steemit က SMT တွေကို ဖော်ဆောင်နေကြပါတယ် ... တိုကင်တွေကိုလည်း ပေးနေပါတယ် ...
ဒီတစ်ခါတော့ တိုကင်တွေကို ပို့စ်မတင်ဘဲ ယူနည်းအကြောင်း လင်းပါရစေ ...
Steemhunt - Link
ဒါကတော့ အခုတလော ရေပန်းစားနေတဲ့ တိုကင်တစ်ခုပါ ... steemhunt ကို အကောင့်ဝင်မယ် ... ပြီးရင် သူ့ထဲက လင့်ကို ကိုယ့်နာမည်နဲ့ ယူပြီး facebook တို့ ဘာတို့မှာ တင်မယ် ... ဝင်ကြည့်တဲ့သူများရင် များသလို hunt တိုကင်တွေ ရမယ် ... ပြီးတော့ နေ့စဉ်ဝင်တဲ့အတွက်လည်း တိုကင်တွေ ပေးပါတယ် ... ဒါကတော့ စာတွေ မတင်နိုင်တဲ့သူတွေ လုပ်နိုင်တဲ့အရာတွေပါ ...
စာတွေ ဘာတွေ ရေးတင်မယ်ဆိုရင်လည်း ဦးမင်း ရေးသားထားတဲ့ အောက်ပါ လမ်းညွှန်များကို ဖတ်ရှုပြီး သူ့စည်းကမ်းနဲ့အညီ တင်နိုင်ပါတယ် ... ဒါဆိုရင်တော့ hunt တိုကင်တွေကို ပိုပြီး ရပါလိမ့်မယ် ...
Steemhunt Post တင်နည်းလမ်းညွှန်ချက်များ
Steemhunt တွင် ပို့စ်တင်ခြင်း ...
လာပြန်ပြီလား Steemhunt — Steemit
Actifit
Actifit ကတော့ မိမိရဲ့ တစ်နေ့တာ workout လုပ်တာတွေကို တင်ပေးတာပါ ... AFIT တိုကင်ကို ပေးပါတယ် ... steemit အကောင့်နဲ့ activate လုပ်ရတာ ဖြစ်ပါတယ် ... ပို့စ်တင်မှ တိုကင်ရပေမယ့် စတီးမစ်မှာ အင်္ဂလိပ်စာ အားနည်းနေသူတွေအတွက် စာမရေးဘဲ သူ့တိုကင်ယူနည်းပဲ ပြောပါ့မယ် ... အဲဒါကတော့ Actifit နဲ့ တင်ထားသမျှ စတီးမစ်ပို့စ်တွေကို vote ပေးဖို့ပါ ... ဒါဆိုရင် ဗုတ်တဲ့အတွက် တိုကင်ပေးပါတယ် ... သူ့ရဲ့ apk ကို ဒေါင်းပြီး စတီးမစ်အကောင့်နဲ့ ချိတ်ဆက်ပြီးရင် wallet မှာ ကြည့်ကြည့်ပါ ... ဘယ်လောက်တိုကင်ရထားလဲဆိုတာ ပြနေပါမယ် ...
Air-clinic Link
သူကတော့ ကျမ်းမာရေးအထောက်အကူပြုပေးတဲ့ဆိုက်တစ်ခုပါ ... Aircoin တိုကင်ကို ပေးပါတယ်... နေ့စဉ် login ဝင်ရင် တိုကင် ၂ ခုရပါတယ် ... ကျမ်းမာရေးဆောင်းပါးတွေ တင်တယ် ... ဖတ်ပြီး မန့်ပေးရင် မန့်တစ်မန့်ကို တိုကင်တစ်ခုရပါတယ် ...
ဒါတွေကတော့ လုပ်ရတာ လွယ်ကူပြီး စာမရေးဘဲ တိုကင်ရတဲ့နည်းတွေပါ ...
SMT တွေက ဘယ်အခြေအနေလဲ မသိပေမယ့် သူတို့အစီအစဉ်မစခင် ကိုယ့်ဆီမှာ တိုကင်တွေ စုဆောင်းထားတာက စိတ်ချရပါတယ် ...
စောင့်မျှော်နေကြတဲ့ တစ်နေ့နေ့ရောက်တဲ့အခါ အားလုံးအဆင်သင့်ဖြစ်သွားတာပေါ့ဗျာ ...
MSC - 176