ပထမက steemauto နဲ့ partiko ကို တွဲသုံးဖို့ စတီးမစ်ဟင်းတစ်မယ်ကို တင်ပေးထားပါတယ် ...
ဒီတစ်ခါတော့ ဒုတိယဟင်းအမယ်ကို ချက်နည်းအကြောင်း အလင်းပြပါရစေ ...
steemfollower နဲ့ partiko ကို တွဲပြီး စားသုံးဖို့ ဖြစ်ပါတယ် ... စတီးမစ်မှာ တစ်ဦးတည်း လှုပ်ရှားနေသူထက် အဖွဲ့နဲ့ လှုပ်ရှားနေသူက ဒီဟင်းအမယ်ကို ပိုပြီး စားသုံးသင့်ပါတယ် ...
ဟင်းချက်နည်းအကြောင်း မတင်ခင် ပါဝင်ပစ္စည်းဖြစ်တဲ့ steemfollower အကြောင်းလေး ရှင်းပြပါရစေ ...
steemfollower ဆိုတာက steemauto ကို develop လုပ်ခဲ့တဲ့သူ တစ်ဦးတည်းကပဲ ဖန်တီးထားတာပါ ...
သူ့သဘောတရားက
- အဲဒီကနေ upvote ပေးမယ်ဆိုရင် point တွေ ရပါတယ် ...
- ဗုတ်ပေးတာများလေ ပွိုင့်တက်လေပါပဲ ...
- အဲဒီပွိုင့်တွေ ရှိတဲ့စာရေးဆရာကို အဲဒီပွိုင့်နဲ့ ညီမျှတဲ့ upvote တွေ တခြားသူကနေ ပေးလို့ ရပါတယ်
- ဥပမာ အားဖြင့် ကိုယ့်မှာ ၁၀ပွိုင့်ရှိရင် အဲဒီ၁၀ပွိုင့်နဲ့ ညီမျှတဲ့ upvote ကို ရရှိနိုင်ခွင့်ရှိပါတယ်
- ကိုယ့်မှာ ပွိုင့်မရှိရင်တော့ တခြားသူက ဗုတ်ပေးမှာ မဟုတ်ပါဘူး
- တစ်နေ့ကို အနည်းဆုံး အဲဒီထဲကနေ upvote ၅ ခု ပေးနေရပါမယ် ... နေ့စဉ်မပြတ်နော် (ဒီအတွက် vp ကျမှာ စိတ်မပူပါနဲ့ ... ရာခိုင်နှုန်းပြည့် vp နဲ့ မပေးဘဲ လျှော့ပေးလည်း ရပါတယ် ... ကျွန်တော်ဆို ဆယ်ရာခိုင်နှုန်း vp နဲ့ တစ်နေ့ကို ၈ ဗုတ် ၉ ဗုတ်ပဲ ပေးတယ်)
ဒါလောက် သိပြီဆိုရင် ကျွန်တော် ဘာဆိုလိုသလဲ သဘောပေါက်လောက်ပါပြီ ...
MSC လို အဖွဲ့အစည်းနဲ့ လုပ်နေတဲ့သူတွေအနေနဲ့ upvote က မဖြစ်မနေ ပေးနေရမှာပါ ... ဒီတော့ ကိုယ့်လူတွေကို steemfollower ကနေ upvote ပေးပြီး ပွိုင့်တွေ ရရှိမယ် ... အဲဒီပွိုင့်တွေ ရှိတဲ့အတွက် တခြားသူတွေကနေ ကိုယ့်ကို လာဗုတ်မယ်မယ်ဆိုရင် အမြတ် ၂ ဆ ရတာပေါ့ဗျာ ...
တစ်ခုတော့ သတိပေးလိုက်ပါမယ် ...
- ဘယ်သူက ကိုယ့်ကို လာဗုတ်မယ်ဆိုတာ အာမ မခံနိုင်ပါဘူး
- ဗုတ်တဲ့ပမာဏကလည်း နည်းချင် နည်းပါမယ် ... upvote အကြီးကြီးရရှိဖို့ မမျှော်လင့်ပါနဲ့
ဒါပေမဲ့ ကိုယ့်အဖွဲ့ထဲမှာပဲ လည်နေမယ့် ကိုယ့်စာတွေကို steemfollower သုံးနေတဲ့ တခြားလူတွေက မြင်မယ် ... ကိုယ့်စာတွေကို ဗုတ်ပေးမယ့် တခြားလူတွေ ရှိလာပြီး vp အနည်းငယ်တက်မယ့် အခွင့်အရေးရှိလာမယ် ...
ပြီးတော့ ထပ်ပြောပါမယ် ... တခြားသူတွေကို ဗုတ်ရာမှာလည်း vp ကျမှာ စိတ်မပူပါနဲ့ ... ဆယ်ရာခိုင်နှုန်းပဲ vp ထားပြီး ဗုတ်လည်း ရတယ် ... ဒီထက် လျော့လည်း ရတယ် ...
steemfollower သုံးနည်းအကြောင်း ရှင်းပြပါမယ် ...
- steemfollower ကို ဝင်ချင်ရင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်နိုင်ပါတယ် ...
- ပြီးရင် steemconnect ကနေ မိမိရဲ့ active key ကို သုံးပြီး ဝင်ပေးပါ ... သတိပေးလိုက်ပါတယ် ... မိမိရဲ့ main password နဲ့ ဘယ်ဟာကိုမှ လုံးဝ လုံးဝ လုံးဝ မဝင်ပါနဲ့ ...
- အထဲ ရောက်ပြီးတော့ ပထမဆုံး စတွေ့တဲ့ profile ဆိုတာက steemfollower ထဲက မိမိရဲ့ profile ပါ ... အဲဒီအထဲမှာ မနေ့က နဲ့ ဒီနေ့အတွက် မိမိ ဘယ်သူတွေကို ဘယ်လောက်ပမာဏနဲ့ upvote ပေးထားလဲဆိုတဲ့ စာရင်းနဲ့ ... မနေ့ကနဲ့ ဒီနေ့က ဘယ်သူတွေ မိမိကို upvote ပေးထားလဲဆိုတဲ့ စာရင်း ရှိပါတယ် ... အသေးစိတ်ပြသထားပါတယ် ...
- Steemit Profile ကို နှိပ်ရင်တော့ ကိုယ့်ရဲ့စတီးမစ်အကောင့်ထဲကို ဝင်သွားပါတယ်
- Services က Manual Curation ကို နှိပ်လိုက်ရင် အထက်ပါအတိုင်း ပေါ်လာပါမယ် ...
New Posts ကို နှိပ်ရင် Post အသစ်တွေ တွေ့ပါမယ်
Top Users ကတော့ Curation ယူသူများသူတွေပါ
Old Users ကတော့ Author Point များနေသူတွေ ဖြစ်ပါမယ်
New Users ကတော့ အခုမှ ဝင်လာသူတွေ ဖြစ်ပါမယ်
Top Inviters ကတော့ referal များများရထားသူတွေပါ
- ဒီမှာ အဓိကသုံးမှာကတော့ Search By Author ပါ ... pro တင်ထားသူ စာရင်းကို ကြည့်ပြီး ဒီထဲကနေ သူတို့နာမည်နဲ့ ရိုက်ရှာရမှာပါ ...
တစ်ခု သတိပေးပါရစေ ... ကိုယ်ရှာတဲ့သူက steemfollower ကို မဝင်ထားရင်ဖြစ်စေ ... ဝင်ပြီးနောက်ပိုင်း post တင်တာ မရှိရင် ဖြစ်စေ ... ဗုတ်ပေးထားတာ မရှိရင် ဖြစ်စေ သူ့နာမည်ကို ရှာမတွေ့နိုင်ပါဘူး ... ကိုယ်ဗုတ်ပေးချင်တဲ့သူက ကိုယ်ဗုတ်ပေးချင်ပေမယ့် သူ့မှာ author point မရှိရင် ပေးလို့ မရပါဘူး ... ဒါကြောင့် ထပ်ပြောပါမယ် ... steemfollower အထဲကို ဝင်ပြီးတာနဲ့ အပေါ်က ပြောထားတဲ့ New Posts, Top Users စတာတွေကို နှိပ်ပြီး အထဲက posts တွေကို ရာခိုင်နှုန်းအနည်းငယ်မျှနဲ့ ၅ ဗုတ်မှ ၁၀ ဗုတ်အတွင်း နေ့စဉ်ပေးပေးပါ ... ဒါမှသာ အချိတ်အဆက်မိမှာ ဖြစ်ပါတယ်
ကိုယ် ဘယ်နှစ်ဗုတ်ပေးပြီးလဲဆိုတာ ဒီ box ထဲမှာ ပြထားပါတယ် ... ဒီနေ့တော့ ကျွန်တော်က ၉ ဗုတ်ပေးထားပါတယ် ... အနည်းဆုံးသတ်မှတ်ချက်က ၅ ဗုတ်ဆိုတော့ ဒီနေ့အတွက်တော့ လုံလောက်ပါပြီ ...
ဗုတ်ပေးနည်းကို အနည်းငယ်ပြောပါ့မယ် ...
New Posts ကို နှိပ်ကြည့်ပါတယ် ... ဟောဒီလို ပေါ်လာပါမယ် ...
အပြာတုံးလေး ဘေးနားက အကွက်ထဲမှာ ကိုယ်ထည့်ချင်တဲ့ ရာခိုင်နှုန်းကို ထည့်ပါ ... ကျွန်တော်ကတော့ ၁၀ ထည့်ပါတယ် ... အဲဒီထက် လျော့လည်း ဖြစ်ပါတယ် ... ပြီးရင် အပြာတုံးလေးကို နှိပ်ပါ ...
အောက်ပါအတိုင်း ပေါ်လာရင် ဗုတ်ပေးတာ ပြီးပါပြီ ... တခြားစာတွေ ပေါ်နေရင်တော့ အဲဒါကို ကိုယ်ဗုတ်ပြီးနေလို့ ဖြစ်ပါမယ် ...
ဒီမှာ ဗုတ်ရတာက လွယ်ပါတယ် ... အပြာတုံးလေးကို တစ်တုံးပြီး တစ်တုံး နှိပ်ရုံပါပဲ ... ဒီနေရာမှာ တစ်ခု အကြံပေးပါရစေ ... ဗုတ်တဲ့အခါ ပို့စ်တင်တာ နာရီဝက်ကနေ တစ်နာရီအတွင်း ရှိတာကို ရှာဗုတ်ပါ ... curation reward ပိုပြီး ရနိုင်အောင်ပါ ...
အပေါ်ဘားက Stat ကို နှိပ်ရင် ကိုယ် မနေ့ကနဲ့ ဒီနေ့ ရရှိထားတဲ့ upvote ပမာဏကို ပြပါမယ် ....
Market ကတော့ ကိုယ့်မှာ ရှိနေတဲ့ပွိုင့်တွေ ပိုနေရင် sbd နဲ့ လဲတာ ဖြစ်ပါတယ် ... အနည်းဆုံး ပွိုင့်တစ်ထောင်မှ ဈေးကွက်တင်လို့ ရပါတယ် ...
Support မှာတော့ steemfollower အကြောင်း ရေးထားတဲ့ စတီးမစ်ပို့စ်တွေ ဆက်သွယ်နိုင်မယ့် discord လိပ်စာတွေပါတဲ့ လင့်ခ်တွေကို တွေ့ရှိပါတယ် ...
ကဲ ... steemfollwer ဟင်းလျာအကြောင်း သိပြီဆိုတော့ ပြင်ပဗုတ်ရအောင် ဘောင်ထဲကနေ လုပ်ဆောင်နည်းကို သိသွားပြီပေါ့ ... ဒါလေးကို partiko က comment ပေးတာနဲ့ တွဲသုံးရင် အရသာရှိသွားနိုင်ပါပြီ ...
အပေါ်မှာ ရှင်းပြထားတာက အသေးစိတ်ကျနေရင် ခေါင်းမရှုပ်ပါနဲ့ ..
အနှစ်ချုပ်ကတော့ ...
- ကိုယ့်လူနာမည်နဲ့ ရှာပြီး ဗုတ်ပေးလိုက်ရုံ
- တခြားသူတွေကို ရာခိုင်နှုန်းနည်းနည်းနဲ့ ဗုတ်ပေးရုံး
- partiko မှာ comment ရေးရုံပါပဲ
သတိပြုရမှာက ...
Steemfollower ကနေ ကိုယ်ဗုတ်ပေးမယ့်သူကို ကိုယ်က steemauto မှာ autovote ပေးထားရင် ပြန်ဖြုတ်ဖို့လိုပါမယ် ... ဒါကြောင့် အသုံးပြုမယ့်သူတွေက အချိတ်အဆက်ရှိထားရပါမယ်
အားလုံးကို ကျေးဇူးတင်ပါတယ် ...
MSC 176