Drugwars မှာ အပြောင်းအလဲက မြန်လွန်းပါတယ်။ ပထမဆုံး ဝက်ဘ်ဆိုက်လိပ်စာပြောင်းသွားတယ်။ နောက်တစ်ခါ unit တွေရဲ့ပုံစံတွေ ဈေးနှုန်းတွေ ပြောင်းလဲသွားပြန်ရော။ ဆော့နေရင်း upgrade တွေ အဆင့်ဆင့်လုပ်လာတယ်။ ပထမဆုံး စစ်ဖြစ်တော့ ကိုယ့်ဘက်က အင်အားနည်းပေမယ့် အသာရနေတယ်။ ဘာကြောင့်လဲဆိုတော့ unit တွေ တစ်ကောင်စီ အမျိုးစုံအောင် ထည့်ရင် ဘယ်လောက်ပဲ အင်အားကြီးပါစေ အသေအပျောက်များတယ်။ အကောင့်အများကြီးကနေသာ အကြိမ်ကြိမ်တိုက်ကြည့် ... အဲဒီမသာမှ မသေရင် သေမယ့် မသာဆိုတာ မရှိတော့ပါဘူး။ ဒါပေမဲ့ Drugwars developer တွေက ဒီအားနည်းချက်ကို ပြန်ပြင်လိုက်တယ်။
ဒီကြားထဲမှာ Hubo နဲ့ Spy တိုးလာတယ်။ ကနဦးမှာ Hubo ကို စုဆောင်းလို့ မရဘူး။ ဘယ်ကောင်ဘဲ လာတိုက်တိုက် သူက အရင်ကြွနေတယ်။ ဒါနဲ့ သူများကို တိုက်ခါနီးမှ Hubo ကို ဝယ်စုရတယ်။ နောက်ပိုင်း ဘယ်အကောင်ပဲ လာတိုက်တိုက် Hubo နဲ့ Spy က နေမြဲ အေးစေပဲ ရှိနေတော့တယ်။ ဒီအခွင့်အရေးကို အရယူပြီး ယာကူဇာ ငနဲသားကို ဖြုတ်ခဲ့တာ။ ကိုယ့်မှာ ဘာအကောင်မှ ဝယ်မနေဘူး။ လာတိုက်လည်း ပြုံးပြုံးလေးပဲ။ resources ရတာနဲ့ Hubo ဝယ်ပြီး လွှတ်ပေးလိုက်တယ်။ Hubo တစ်ကောင်ကို Rody တစ်ကောင်သေတယ်။ Hubo 7 ကောင်ကို Bouncer 1 ကောင်သေတယ်။ ကိုယ့်တွက်ကိန်းနဲ့ ကိုယ်လွှတ်တယ်။ ကြားထဲမှာ ငနဲသားက အာလာချောင်တယ်။ မင်းတိုက်နေတာက ငါ့အကောင်တွေ လျော့မသွားဘူး။ တိုးပဲ လာတယ်တဲ့။ ကိုယ်ကလည်း ပြန်ပြောတာပေါ့။ မင်းကို နှောင့်ယှက်ရုံပဲ လုပ်နေတာ။ အပျောက်ရှင်းချင်တယ်ဆိုလည်း ရတယ်။ တစ်ပတ်ပဲ စောင့် ... ငါလာမယ်ပေါ့။ တစ်ပတ်တောင် မကြာပါဘူး။ လေးရက်တည်းနဲ့ သူ့အကောင့်တွေ ကိစ္စချောသွားတယ်။ လျှာရှည်ခြင်းရဲ့အကျိုးပေါ့။
Hubo သုံးတာ ပြောအပြီးမှာ spy ကို သုံးနည်းလည်း ပြောဦးမယ်။ သူက ၃ မိနစ်ပဲ ကြာတယ်။ အသွားအပြန်။ ဒီတော့ သူ့ကို များများဝယ်ပြီး ယူနစ်မရှိတဲ့အကောင်တွေကနေ resources ယူလို့ ရတယ်။ ဒါပေမဲ့ တစ်ခု စိုးရိမ်စရာရှိတာက ဟိုဘက်မှာ Rody တစ်ကောင်တည်း ရှိတာနဲ့တင် ကိုယ့်အကောင်အကုန်သေတယ်။ ဒါကြောင့် Hubo ကို တစ်ဖက်လူ active မဖြစ်တဲ့ အချိန်မှာ လွှတ်ပြီး spy ကိုတော့ သေချာမှ လွှတ်ပေးတယ်။
အခု Target မှာ upgrade တစ်ခု လုပ်ပြန်ပြီ။ ဘာလဲဆိုတော့ spy ကို တိုက်ရိုက်လွှတ်လို့ ရတာပါ။ ဒါဆိုရင် အချိန်ကုန်အတော်လေး သက်သာသွားပါပြီ။ ဆိုးကျိုးကတော့ heist တာတွေ တိုက်တာတွေ ပိုများလာပါမယ်။ reward လည်း ပိုနည်းလာပါမယ်။ ကိုယ်ကတော့ ကိုယ့်အကောင့်သေးတွေကို rody 2 ကောင်စီ ဖြည့်ထားတယ်။ လာသမျှ spy တွေ သေအောင်လို့။ resource က ဘာမှ မရှိပါဘူး။ နည်းနည်း ညစ်ကြည့်တာပေါ့။ လောဘအိုးတွေကိုလေ။
MSC - 176