I quit.
စကားလေးနှစ်လုံးတည်းနဲ့ တာသွားပါတယ်။ နေရာတစ်ခုကနေ အလုပ်တစ်ခုကနေ ထွက်ခွာတာကို ဆိုလိုတာပါ။
Steemit မှာ စာစရေးတော့ မရေးတတ်ဘူး။ လက်လျှော့ချင်လာတယ်။ I quit ပေါ့။ ဒါပေမဲ့လည်း ကဗျာတို စာတိုလေးတွေ ဖွဲ့တတ်တာကို အခွင့်ကောင်းယူပြီး တဖြည်းဖြည်းဆောင်းပါးတွေ ဝတ္ထုတိုတွေ ဝတ္ထုလတ်တွေ ရေးနိုင်အောင် မြေစမ်းခရမ်းပျိုးခဲ့တယ်။
တစ်ခါတစ်လေ ကိုယ့်ကို ဗုတ်လေးတွေ ပေးတာ သိပ်မရဘူး။ ဗုတ်ရပေမယ့်လည်းပဲ မန့်လေးတစ်ကြောင်းတောင် မရေးပေးတာတွေ ရှိတယ်။ ဗုတ်နဲ့ မန့် မရတဲ့အချိန်အခါတွေက အများသား။ ကနဦးအစမှာ ကိုယ်က ဘာမှနားမလည်တော့ ဟိုဟာဖြစ်လည်း မေးရပြန်တယ်။ ဒီဟာဖြစ်လည်း မေးရပြန်တယ်။ မေးတာ ပြန်မဖြေတဲ့အခါ အမေးနဲ့အဖြေမကိုက်တဲ့အခါ I quit ချင်လာပြန်ပါတယ်။ မဖြစ်သေးပါဘူးလေ။ ကိုယ်စမိတဲ့ဇာတ်ကို ကိုယ်ဆုံးအောင် ကမှပဲဆိုပြီး ဆက်လက်ရှေ့တိုးနေတာ ခေါင်းပါမက ကိုယ်ပါ စတီးမစ်အပေါက်ထဲ ကန့်လန့်တိုက်ဝင်လာတယ်။
နောက်တစ်ခါ စာရေးသာရေးနေရတယ်။ ကိုယ့်လောက် စာမရေးတဲ့သူတွေ အကြံအဖန်သမားတွေက exchanger တွေကနေ ငွေတွေ နေ့စဉ် အပတ်စဉ်ထုတ်နေတာ မြင်ရပြန်တော့ I quit ချင်လာပါရော။ ကိုယ်ကလည်း သူတို့လို အကြံအဖန် မလုပ်ချင်၊ ပုံမှန်လုပ်နေတာကနေ ဘာမှမထူးခြားတာကိုလည်း စိတ်တိုင်းမကျချင်နဲ့ စိတ်ထဲမှာ ဒွိဟတွေ ပွားနေပါတယ်။ ဒါပေမဲ့ ကိုယ်သုံးတဲ့ tag တစ်ခုရဲ့သိက္ခာတရားကြောင့် မလုပ်တတ် လုပ်တတ်နဲ့ စတီးမစ်ထဲမှာ ကလိနေမိပြန်တယ်။
ခုနက ပြောသလိုပဲ စတီးမစ်မှာ နည်းပညာတွေကို နားမလည်ဘူး။ ဒါကြောင့် အခက်အခဲဖြစ်တယ်။ ဒီတော့ အဲဒီအကြောင်းတွေ အဓိကထားပြီး တင်ပါတော့တယ်။ နည်းပညာတွေကို လေ့လာရင်း လိုက်ပါစီးမျောမိတဲ့အခါမှာ အံစာကစားနည်းတစ်ခုနဲ့ ပိတ်မိပြန်တယ်။ အစပိုင်းက ရနေတော့ ဆက်တိုက်ဆော့တာပေါ့။ ဆော့နည်းတွေလည်း စမ်းကြည့်တယ်။ ရှုံးလိုက် နိုင်လိုက်နဲ့ သတိပြုမိတော့ ကိုယ့်ရဲ့ SBD တွေ နည်းနည်းလျော့နေတယ်။ Airdrop ကိုလည်း စမ်းကြည့်ပြန်တော့ I quit မလုပ်ချင်ဘဲ လုပ်မိသလိုဖြစ်ပြီး စတီးမစ်နဲ့ နည်းနည်းဝေးကွာသွားတယ်။ စတီးမစ်လောကထဲကို ပြန်ဝင်တယ်။ ပြန်ကန်ထွက်လာတယ်။ အခါခါ ကြိုးစားမှ စာပုံမှန် ရေးသားဖြစ်တော့တယ်။
စတီးမစ်မှာ လှုပ်ရှားနေရင်း ကိုယ့်ရဲ့လုပ်ရပ်တွေကြောင့် side effect ဖြစ်ပြီး ကိုယ့်မိတ်ဆွေတွေ လမ်းခွဲသွားစေသလို ဖြစ်သွားတော့ စိတ်မသန့်ဖြစ်ပြီး I quit ချင်လာတယ်။ ဒါပေမဲ့လည်း စိတ်ကိုတင်းရင်း U turn ပြန်လုပ်ရပြန်တယ်။
နောက်တစ်ခါ စတီးမစ်ရဲ့မက်လုံးကြီးဖြစ်တဲ့ စာရေးကောင်းရင် ဗုတ်အကြီးကြီးရမယ်ဆိုတာကို ယုံပြီး ကြိုးစားနေသူတွေကြောင့် ကိုယ်ပါ အားကျပြီး လိုက်လံကြိုးစားမိတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ စတီးမစ်ဆိုတာ အဖွဲ့တောင့်မှ အဆင်ပြေတာ။ ဘုတွေကို အားကိုးမှ အဆင်ပြေတယ်ဆိုတာ သဘောပေါက်မိတဲ့အခါ I quit ထပ်ဖြစ်လာပြန်တယ်။
ဒါပေမဲ့လည်း ကိုယ်စိတ်ဝင်စားစရာလေးက ပေါ်လာတယ်။ Ecommerce website တစ်ခု တည်ထောင်ဖို့ စိတ်ကူးပေါ်လာတယ်။ ဘယ်လိုတွေ လည်ပတ်မယ်ဆိုတာကတော့ ရည်ရွယ်ပြီးသားပါ။ ဒါပေမဲ့ စတီးမစ်ထုံးစံအတိုင်း အားပေးမယ့်အဖွဲ့တစ်ခုလိုပါတယ်။ ဗုတ်အကြီးကြီးတွေ လိုအပ်ပါတယ်။ ဒါမှ trending ထဲမှာ ဝင်ပါမယ်။ လူတွေ သိပါမယ်။
ကဲ ဒီတော့ မိုးမလင်းခင်အထိတော့ အိပ်မက် ဆက်မက်နေပါဦးမယ်။
MSC 176