ဒီရက်တွေအတွင်း ကွီးစော စာတွေ မရေးဖြစ်ပါဘူး။ လေ့လာစရာတွေ များနေတာကြောင့် လိုက်လံမေးမြန်းနေရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စပ်စုနေတာပေါ့။ လူဆိုတာကလည်း အခက်သားလေ ... သူတို့ စိတ်ဝင်စားတဲ့ခေါင်းစဉ်မှ လက်ခံစကားပြောချင်ကြတာ။ Discord ကို သွားတယ်။ Steemit.chat ကို သွားတယ်။ သိချင်တာတွေ မေးတယ်။ သူတို့ ဘယ်လိုတုန့်ပြန်ပြောဆိုလဲ ... ဘယ်လိုမေးမြန်းသလဲ လိုက်လံကြည့်ရှုတယ်။ အဲဒီမှာ ဘာတွေ့သလဲဆိုရင် professional ဆိုတဲ့ စကားလုံးရဲ့အရေးပါပုံ၊ Polite ဆိုတဲ့ အသုံးအနှုန်းရဲ့အသုံးဝင်ပုံတွေ သွားတွေ့တယ်။ တစ်ခါတစ်လေမှာ သတိပေးချင်တာတွေ ရှိပါတယ်။ အဲဒါကတော့ ကိုယ်က ဘာမှ မဟုတ်ဘူးဆိုတာပါ ... စင်ပေါ်က လူကို သွားရန်စနေရင် စင်အောက် ကန်ချနေပါပြီ။ ဘယ်မှာလဲဆိုတော့ မိနှောင်းမှာပေါ့ ...
ဟိုးတစ်လောတုန်းက မိနှောင်းက လူတွေပါးစပ်ဖျားမှာ ရေပန်းစားလာတယ်။ မိနှောင်းကြောင့် အကျိုးအမြတ်ရသွားတဲ့သူတွေကလည်း အများသားပါ။ ဒါပေမယ့် ရလေ လိုလေ အိုတစ္ဆေဆိုတဲ့ သူတွေကြောင့် စည်းကမ်းချက်တွေ တင်းကျပ်စရာ ဖြစ်လာပါတယ်။ ရုတ်တရက်ကြီး ဘရက်လစ်ဆိုတဲ့ ဘောင်နဲ့ စွပ်ချလိုက်တဲ့အခါ မိနှောင်းနဲ့ သာယာနေသူတွေ အခက်ကြုံခဲ့ပါတယ်။ မလေးရှားတို့ စင်ကာပူတို့မှာ အလုပ်လုပ်ပြီး ကိုယ့်နေရပ်ရောက်တော့ ဘာမှ မလုပ်တတ်တဲ့သူလိုပဲ ယောင်အအတွေ ဖြစ်ကုန်ကြပါတယ်။ တခြားဘုတွေက မိနှောင်းလောက် မရက်ရောတော့ မိနှောင်းကိုပဲ လွမ်းနေရတယ်။ ပြီးတော့ ကိုယ် ဘာလို့ ဘလက်လစ်ထဲ ရောက်တာလဲဆိုတာ မသိကြဘူး။ Discord မှာ ငိုယိုတောင်းပန်သံတွေ ပေါက်ကွဲသံစဉ်တွေ ပလူပျံသွားတယ်။ မိနှောင်းကလည်း ရှင်းပြတယ်။ ဒါပေမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတော့ တစ်ဦးချင်းစီ reply မပြန်နိုင်တော့ဘူး။ Form တစ်စောင် ဖန်တီးပြီး ဖြည့်ခိုင်းပါတော့တယ်။ ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးထင်ရင် ဖြည့်ပေးပါ ... သူတို့ ပြန်ကြည့်ပေးမယ်ပေါ့။ ပြီးတော့ ဘလက်လစ်ကနေ ထုတ်ပေး မပေး ဘယ်လိုသိနိုင်မလဲ။ https://www.minnowbooster.net/users/your_account_name ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ your_account_name နေရာမှာ ကိုယ့်နာမည်ကို @ မခံဘဲ ထည့်ပေးရပါမယ်။ ကွီးစောရဲ့ status ကို စစ်ဆေးကြည့်တော့ အောက်ပါအတိုင်း ပေါ်နေပါတယ်။
ဟုတ်ပြီ ... ဒါက ဘလက်လစ်ထဲ ၀င်တဲ့သူတွေအတွက် ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေပါ။ အကယ်၍ ဘလက်လစ် မ၀င်သေးသူတွေကရော ဘလက်လစ်ထဲ မ၀င်အောင် ဘယ်လိုလုပ်သင့်သလဲ။ မိနှောင်းက သူ့ရဲ့ ToS တွေကို #mb-tos channel မှာ တင်ထားပါတယ်။ အဓိကအားဖြင့် သူတို့ရဲ့ဝန်ဆောင်မှုကို မဆီမလျော် အသုံးပြုသူတွေကို ရှင်းထုတ်မယ်လို့ သတိပေးထားတာပါ။
နို့ ... သားကမှ မသိဘဲ ... ဦးဦးက ရက်စက်တယ်ဗျာ
လို့ ဖြစ်သွားမှ ပြောလို့ မရပါဘူး။ ဘယ် booster ကိုပဲ သုံးသုံး သူတို့စည်းမျဉ်းတွေကို လေ့လာပြီးမှ အသုံးပြုသင့်ပါတယ်။ စတီးမစ်က ဖေ့စဘွတ်လောကနဲ့ မတူပါဘူး။ စာပေခိုးယူမှု (copy/paste process) ၊ အိုင်ဒီယာ ခိုးယူမှု (Plagiarism) ၊ တခြားသူတွေကို အသွင်အမျိုးမျိုးနဲ့ ခြိမ်းခြောက်မှု ( Abuse) ၊ တခြားသူများကို ဗုတ်တွေပေးဖို့ ဖောလိုးလုပ်ပေးဖို့ အတင်းအကျပ်ပြောဆိုမှု (Spam) တွေကို တင်းတင်းကျပ်ကျပ်တားဆီးထားပါတယ်။ စာဖတ်သူတွေ အကျိုးဌာ မိနှောင်းရဲ့ ToS တွေကို အကျဉ်းချုပ် ပြောပေးပါ့မယ်။ စတီးမစ်မှာ ရေရှည်ကျင်လည်မယ့်သူတွေအတွက် သတိထားသင့်တဲ့အချက်တွေပါပဲ။ သူများအိုင်ဒီယာကို ကူးယူတယ် မဖြစ်အောင် Discord မှာ ကို ခွင့်တောင်းပြီး ပြောပြခြင်း ဖြစ်ပါတယ်။
- ဆင်တူယိုးမှား post တွေကို အကောင့်အများကြီးနဲ့ တင်ပြီး မိနှောင်းဆီက ဗုတ်ယူတာ
- ခိုးကူးစာတွေနဲ့ မိနှောင်းဆီကနေ ဗုတ်ယူတာ
- စာတိုတိုရေးပြီး မိနှောင်းဆီက ဗုတ်ယူတာ ( Post မှာ အနည်းဆုံး စာလုံးရေ ၁၅၀ ရှိရပါမယ်။ ကိုယ်ဖန်တီးတဲ့ ပုံတွေ၊ အန်နီမေးရှင်းတွေ၊ ဗီဒီယိုတွေ တွဲလျက်ပါရင်တော့ စာလုံးရေကန့်သတ်ချက်ကို လျှော့ချပေးပါတယ်)
- ပုံတစ်ပုံတည်း တင်ထားတဲ့ post တွေ
- ကိုယ့်ရဲ့ post မှာ စာတိုပေမယ့် မတန်မဆပမာဏနဲ့ ဗုတ်ထားတဲ့သူတွေ
- ကွန်မန့်ဘုကို good post, nice post, very interesting လို့ ရေးပြီး ယူတဲ့သူတွေ
- follow me, upvote me ဆိုပြီး comment မှာ spam လုပ်တဲ့သူတွေ
- post တစ်ခုတည်းကို ခဏခဏ upvote ယူတဲ့သူတွေ
အဲဒီလူတွေကို ဘလက်လစ်ထဲမှာ ထည့်ပါတယ်။
ကွီးစောကတော့ သူတို့လို မဟုတ်ဘဲ ဘလက်လစ်ထဲ ရောက်သွားတာပါ။ Deposit မှာ ငွေမကျန်တာကို မသိဘဲ upvote ယူမိတာကြောင့်ပါ။
ဘာပဲပြောပြော တစ်ခုတော့ အသိလေးပေးချင်ပါတယ်။ ကိုယ့်ရဲ့လောဘကြောင့် myanmar tag ကို သိက္ခာမကျစေပါနဲ့ဗျာ။ မိမိက စိတ်ရင်းနဲ့ လုပ်ပေမယ့် သူတို့က ကိုယ်တွေကို abuser တွေလို့ သတ်မှတ်ထားကြပါတယ်။ ဘာသာစကားနားမလည်လို့ မသိဘူးလို့ မယူဆပါနဲ့။ အပေါ်က သတ်မှတ်ချက်တစ်ခုခုနဲ့ ညိနေရင်လည်း abuser တွေ ဖြစ်သွားပါတယ်။ မိမိဆန္ဒကို အသိတရားနဲ့ ချွန်းအုပ်ပြီး ရေရှည်ခရီးမှာ ခြေတစ်ချက်ချော်တာနဲ့ပဲ ရှေ့ဆက်မရ မဖြစ်အောင် မလုပ်သင့်ကြောင်း သတိပေးရင်း ဤနေရာမှာပဲ စာကို ရပ်လိုက်ပါရစေ။
Reference - ToS in Minnow Discord Channel #mb-tos
Images credit - Google