မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များခင်ဗျာ …
စတီးမစ်ပလက်ဖောင်းမှာ ကျွန်တော်ကျင်လည်လာခဲ့တာ အခုဆိုရင် နှစ်လကျော် အချိန်ကာလကြာမြင့်သွားပြီ ဖြစ်ပါတယ်။ Comment တွေကို Post တစ်ခုအနေနဲ့ သတ်မှတ်မယ်ဆိုရင် post စုစုပေါင်း ၁၅၁၈ခု ရေးသားပြီးပါပြီ။ ဇန်န၀ါရီလမှာ ဒီဇင်ဘာ ၁၄ရက်မှ ဇန်န၀ါရီ ၁၃ရက်အတွင်း ရေးသားသော ကျွန်တော်ရေးသားထားသော post တွေကို ယခုကဲ့သို့ linkတည်းဖြင့် အကျဉ်းချုပ်ခဲ့ပါတယ်။ ယခုလည်း ဖေဖော်ဝါရီလအတွက် အကျဉ်းချုပ်လိုပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို အမှတ်ရစေမယ်လို့ ထင်ပါတယ်။ ပြီးတော့ တစ်လစာ post တွေကို link တစ်ခုတည်းနဲ့ မြင်ရနိုင်ပါမယ်။
1 Steemit Vocab - Part 1 စတီးမစ်ဝေါဟာရများ (အပိုင်း ၁)
စတီးမစ်ဟာ ကျွန်တော်တို့တွေ့ဖူးနေကျ နေရာတစ်ခု မဟုတ်ပါဘူး။ စကားလုံးအသစ်တွေ၊ လုပ်ဆောင်ပုံအသစ်တွေ ရှိပါသည်။ အကယ်၍ သုံးနှုန်းတဲ့ စကားလုံးတွေကို သိမည်ဆိုလျှင် စတီးမစ်မှာ တိုးတက်မှု မြန်ဆန်ပါလိမ့်မည်။ ထို့ကြောင့် စတီးမစ်ဝေါဟာရများကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအပိုင်း-၁ တွင် Steem, Stee Power, Steem Dollar, Upvote, Reputation, Author & Author Reward, Commenter ဟူသည့် စကားလုံးများ၏ အဓိပ္ပာယ်နှင့် အသုံးပြုပုံများကို ရှင်းပြထားပါသည်။ ထိုသို့ရေးသားနိုင်အောင် စတီးမစ်၏ FAQ ကို သေချာဖတ်ရသည့်အပြင် ,
,
တို့၏ Post များကို ကိုးကားခဲ့ရပါသည်။ ထို့ပြင် ဝေါဟာရများကို အတတ်နိုင်ဆုံး မြန်မာမှုပြုကာ ရေးသားထားပါသည်။
2 Steemit Vocab - Part 2 စတီးမစ်ဝေါဟာရများ (အပိုင်း ၂)
အပိုင်း-၁ ပြီးတဲ့အခါမှာ တချို့စကားလုံးများကို သေချာသိရှိအောင် လေ့လာရသောကြောင့် နောက်တစ်ပိုင်းကို တစ်ခါတည်း ဆက်မရေးနိုင်ခဲ့ပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ လိုချင်တဲ့အချက်အလက်များကို ရရှိခဲ့ပါသည်။ ထို့ကြောင့် စတီးမစ်ဝေါဟာရများ အပိုင်း-၂ ဆိုပြီး ဖြစ်လာပါသည်။ ယခုအပိုင်းတွင် Resteem, tags, Mvests, Ranking, Plankton, Minnow, Dolphin, Orca, whale များအကြောင်း ရှင်းပြထားပါသည်။ မြန်မာစတီးမစ်မိသားစုဝင်များအနေဖြင့် မိမိရောက်ရှိနေသည့် စတီးမစ်အဆင့်အတန်းကို သိရှိပြီး ယခုဝေါဟာရများကို သိရှိခြင်းဖြင့် မည်သို့ အဆင့်တက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိနိုင်မည်ဟု မျှော်လင့်ပါသည်။
3 Useful Tips & Tricks for Myanmar Steemians - Part 1 ! မြန်မာစတီးမစ်လောကသားများအတွကိ သိသင့်သည်များ အပိုင်း ၁
စတီးမစ်ခရီးလမ်းတွင် ခိုးကူးသည့်စာများရှိသည်ကို တွေ့ရှိပြီး အဆိုပါပြဿနာကို ရှောင်ရှားနိုင်စေရန် မိမိသိရှိသမျှ အကြံပေးချင်မိပါသည်။ အပိုင်း-၁ တွင် စာရေးခြင်းအကြောင်း၊ ရေးသားရမည့်အရာများကို ရှင်းပြပေးခဲ့ပြီး တခြားသူများ၏ စာရေးသားခြင်းပုံစံများကို မည်သို့ အတုခိုးရမည် ဖြစ်ကြောင်း လမ်းညွှန်ပေးခဲ့ပါသည်။
အပိုင်း-၂ တွင် စာရေးသားခြင်းပုံစံ၊ သတိထားရမည့်အချက်များ၊ စတီးမစ်နည်းပညာတချို့ကို မည်သို့ လေ့လာရမည်ဖြစ်ကြောင်း အဓိကရေးသားခဲ့ပါသည်။ စတီးမစ်က အားလုံးမြင်အောင် ချပြထားသည့်နေရာတစ်ခုဖြစ်သောကြောင့် တခြားသူများ၏ လုပ်ဆောင်ပုံများကို အစုံအလင်သိရှိနိုင်ပါသည်။
အပိုင်း-၃ တွင် လိုက်နာသင့်သည့် ကျင့်ဝတ်များအကြောင်း ညွှန်းဆိုထားပါသည်။ စတီးမစ်ခရီးရှည်ကို ကျွန်ပ်တို့ လျှောက်လှမ်းရာတွင် စိတ်ရှည်သင့်ပါသည်။ အချင်းချင်း လေးစားသင့်ပါသည်။ စတီးမစ်တွင် အဖွဲ့တစ်ခုအနေဖြင့် လုပ်ဆောင်ရမည် ဖြစ်ပါသည်။
6 Intoroduction STEEM Block Explorer to Myanmar Steemians ! မြန်မာစတီးမစ်မိသားစုဝင်များအတွက် STEEM Block Explorer ကို မိတ်ဆက်ပေးခြင်း ...
ထို့နောက် ၏ အသုံးဝင်သည့်ပရောဂျက်တစ်ခုအကြောင်း မိတ်ဆက်ပေးခဲ့ပါသည်။ ၄င်းရေးသားသည့် Post ကို ကိုးကားပြီး https://steemblockexplorer.com အသုံးပြုပုံအကြောင်း ရှင်းပြပေးခဲ့ပါသည်။
7 How to be Best Curators with STEEM Block Explorer ! အကောင်းဆုံး အသိအမှတ်ပြုဆုလာဘ်ရရှိသူများဖြစ်အောင် ပြုလုပ်နည်း ...
ယခု Post မှာ ၏ ဖြည့်စွက်ချက်ဖြစ်ပြီး ကျွန်ပ်တို့၏ Curation Reward ကို စစ်ဆေးရာတွင် အလွန်အသုံးဝင်ပါသည်။ သေချာလေ့လာပြီး အသေးစိတ်အချက်အလက်များကို ဝေမျှထားခြင်း ဖြစ်ပါသည်။
8 How to avoid Bandwidth Limit Exceeded Problems ! Bandwidth ပမာဏ ကျော်လွန်သွားမှုကို ဘယ်လို ရှောင်ရှားမလဲ ...
ဖေဖော်ဝါရီလအတွင်းက စတီးမစ်မှာ Bandwidth ကျော်လွန်တဲ့ ပြဿနာကို ကြုံတွေ့ခဲ့ရပါသည်။ ထို့ကြောင့် အချက်အလက်များကို ရှာဖွေပြီး အသေးစိတ် ရေးဖြစ်ခဲ့ပါသည်။ ၄င်းစာက စာဖတ်သူများအတွက် အကျိုးရှိစေခဲ့ပါသည်။
9 4 years plan for our hopes ! ယနေ့မှစ၍ နောင် ၄နှစ်အကြာဝယ် ...
ကျွန်တော်က ဘာသာပြန်အနေနဲ့ အလုပ်လုပ်နေပြီး ၄င်းက စတီးမစ်မှာ အသုံးဝင်ခဲ့ကာ ယခုရလဒ်ထွက်ပေါ်လာခဲ့ပါသည်။ ၏ post ကို ဘာသာပြန်ဆိုပြီး ကျွန်တော့်ရဲ့စာဖတ်သူများကို မျှော်လင့်ချက်ပေးခဲ့ပါသည်။ သူ့ရဲ့ Post ကို လွန်ခဲ့သောခြောက်လအကြာက ရေးသားခဲ့ခြင်း ဖြစ်သော်လည်း သူပေးခဲ့သော အချက်အလက်များက သစ်လွင်ဆဲ ဖြစ်ပြီး ကျွန်တော်တို့လို ယခုမှ အစပျိုးသူများအတွက် သတင်းကောင်းဖြစ်ပါသည်။
10 Let's maintain our fractured environment in Myanmar ! ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ရအောင်
စတီးမစ်က ကျွန်တော့်ရဲ့ ဒုတိယလပိုင်းအတွင်း ၀တ္ထုတိုတစ်ပုဒ်သာ ရေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့ရဲ့ပျက်စီးနေတဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည့်အကြောင်းများဖြစ်ပြီး ဤစာထဲမှာ ကျွန်တော့်ရဲ့အတွေးအမြင်များ ထည့်သွင်းထားပါသည်။
11 Poem
ထိုလအတွင်းမှာ ကဗျာတချို့လည်း ရေးသားချင်ခဲ့ပြီး ရေးလည်း ရေးသားဖြစ်ခဲ့ပါသည်။ ထိုကဗျာများကို အောက်ပါ link များသို့ ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
- Dancer in Dream ! အိပ်မက်ကချေသည်
- Thin Layer of Differences ! ကွဲပြားမှုများကြားက အလွှာပါး ...
- Helping Hands ! ကမ်းလက်များ ...
12 Haiku
ဟိုက္ကုကဗျာစပ်ဆိုခြင်းကိုလည်း စိတ်ဝင်စားမှုရှိပြီး အောက်ပါအတိုင်း လက်စွမ်းပြခဲ့ပါသည်။
13 Zappl
က သူ၏ Project အသစ်ကို ထုတ်ပြန်ပြီး ကျွန်တော်လည်း စမ်းသပ်သုံးစွဲခဲ့ပါသည်။ တွစ်တာနဲ့ အလားသဏ္ဍန်တူညီပြီး ကောင်းမွန်သည့် ခြေလှမ်းဖြစ်ပါသည်။ စတီးမစ်ကို တိုးတက်စေမည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ Zappl.com တွင် တင်ထားသည့် ကျွန်တော့်ရဲ့ Post များကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည်။
အနှစ်ချုပ်ရလျှင် ကျွန်တော့်ရဲ့အဖွဲ့အစည်းနှင့် စာဖတ်သူများကို ဗဟုသုတများ ဝေငှနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။ ကျွန်တော့်အတွက်တော့ အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ ထို့ပြင် စတီးမစ်တွင် ထပ်မံကြိုးစားဖို့ လိုအပ်သေးကြောင်း အသိဖြစ်စေပါသည်။ တကယ်တမ်းတော့ ယခု Post ကို ဖေဖော်ဝါရီလ ၁၄ရက်ဝန်းကျင်တွင် ရေးသားသင့်သော်လည်း အကြောင်းကြောင်းကြောင့် အနည်းငယ်နောက်ကျသွားခဲ့ပါသည်။ နောက်ထပ်ရေးသားမည့် Post ကို မတ်လ ၁၄ရက်ဝန်းကျင်တွင် တင်ဆက်ပေးနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားသွားပါမည်။
အဆုံးအထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
Images credit - Google
အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက ဤနေရာကို ဖတ်ရှုပေးပါရန် >>>>> https://steemit.com/myanmar/@sawlwin/my-trip-on-steemit-platform-from-14th-januray-to-13th-february