိုအလုပ်တွေရှပ်နေပါတယ်။ ဒါပေမဲ့လည်း ကျန်တော်ရလာတဲ့အသိလေးတစ်ခုကိုတော့ အားလုံးသိအောင် ပြန်ရှယ်ချင်လို့ ဒီအသိလေးကိုပြန်ပြီး စာအဖြစ် နဲ့ရေးသားလိုက်ပါတယ်။ 5/2/2018 ကနေ 10/2/2018 အထိကို ဆရာဝေ့ယွိဖုန်း ဦးဆောင်တဲ့ သက်ရှည်ပညာ အသင်းအဖွဲ့ ကြီးက ကျောက်မဲက အဖွဲ့သားတွေတောင်းဆိုချက်ကြောင့် သင်တန်းလာပို့ချပါတယ်။ ကျောက်မဲကို ဦးဆောင်ပြီး ဒီသက်ရှည်ပညာကိုယူဆောင်လာသူကတော့ ဒေါ်နန်းထွေးကြည်ဖြစ်ပါတယ်။ သင်တန်းအချိန် ညနေ ငါးနာရီမှာစတင်ပြီး ည ရှစ်နာရီမှာ ပြီးဆုံးပါတယ်။ ရှစ်နာရီပြီးတယ်ဆိုပေမဲ့ လက်မှတ်လေးတွေလူတိုင်းကိုထိုးပေးတာဖြစ်တဲ့အတွက် ရှစ်ခွဲလောက်မှ ပဲ သင်တန်းပြီးပါတယ်။ ဒီသင်တန်းက ပြီးသွားရင် ရောဂါဖြစ်နေတဲ့လူနာတွေကို ဆေးဖိုးမလိုပဲကုသနိုင်မယ်ဆိုပါ တယ်။ သင်တန်းကိုလူပေါင်းငါးရာနီးပါးတက်ရောက်ကျပါတယ်။ အဲ့အထဲမှာ ကျန်တော်နဲ့ ကျန်တော့်အဖိုးလည်းအပါအ၀င်ပါပဲ။
သင်တန်းပထမဆုံးနေ့မှာပဲ ဆရာက သက်ရှည်ပညာဆိုတာ ဘာလည်းဆိုတာပြောပြပါတယ်။ သက်ရှည်ပညာဆိုတာ ဆေးဝါးမလိုပဲ ရောဂါတွေကိုကုသပျောက်ကင်းနိုင်တာလို့ဆိုပါတယ်။ ကုသပုံ ကုသနည်းကတော့ စကြာစွမ်းအား( အတွင်းအားပေါ့နော့်….) ကိုအသုံးပြုပြီးတော့ ကျန်တော်တို့ ခန္ဒာကိုယ်ထဲ က cell တွေကိုနိုးကြွစေပြီးတော့ သွေးလည်ပတ်မှုကောင်းမွန်စေကာ ကျန်းမာရေးကိုကောင်းမွန်လာစေတာဖြစ်ပါတယ်။ ကုသတဲ့နည်းလေးကလည်း စိတ်ဝင်စားစရာအတော်ကောင်း ပါတယ်။ ခေါင်းကိုက်ရင် ဦးခေါင်းပေါ်ကိုလက်တင်ပြီးတော့ နဖူးပေါ်ကိုလက်နောက်တစ်ဖက်တင်ပြီး စိတ်ကို တည်ငြိမ်စွာထားကာ ၁၅ မိနစ်မှ လူနာ့ရောဂါအတိမ်အနက်အပေါ်မူတည်ပြီး နာရီနဲ့ချီပြီး ကုသပေးရတာဖြစ်ပါတယ်။ အဓိက လက်ထားတဲ့နေရာ ခုနှစ်နေရာရှိပါတယ်။ ငယ်ထိပ်၊ နဖူး၊ ဇက်၊ နောက်ကြော( ပုခုံးအလည် ချိုင်းတည့်တည့်)၊ နောက်ကြော( ချက်အနောက်ဖက်)၊ မြီးညှောင့်ရိုးအပေါ် နဲ့ စအိုနဲ့ အဂါင်္စပ်ကြားတို့ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကိုတော့ ငယ်ထိပ်ကုတဲ့အချိန်မှာ တစ်ဆက်တည်း စွမ်းအားသက်ရောက်တာကြောင့် နောက်ဆုံးနေရာ ကိုသွားပြီးကုစရာမလိုအပ်ပါဖူး။ ငယ်ထိပ်ကိုကုပေးတာနဲ့ တစ်ခါတည်း စအိုနဲ့အင်္ဂါစပ်နေရာကိုပါ ကူပြီးသားဖြစ်ပါတယ်။ ဒီခုနှစ်နေရာက အဓိကနေရာတွေပါ။ နေရာတိုင်းမှာ သူ့နဲ့သက်ဆိုင်တဲ့ရောဂါတွေရှိပါတယ်။
အကယ်လို့ ကျန်တော်တို့ခေါင်းကိုက်နေတယ်ဆိုရင် လက်တစ်ဘက်က ငယ်ထိပ်ကိုထိထားပေးပြီး နောက်တစ်ဘက်က နဖူးပေါ်တင်ပြီး ကုသပေးရမယ်လို့ဆိုပါတယ်။ ကုသချိန်ကတော့ ရောဂါအတိမ်အနက်ကိုကြည့်ပြီးမှ ကုသချိန်ကိုထားပါတယ်။ အနဲဆုံးကတော့ ၁၅ မိနစ်ပါ။ ဒီလိုကုသပေးပြီးဆိုရင် ကုသသူရဲ့ လက်ဖဝါးမှာ အပူအအေး ထုံတာ ကျဉ်တာတွေခံစားရရင် လူနာရဲ့ရောဂါကို ကုသဖို့အတွက် အတွင်းအားတွေလွတ်နေတာဖြစ်တဲ့အတွက် အရမ်းကိုကောင်းတဲ့ခံစားချက်လို့ပြောပါတယ်။ အဲ့ဒီပူတာအေးတာ ထုံတာကျဉ်တာတွေပျောက်တဲ့အထိကို ကုသပေးရမယ်လို့လည်းဆိုပါတယ်။ ကုသချိန်မှာ ရေငတ်တာရယ် ပူတာကိုခံစားရလေ့ရှိပါတယ်။ သူများကိုကုသပေးလို့ရသလို မိမိကိုယ်ကိုလည်း ဒီနည်းနဲ့ကုသလို့ ရပါတယ်။ အကန့်အသတ်တစ်ခုရှိတာကတော့ ဆရာတွေက စကြာစွမ်းအားဖွင့်ပေးမှပဲ ဒီနည်းနဲ့ကုလို့ရပါတယ်လို့သိရှိရပါတယ်။
ဒီလိုသူများကိုကုသနိုင်ဖို့ မိမိကိုယ်ကိုပြင်ဆင်ရတာတစ်ချို့ရှိပါတယ်။ အဲဒါကတော့ စိတ်ငြိမ်အောင် တရားထိုင်ရတာပါ။ တရားထိုင်နည်းလေးကိုပါ ဆရာတို့က စိတ်ရှည်စွာနဲ့ပြောပြပါတယ်။ ထိုင်နည်းလေးကတော့ ခါးကိုမတ်မတ်ထားပြီး ကိုယ့်ရှေ့တည့်တည့်ကိုကြည့်ပြီး အသက်ပြင်း၂ ငါးခါရှူရပါတယ်။ ပြီးမှ မျက်စိကိုပိတ်လိုက်ပါ။ အသက်ပုံမှန်လေးရှူပါ။ ၁၅ မိနစ်လောက်စိတ်ကိုငြိမ်အောင်ထားပါ။ ၁၅ မိနစ်ပြည့်မှ အသက်ပြင်း၂ ပြန်ရှူပြီး မျက်စိကိုဖြေးညှင်းစွာ ပြန်ဖွင့်လျှင် တရားထိုင်ခြင်း ပြီးဆုံးပါပြီ။ မနက်တစ်ခါ ညတစ်ခါ တရားထိုင်ပေးမှသာလျှင် ကိုယ့်အတွင်းအားပိုကောင်းလာမယ်ဆိုပါတယ်။