ဒီတစ်ခါ တင်မှာ စတီးမစ်ဟင်းပွဲချက်နည်းပါ။
စားတော်ကဲကွီးကတော့ ကိုယ့်ဘာသာချက်ပြီး မြည်းပြီးပါပြီ။ စိတ်ဝင်စားသူတွေလည်း ချက်စားနိုင်အောင် နည်းလမ်းလေး ပြပေးလိုက်ပါတယ်။
ဒီနေ့ ခံတွင်းမြိန်အောင် အလှည့်ကျတဲ့ ဟင်းအစပ်အဟပ်ကတော့ steemauto နဲ့ Partiko ပါ။ ဒီနှစ်ခုကို ရောသမမွှေပြီး စားကြည့်ရအောင်။
ခြွင်းချက်တော့ ရှိတယ်နော်။ Pro တွေ ရနေကြတဲ့သူတွေ၊ ဗုတ်စရာ မိတ်တွေရှိပြီး မန့်လည်း မန့်ပေးနိုင်တဲ့သူတွေသာ ဒီဟင်းကို ချက်စားရပါမယ်။
မချက်ခင်မှာ ပြင်ဆင်ရပါမယ်။ အဲဒါကတော့ ကိုယ့်ရဲ့ steem account ကနေ ကိုယ့်ဗုတ်နဲ့မန့်ပေးမယ့်သူတွေကို follow လုပ်ထားပါ။
ပြီးရင်တော့ ဟင်းစကိုင်လို့ ရပါပြီ။
ပထမဆုံး steemauto ကို ရေစင်စင်ဆေးပါမယ်။ ဘယ်လိုဆေးလဲဆိုတော့ password မဟုတ်တဲ့ key နဲ့ သူ့ထဲကို log in ဝင်ပြီး fanbase မှာ ကိုယ် auto vote ပေးချင်တဲ့သူကို setting ချိန်ပေးတာပါ။
လုပ်ပုံလုပ်နည်းကတော့ အောက်ပါ လင့်ခ်ကနေ ဝင်ကြည့်ပါ။ (steemauto ကို ခဏခဏပြောနေလို့ ကြော်ငြာတယ်လို့ မထင်ပါနဲ့နော်။ အကျိုးရှိလို့ တိုက်တွန်းတယ်ပဲ ယူဆပေးပါ။)
ရေဆေးတဲ့အခါ သတိထားရမှာက -
- ဗုတ်ပေးမယ့် vp ကို ကိုယ့် sp ပေါ် မူတည်ပြီး ချိန်ပေးပါ
- မိနစ် ၃၀မှ ဗုတ်အောင် ချိန်ပေးပါ
- တစ်နေ့မှ တစ်ခါပဲ ဗုတ်ခိုင်းပါ
ဘာလို့လဲဆိုတော့ ကိုယ်ဗုတ်စရာ မလိုဘဲ အလိုအလျောက် ဗုတ်ပေးရအောင်ပါ။ မိနစ် ၃၀ နေမှ ဗုတ်အောင် ချိန်ထားတာကတော့ နောက်က ဗုတ်တဲ့သူတွေထက် ကိုယ်က curation reward ပိုရအောင်ပါ။ ကိုယ်ဗုတ်ပေးနိုင်ရင် ပေးနိုင်သလို ပိုပြီး ရပါတယ်။ ကိုယ်အားမှ ဝင်ပေးတာက အလုပ်လည်းများစေသလို ဗုတ်လည်း နောက်ကျနေတယ်လေ။
အဲဒီနောက် ရေဆေးပြီးတော့ steemauto ကို Partiko နဲ့ ရောသမမွှေပါမယ်။ သူကတော့ မန့်အတွက် အဓိကထားသုံးရမှာပါ။ သူ့ကို သုံးရင် points တွေ ရပြီး သူနဲ့ post တင်ရင် အဲဒီ point တွေကနေ upvote အဖြစ် ပြောင်းလဲနိုင်ပါတယ်။
- ပုံပါအတိုင်း Partiko ရဲ့ Home က Feed ကို ဝင်ပါမယ်။
- အဲဒီမှာ ကိုယ် follow လုပ်ထားတဲ့အကောင့်တွေ တင်သမျှ ပေါ်လာပါတယ်။ အားတဲ့အချိန်တိုင်း ဝင်ပြီး မန့်ပေးနေပါ။
- ဒါဆို point တွေ ရနေသလို pro တင်ထားတာအတွက် ဗုတ်နဲ့ မန့် ပြည့်မီအောင် လိုက်ပေးဖို့လည်း အပန်းမကြီးတော့ပါဘူး။
- Partiko ရဲ့ Home က feed မှာ pro တင်တဲ့သူတွေရဲ့ post တွေ ပေါ်နေအောင် သူတို့ကို follow လုပ်ထားဖို့တော့ မမေ့လိုက်ပါနဲ့။
- Partiko ကနေ ရနိုင်တဲ့ point တွေကိုတော့ အောက်ပါ screenshot မှာ ကြည့်ကြည့်ပါ။ သူ့ဗုတ်ကို သုံးချင်ရင်တော့ သူ့အပလီကေးရှင်းနဲ့ ပို့စ်တင်ပေးရပါမယ်။
အခုလို steemauto နဲ့ partiko ကို ရေသမမွှေလိုက်တော့ pro အတွက် တကူးတကလုပ်စရာ မလိုတော့ဘဲ sbd နဲ့ sp ဆိုတဲ့ ဟင်းအရသာကို ရရှိပါတော့တယ်။
နောက်ဆုံး အချိုပွဲ မြည်းချင်ရင်တော့ wafrica ကို follow လုပ်ပြီး သူ့ကို tag ထဲမှာ ထည့်ပေးပါ။ esteem နဲ့ တင်တဲ့သူတွေကလည်း myanmar, esteem နဲ့ esteem-myanmar tag တွေကို ပါအောင် ထည့်ပေးပါ။ ၄င်းတို့ဆီက အပိုဆောင်း upvote တွေ ရပါက ကိုယ့်အတွက် ပိုပြီး အကျိုးရှိသွားစေပါမယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
MSC 176