(Computer Aided Translator တစ်ခုကို မိတ်ဆက်ပေးပါရစေ)
လေ့လာကြည့်ကြပါဦး...CAT အကြောင်း နောက်ပိုင်းမှာ ရှင်းလင်းဖော်ပြသွားပါမယ်)
http://www.freetm.com မှတစ်ဆင့် သင်၏ browser တွင် wordfast Anywhere ဝက်ဘ်ဆိုက်ကို အသုံးပြုနိုင်ပါသည်။ အပြည့်အဝစိတ်ချရသော SSL (https) လိုင်းချိတ်ဆက်မှုကို ရရှိအောင် https://www.freetm.com URL ကို အသုံးပြုပါ။ WFA ဝက်ဘ်ဆိုက်သည် သင့်အရှေ့တွင် ဖော်ပြပါစခရင်နှင့်အတူ ပေါ်လာပါမည်။
Page ၏ မူလစာကိုယ်သည် သင်၏အကောင့်အီးမေးလ်နှင့် စကားဝှက်ထည့်ရမည့် login form ဖြစ်ပါသည်။ အောက်ဘက်တွင် အကောင့်သစ်ဖွင့်ဖို့နှင့် သင်၏စကားဝှက်ပြန်ရစေသည့် လင့်ခ်များရှိပါသည်။
ညာဘက်ထိပ်ဘက်တွင် icon တချို့ကို တွေ့ပါလိမ့်မည်။
- Wordfast Anywhere Twitter : ဝန်ဆောင်မှုအဆက်ပြတ်မှုနှင့်ဆိုင်သည့် အကြောင်းကြားချက်များကို ထိုနေရာတွင် တင်ပေးပါသည်။
- Wordfast Facebook page : Wordfast အဖွဲ့နှင့်ပတ်သက်သည့် သတင်းများကို ရှာဖွေရန်
- Wordfast youtube channel
- Contact form : log in မဝင်ခင် ဖြစ်ပေါ်နိုင်သည့် ချွတ်ယွင်းမှုများကို သတင်းပို့ရန်။ နည်းပညာပိုင်းအထောက်အကူသည် အင်္ဂလိပ်ဘာသာဖြင့်သာ ရှိပါသည်။
- Information : စတင်အသုံးပြုနည်းကို ဖွင့်ရန်
ညာဘက်အောက်နားတွင် page ၏ ဘာသာစကားများကို ပြောင်းရန် အလံများကို တွေ့ပါလိမ့်မည်။
Before Login (login မဝင်ခင်)
How to create an account ( အကောင့်တစ်ခုဖွင့်နည်း)
အစပိုင်း page (အပေါ်ကို ကြည့်ပါ) တွင် အကောင့်ဖွင့်သည့်ပုံစံပေါ်လာရန် Create a new account ကို နှိပ်ပေးပါ။
ထည့်ပေးရန် :
- ရှိထားသောခိုင်လုံသည့်အီးမေးလ်လိပ်စာတစ်ခု။ အကောင့်ကို အသက်သွင်းရန်နှင့် သင်၏စကားဝှက်ကို ပြန်ရရန် ၄င်းကို အသုံးပြုပါမည်။
- လုံခြုံစိတ်ချသောစကားဝှက်။ ၄င်းတွင် စကားလုံး အနည်းဆုံး ၈လုံးနှင့် ဂဏန်းအနည်းဆုံး ၁ လုံး ပါဝင်သင့်ပါသည်။
- သင်သည် စက်ရုပ်မဟုတ်ကြောင်း သက်သေပြရန် captcha ကို အမှန်ခြစ်ပေးပါ။
ဖြည့်ထားသည်များ မှန်ကန်ပါက သင့်အကောင့်ကို အသက်သွင်းရန် အီးမေးလ်လိပ်စာသို့ အီးမေးလ်တစ်စောင် ပို့ပေးပါမည်။
ဖြစ်နိုင်သည့်ပြဿနာများမှာ :
- အီးမေးလ်လိပ်စာမှားခြင်း
- စကားဝှက်မှားခြင်း။ ၄င်းတွင် စကားလုံး အနည်းဆုံး ၈လုံးနှင့် ဂဏန်းအနည်းဆုံး ၁ လုံး ပါဝင်သင့်ပါသည်။
- Captcha ကို အမှန်ခြစ်မခြစ်ခြင်း သို့မဟုတ် သက်သေပြမှု မအောင်မြင်ခြင်း
onditions & terms လင့်ခ်ကို နှိပ်ခြင်းဖြင့်လည်း စည်းကမ်းနှင့် မူများကို ဖတ်ရှုနိုင်ပါသည်။
Login in to WFA account (WFA အကောင့်ကို login ဝင်ခြင်း)
သင်၏အခမဲ့အကောင့်ကို ဖွင့်ပြီးသွားလျှင် အီးမေးလ်လိပ်စာနှင့် သင်၏စကားဝှက်ကို ထည့်ပြီး Log In ကို နှိပ်ခြင်းဖြင့် အကောင့်အထဲ ဝင်ပါ။
ပထမဆုံးအကြိမ် login ဝင်ရာတွင် အကောင့်၏ ကနဦးအစီအစဉ်ကို သတ်မှတ်ရန် လိုအပ်ပါသည်။ ထိုအစီအစဉ်သည် အနည်းအကျဉ်းသာ ရှိပြီး ချက်ချင်း စတင်ဘာသာပြန်ဆို၍ ရစေပါသည်။ သင်၏အစီအစဉ်ကို နောက်မှ ပြောင်းလဲနိုင် ပြင်ဆင်နိုင်ပါသည်။
သင်ဘာသာပြန်သည့် ဘာသာစကားအတွဲ (မူလနှင့်ပြန်ဆိုသည့်ဘာသာ)ကို သတ်မှတ်ရမည်။ အင်္ဂလိပ်သည် ကမ္ဘာတွင် အသုံးအများဆုံးဘာသာစကားဖြစ်သောကြောင့် ၄င်း၏ကုတ် ( EN ) ကို ပုံသေသတ်မှတ်ထားပါသည်။ ရရှိနိုင်သော အင်္ဂလိပ်အတွဲစာရင်းကို ရရှိရန် Source Lanuage code အကွက်ရှိ EN ၏ ညာဘက်တွင် မျည်းရှည်တစ်ခုကိုထည့်ပါ။
အကယ်၍ သင်ပြန်ဆိုသည့်စာရွက်စာတမ်းတွင် မူလဘာသာစကားက အင်္ဂလိပ်မဟုတ်လျှင် ၄င်း၏ကုတ်ကို ထည့်ပါ။ ပထမဆုံးစာလုံးသည် ရရှိနိုင်မည့်ဘာသာစကားနှင့် မူကွဲများကို ပြသပါမည်။ ဥပမာ -
သင်၏မူလဘာသာစကားနှင့် မူကွဲ (ရှိပါက) ကို ရွေးပါ။ ထို့နောက် ပြန်ဆိုမည့်ဘာသာစကားကို ထပ်ရွေးပါ။ နောက်ဆုံးတွင် OK ကို နှိပ်လိုက်ပါ။
သင်က ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း ဖြစ်ပါကFile tab တွင် စာရွက်စာတမ်းစာရင်းသည် အလွတ်ဖြစ်နေပါသည်။ TM အလွတ်တစ်ခု ရှိထားပြီး ၄င်းကို TM panel တွင် မြင်နိုင်ပါသည်။
(ဆက်လက်ဖော်ပြသွားပါမည်)
MCS 176