မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုများခင်ဗျာ
ကျွန်တော်တို့က စတီးမစ်မှာ စာမူခ (Author Reward) ရသလို မိမိရဲ့ဗုတ်ကို ပေးတဲ့အတွက်လည်း အသိအမှတ်ပြုဆုလာဘ် (Curation Reward) ကို ရရှိကြောင်း Steemit Vocab - Part 1 မှာ ကျွန်တော်ရှင်းပြခဲ့ပါသည်။ ထို့အပြင် ဘယ်လိုအချိန်တွေမှာ ဗုတ်ပေးရင် ဘယ်လောက်ရာခိုင်နှုန်း ဆုလာဘ်ရရှိလည်း ဆိုတာကိုလည်း အောက်ပါအတိုင်း ထည့်သွင်းရှင်းပြထားပါသည်။
မိမိကို ပေးတဲ့ စာမူခပမာဏတွေကို https://busy.org တွင် ၀င်ရောက်ကြည့်ရှုပုံကိုလည်း Useful Tips & Tricks for Myanmar Steemians - Part 2 ! မြန်မာစတီးမစ်လောကသားများအတွကိ သိသင့်သည်များ အပိုင်း ၂ တွင် အသေးစိတ်ရှင်းပြခဲ့ပါသည်။
ယခုတစ်ဖန် မိမိက ဗုတ်ပေးသည့်အတွက် ရရှိသော အသိအမှတ်ပြုဆုလာဘ် စစ်ဆေးပုံနှင့် အကောင်းဆုံးဗုတ်ပေးသူ (Best Curator) ဖြစ်ရန် နည်းလမ်းတစ်ခုကို ညွန်ပြပါရစေ။
၎င်းနည်းလမ်းကတော့ ထပ်မံဖြည့်စွက်ထားသည့် STEEM Block Explorer မှ အချက်အလက်များကို အသုံးပြုပြီး ရှာဖွေခြင်း ဖြစ်ပါသည်။
- ပထမဆုံး Search Box တွင် မိမိစတီးမစ်နာမည်ကို ရိုက်ပြီး ရှာလိုက်ပါ။
- မိမိစတီးမစ်အကောင့်၏ အခြေအနေ အသေးစိတ်ကို မြင်ရပါလိမ့်မည်။
- ထို့နောက် မိမိရေးထားသည့် post ၏ link (အပေါ်တွင် အ၀ါရောင် ခြယ်သပြထားသည်)ကို နှိပ်လိုက်ပါက အောက်ပါအတိုင်း တွေ့ရပါလိမ့်မည်။
ဤနေရာတွင် အဆိုပါ post အတွက် ရရှိသည့် စုစုပေါင်း ငွေပမာဏကို တွေ့မြင်နိုင်ပါသည်။
ဤနေရာမှ scroll bar ကို အောက်သို့ဆွဲချကာ Post တွင် ပါဝင်သည့် စာအပြည့်အစုံကို ဖတ်ရှုနိုင်ပါသည်။
ဤနေရာတွင် ဗုတ်ပေးသူ တစ်ဦးချင်းစီ၏ Voting Weight, Vote Value နှင့် ၄င်းတို့ ရရှိသည့် Curation Reward များကို ဗုတ်ပေးသည့် အချိန်နှင့်တကွ တွေ့မြင်နိုင်ပါသည်။ အလားတူပင် မိမိဗုတ်ပေးထားသည့် post ၏ link ကိုလည်း ၀င်ရောက်ကာ မိမိရရှိသည့် Curation Reward ကို စစ်ဆေးနိုင်ပါသည်။
ထို့ပြင် မိမိရရှိသည့် vote များကို
- Date & Time ဗုတ်ပေးသည့် ရက်စွဲနှင့်အချိန်အရ
- Vote Value ဗုတ်ပေးသည့် ပမာဏအရ
- Account Name စတီးမစ်အကောင့်နာမည်များအရ
- Reputation ဗုတ်ပေးသူ၏ ဂုဏ်သတင်း ( rp ) အရ
အောက်ပါနေရာတွင် အစီအစဉ်အတိုင်း (sorting) လုပ်ကာ ကြည့်ရှုနိုင်ပါသည်။
ထိုသို့ vote အခြေအနေနှင့် Curation Reward ကို စစ်ဆေးပြီးပါက ၄င်း post ၏ အသေးစိတ်အခြေအနေကိုလည်း အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။
STEEM Block Explorer အကြောင်းကို Intoroduction STEEM Block Explorer to Myanmar Steemians ! မြန်မာစတီးမစ်မိသားစုဝင်များအတွက် STEEM Block Explorer ကို မိတ်ဆက်ပေးခြင်း ... တွင် ပထမဆုံး ကျွန်တော်ရှင်းပြစဉ်က ယခုနည်းလမ်းများ မပါဝင်သေးပါ။ မှ ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။ မိမိအနေဖြင့် အမြဲတိုးတက်နေသည့် စတီးမစ်နယ်ပယ်ရှိ နည်းလမ်းအသစ်များကို ထပ်မံတွေ့ရှိပါက တင်ဆက်ပေးသွားဦးမည်ဖြစ်ပြီး စာဖတ်သူတို့အနေဖြင့် ယခု post မှ အကျိုးတစ်စုံတစ်ရာ ရရှိမည်ဟု မျှော်လင့်ပါသည်။ ကျွန်တော်ရေးသားထားသည့်အချက်များတွင် မရှင်းလင်း နားမလည်သည်များရှိပါက comment တွင် ဆွေးနွေးရေးသားမေးမြန်းနိုင်ပါသည်။
STEEM Block Explorer ကို အကျိုးရှိစွာ အသုံးချပြီး မြန်မာစတီးမစ်မိသားစုဝင်များ အကောင်းဆုံး Curator များ ဖြစ်နိုင်ကြပါစေ ...
References ; https://steemit.com/steemdev/@penguinpablo/new-on-steemblockexplorer-com-view-all-votes-on-a-post-with-their-value-and-curation-reward by
Author -
#kosaw
Images credit ; Screenshots to posts of & https://steemblockexplorer.com/@sawlwin/my-art-mimia-upnya
MSC 176