ဥာဏ်ပညာဆိုသည်မှာ ...
ဒိဗ္ဗစက္ခု ဥာဏ် ရချင်လိုက်တာ ...
ဒါဆိုရင် ထိုင်ရာမထ အားလုံးကို သိနေတော့မယ် ... မြင်သာအောင် ဒိဗ္ဗစက္ခု လို့ ပြောပေမယ့် အဓိကတော့ အားလုံးကို ဖောက်ထွင်းမြင်ရတာကို လိုချင်တာပါ ... ဖဲသုံးချပ်ကစားတာ ... ထီထိုးတာတွေမှာ winner ဖြစ်အောင် လုပ်နိုင်တော့မယ် ... ဥပဒေထဲက နည်းလမ်းတွေနဲ့ ချမ်းသာတော့မယ် ...
ဒီလို စိတ်ကူးမျိုး ဘိုးတူးမှာ ပေါ်နေတာ ကြာပါပြီ ... စာအုပ်တွေလည်း လိုက်ဖတ်တယ် ... တရားထိုင်တယ် ... သမာဓိတက်အောင် လုပ်တယ် ... ကသိုဏ်းကျင့်စဉ်တွေ ကျင့်တယ် ... နေကသိုဏ်းဆိုတာ ကျင့်ကြည့်တယ် ... မျက်စိနာလာလို့ ဆရာဝန်နဲ့ ရက်အတန်ကြာ ပြလိုက်ရတယ် ... သမာဓိကောင်းအောင် ဆိတ်ငြိမ်ရာမှာ တရားထိုင်ကြည့်တယ် ... လူသူ မရှိတဲ့ နေရာဖြစ်လို့ ပတ်ဝန်းကျင်က တိတ်နေပေမယ့် ဗိုက်ထဲက ပိုးမျိုး ရှစ်ဆယ်ရဲ့ ခုန်ပေါက်အော်ဟစ်သံကိုတော့ နားမခံသာအောင် ကြားနေရလို့ အလံဖြူထောင်လိုက်ရတယ် ... အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတာ ဒါမျိုးလားပေါ့ ...
ဟုတ်တယ် ... သူဋ္ဌေးကြီးတွေများ ကြည့်စမ်း ... ဒိဗ္ဗစက္ကုဥာဏ်တွေ ရနေကြတယ် ... ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လို စီမံကိန်းရှိမလဲ ... ဘယ်အချိန်မှာ ဘာတွေ လှောင်ထားရင် ဘယ်လောက်မြတ်မလဲ ... ဘယ်နေရာမှာ ရင်းနှီးလိုက်ရင် ဘယ်လောက် အမြတ်ရမလဲ ... သူတို့များ သိပဲ သိနိုင်ပါ့ ... ကိုယ်တွေလည်း သူတို့လို တန်ခိုးတွေ ရချင်လိုက်တာ ... ဘယ်အချိန်များ ကိုယ့်နေရာက ကျူးကျော်ဆိုပြီး ဖျက်ပေးရမလဲ ... ဆန်ဈေး ဆီဈေးက ဘယ်တော့ တက်မလဲ ... မသိခြင်းတွေနဲ့ ရင်တမမဖြစ်နေရတယ် ... သြော် ... လူ့ဘဝဆိုတာ သည်းထိတ်ရင်ဖိုနိုင်လွန်းလှပါလား ... ဟိုတစ်လောက ကြားပါတယ် ... လင်မယားနှစ်ယောက်စလုံး ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီး သတ်သေတာတော့ ... လင်က မိန်းမနဲ့ ကလေးကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါ သတ်သေသွားတာတို့ ... သေရေးထက် နေရေးက ခက်ခဲတဲ့ လောကမှာ အလွယ်ဆုံး လမ်းကြောင်းကို ရွေးသွားတာ မဆန်းပါဘူး ...
ဒီတော့ ဘိုးတူးတစ်ယောက် ဘာတွေ လုပ်မိမှန်းမသိ လုပ်မိတာလည်း ပိုတောင် မထူးဆန်းပါဘူး ... ထီပေါက်ရင် ဘဝပြောင်းမယ်ဆိုလို့ ရှိစုမဲ့စုအထဲကနေ ခြစ်ကုပ်ပြီး ထိုးကြည့်ပါတယ် ... ၅ သောင်းဆုလေးတောင် မပေါက်ဘူး ... ထီဖိုးက နည်းနည်းချင်းစီ ကုန်ပေမယ့် အခုဆိုရင် စုစုပေါင်း တစ်သိန်းမကတော့ဘူး ... တစ်သိန်းဆုပေါက်ရင်တောင် အရင်း မကျေဘူး ... ဆိုက်ကားခကလည်း အရမ်းတောင်းလို့ မရဘူး ... တက္ကစီကားခနီးပါးဖြစ်သွားရင် လူ့အကျင့်အရ ကိုယ့်ဟာကို ဘယ်မှာ စီးတော့မှာလဲ ... ထွက်ငွေက ဝင်ငွေကို ကျော်တက်သွားတဲ့အခါ စိတ်ရူးတွေက ပေါက်ပေါက်လာတော့တယ် ...
ဆက်လက်ဖော်ပြပါမည် ...
MSC 176