မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ
အခုရက်ပိုင်းအတွင်း ပုံတွေနဲ့ ပတ်သက်တဲ့ post တွေကို ရေးသားဖြစ်ပါတယ်။ ရေးလက်စနဲ့ ပိုပြီးစုံလင်ချင်တာကြောင့် ပုံတွေရဲ့ original source link က ရှည်နေရင် တိုအောင် ပြုလုပ်နည်းနဲ့ ကွန်ပျူတာ (သို့မဟုတ်) ဖုန်းမှာ save ထားတဲ့ မိမိရဲ့ပုံကို link အဖြစ် ပြောင်းလဲချင်တဲ့အခါ URL link ပြုလုပ်နည်းကို ဆက်လက်ရေးသားလိုက်ပါရစေ ...
Link များကို တိုအောင် ပြုလုပ်နည်း
original source တစ်ခုခုကို ရှာဖွေပြီး ရရှိလာတဲ့အခါ source link ကို post ထဲမှာ ဖော်ပြချင်သော်လည်း ၄င်း link ၏ ရှည်လျားမှုကြောင့် အခက်အခဲဖြစ်နေပါက link များကို တိုသွားအောင် ပြုလုပ်နိုင်ပါတယ် ...
ပထမဆုံး https://bitly.com/ ကို browser တစ်ခုခုမှာ ၀င်ရပါမယ် ... အောက်ပါအတိုင်း ပေါ်လာပြီဆိုရင်တော့ ကိုယ်ချုံချင်တဲ့ link ကို သူ့ရဲ့ box ထဲမှာ ထည့်ပေးရပါမယ် ...
အဲဒီလို ထည့်လိုက်ပါက ချက်ချင်းပဲ ချုံ့ထားတဲ့ link ပေါ်လာပါတယ် ... ၄င်း link ကို copy ကူးပြီး original source link အဖြစ် မိမိရဲ့ post မှာ တင်နိုင်ပါတယ် ...
မူရင်းလင့်ခ်နဲ့ ချုံ့ထားတဲ့လင့်ခ်ကို နှိုင်းယှဉ်ပြပါရစေ ...
Shortened link - https://bit.ly/2vNeU5T
စမ်းသပ်နှိပ်ကြည့်ပါ ... တစ်နေရာတည်းကို ရောက်သွားတာ တွေ့ရပါမယ် ...
ပုံများကို URL Link ပြုလုပ်နည်း
မိမိသိမ်းဆည်းထားတဲ့ ပုံများရဲ့ original source ကို ရှာနည်းအကြောင်း post တစ်ခု ရေးဖြစ်ပါတယ် ... အဲဒီမှာ URL link အနေနဲ့ ထည့်သွင်းပြီး ရှာဖွေတာ ပါဝင်ပါတယ် ... သို့သော်လည်း ပုံကတော့ ရှိနေပြီ ... Link မလုပ်တတ်ဘူး ဆိုသူများအတွက် url link ပြုလုပ်နိုင်တဲ့ website များကို ထပ်မံဝေငှပေးပါရစေ ... အောက်ပါ website များကို ၀င်ပြီး ပုံကို upload လုပ်ကာ link အဖြစ် ပြောင်းလဲနိုင်ပါတယ် ... သိပ်မခက်ခဲတာကြောင့် အသေးစိတ်လုပ်နည်းကို မပြောပြတော့ပါဘူး ...
First site - https://imgbb.com/
Second site - https://imgur.com/
အဆိုပါ website များကို ၀င်ကြည့်ပါ ... စမ်းသပ်ကြည့်ပါ ... တစ်စုံတစ်ရာအသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် ...
စာဖတ်ရှုအားပေးသူအပေါင်းကို ကျေးဇူးတင်ရှိပါတယ် ...
Author - 
MSC - 176
Image နဲ့ ပတ်သက်ပြီး ယခင်ရေးသားထားသော အကြောင်းအရာများကို အောက်ပါ Post များတွင် လေ့လာနိုင်ပါတယ် ...