လူပျိုဖြစ်ရခြင်းရဲ့သုခ
အားတယ်လို့ ထင်တယ်ပေါ့
အ၀တ်လျှော် မီးပူတိုက်
ဈေးဝယ် ချက်ပြုတ်နဲ့
ပိတ်ရက်တောင် မနားရတဲ့
လူပျိုကြီးဘ၀မှာ
အားလပ်ရက်ဆိုတာ
ချိုနဲ့လား မေးရတယ်။
သားစာ သမီးစာ
ရှာဖွေရသူတွေအတွက်တော့
ရှာရတဲ့အကြောင်း ရှိတယ်
ကိုယ့်မှာတော့
နည်းနည်းလေး ပိုရှာမိရင်
လူပျိုကြီး ဂုဏ်ကို လာထိပြီ။
ဘာလို့ရှာနေတာလဲ
စရိတ်ထောက်စရာလည်းမရှိဘူး
ဒီလူပျိုကြီးတော့ ကျိတ်ပုန်းခုတ်နေပြီ
စသဖြင့်တွေနဲ့
ပတ်ဝန်းကျင်အသံက
ကိုယ့်ထမင်းကိုယ်စားပြီး
ပင်ပန်းနေတော့
ကိုယ်ကတောင် ပြန်သနားမိတယ်။
ကိုယ့်မှာလည်း ကိုယ့်အတွေး
ကိုယ့်ခံယူချက်နဲ့
ကိုယ်သတ်မှတ်ထားတဲ့
ရှေ့ရေးက ရှိသေးတာပဲလေ။
တုံးလုံးစာပဲ ဖြစ်ဖြစ်
မတ်တပ်စာပဲ ဖြစ်ဖြစ်
ကိုယ်ရှင်သန်တုန်း
ကိုယ့်စရိတ်ကိုယ်ရှာမယ်။
လက်ဖြန့်မတောင်းရတဲ့ဘ၀မှာ
အိမ်ထောင်သည်လို
ပြန်ပေးစရာလည်း မလိုတော့
ကိုယ့်အနေနဲ့
အခြားမှာ မေတ္တာမျှဝေထားတာတွေ
လူတွေ မသိပါဗျာ။
ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာ
လူပျိုကြီး မရောက်တဲ့နေရာမရှိပါ
လစဉ် ပဒေသာပင်နဲ့
ကလေးတွေရဲ့အပြုံး
ဘိုးဘွားတွေရဲ့ဆုတောင်း
အလုံးစုံတိုင်းဟာ
လူပျိုဖြစ်ရခြင်းရဲ့ကောင်းချီးတွေပါ။
MSC - 176