နေပါရစေ မင်းအနားမှာ
ထွက်ခွာမသွားပါနဲ့လို့ပြောချင်ပါတယ်
မှေးစက်ခွင့်ပေးပါ မင်းရင်ခွင်မှာ
ထာဝရလို့ ခွင့်ပြုစေချင်ပါတယ်
ခိုလုံခွင့်ပေးပါ မင်းရှိတဲ့အရပ်မှာ
ထာဝရထက် ပိုစေချင်ပါတယ်
မျှော်လင့်နေပါရစေ မင်းကို
တစ်သက်လုံးတွက်ရည်စူးထားပါတယ်
နမ်းရှိုက်ခွင့်ပေးပါ မင်းဆံနွယ်လေးကို
တစ်သက်လုံးထက်ပိုစေချင်ပါတယ်
ပေးဆက်ခွင့်ပြုပါ မင်းရဲ့အနားမှာ
အရာရာတိုင်း အတွက်အဆင်သင့်ဖြစ်နေပါတယ်
မင်းအချစ်ကို ပိုင်ဆိုင်ပါရစေ
ဒီတစ်သက်ခွဲမသွားဘူးလို့ ငါတိုင်တည်နေပါမယ်.,.......
photo creadit; google