Wordfast Anywhere ကို စတင်အသုံးပြုနည်း Intro-1
Upload a document (စာရွက်စာတမ်းကို ထည့်ခြင်း)
သင်၏စာရွက်စာတမ်းကို ဘာသာပြန်ရန် ပထမဆုံး ၄င်းကို WFA အတွင်းသို့ ထည့်ရပါမည်။ ထိုသို့လုပ်ဆောင်ရန် upload button ကို နှိပ်ပါ သို့မဟုတ် ဖိဆွဲပြီး ထည့်ပေးပါ။
Translating a document (စာရွက်စာတမ်းတစ်ခုကို ဘာသာပြန်ဆိုခြင်း)
Document translation (စာရွက်စာတမ်းဘာသာပြန်ဆိုခြင်း)
သင်၏ TM နှင့် စာရွက်စာတမ်းသည် ယခု အသင့်ဖြစ်နေပါပြီ။ ဘာသာပြန်ခြင်းကဏ္ဍကို စတင်နိုင်ပါပြီ။
Translation tab မှ Start/Next button ကို နှိပ်ပေးပါ။ ပထမဆုံးအပိုင်းပွင့်လာပါသည်။
အပိုင်းများနှင့်ပတ်သက်ပြီး အခြေခံသိသင့်သည်များ
• မူလအပိုင်းသည် ပုံသေဖြစ်ပြီး ပြင်ဆင်၍ မရပါ။
• ပြန်ဆိုသည့်အပိုင်းကို ပြင်ဆင်နိုင်ပါသည်။ ၄င်းနေရာတွင် သင်၏ဘာသာပြန်ကို ရိုက်ထည့်သည်။
• အပိုင်းကို သုံးမျိုး မြင်နိုင်ပါသည် : Classic, Horizontal (ပုံသေ) နှင့် vertical တို့ဖြစ်ပါသည် (ပြောင်းလဲရန် View tab မှ Doc Layout button သို့ သွားပါ)
• TM မှ အဆိုပြုချက် မရှိလျှင် WFA ရှိ Machine Translation (MT) က ပြန်ဆိုသည့်ဘာသာစကားကို ကြိုတင်ဖြည့်ပေးပါသည်။ Machine Translation ကို လိမ္မော်ရောင်နောက်ခံဖြင့် ပြထားပါသည်။ (မှတ်ချက်ါ် Wordfast Anywhere တွင် MT ကို ပိတ်ထားနိုင်ပါသည်။ (Wordfast Anywhere tab => Setup button => Setup Machine Translation link).
• TM တွင် မူလစာသားအတိအကျရှိလျှင် ( လုံးဝတူညီသည် သို့ ရာနှုန်းပြည့်တူညီသည်) ဆီလျှော်သော ဘာသာပြန်မှုကို အစိမ်းရောင်နောက်ခံဖြင့် ပြထားပါသည်။
• TM တွင် မူလစာသားတူညီစွာရှိလျှင် ( ရာနှုန်းပြည့်တော့ မတူညီပါ) ၄င်းဘာသာပြန်ဆိုမှုကို အဝါရောင်နောက်ခံဖြင့် ပြသပြီး ကွဲပြားသည်များကို အရောင်ခြယ်ပေးထားပါသည်။
• ဘာသာပြန်ပြီးသားအပိုင်းကို ပြန်ဖွင့်မိလျှင် ရှိနေသော ဘာသာပြန်သည် ပန်းရောင်နောက်ခံပြောင်းသွားပါမည်။
၎င်းအခြေခံလုပ်ဆောင်မှုအတွက် Alt နှင့် Down ကို တွဲနှိပ်ရန် အကြံပြုပါသည်။ သာမန်လုပ်ဆောင်မှုများတွင် ဖြတ်လမ်းနည်းဖြင့် ဆက်စပ်နေပါသည်။ (Wordfast Anywhere tab => Setup button => Shortcuts tab ကိုကြည့်ပါ)
ဘာသာပြန်သည့်အပိုင်းကို အဆုံးသတ်ရန် Close button ကို နှိပ်ပါ။
WFA က ဖိုင်ဆိုဒ်ကြီးသည့် စာရွက်စာတမ်းကို ဆွဲယူပါက စာသားများအားလုံးကို စခရင်တွင် မမြင်နိုင်ပါ။ ဘာသာပြန်နေသည့်အတွင်း စာရွက်စာတမ်းကို နည်းနည်းစီ ဆွဲယူပါသည်။ သို့သော်လည်း View tab ရှိ button များကို အသုံးပြုပြီး စာရွက်အတွင်းပိုင်းသို့ ရွေ့ပြောင်းနိုင်ပါသည်။
ဘာသာပြန်ရာတွင် အကူအညီရရန် အလိုအလျောက်အကြံပြုသည့်လုပ်ဆောင်ချက်ကို ပုံသေဖွင့်ထားပါသည်။ ၄င်းသည် ဘာသာမပြန်ရသေးသည့် စကားလုံးများ စကားစုများ ဝေါဟာရများကို အဆိုပြုပေးပါမည်။ မူလအပိုင်းမှ tag တစ်ခုကို ပြန်ကူးချင်ပါက tag proposal ကို ဖွင့်ပေးရန် < ဟု ရိုက်ထည့်ပါ။
Document delivery (စာရွက်စာတမ်းပို့ခြင်း)
- File tab ကို နှိပ်ပါ
- Download button ကို နှိပ်ပါ
- ဘာသာပြန်ထားသည့် စာရွက်စာတမ်းကို ရွေးချယ်ပြီး OK button ကို နှိပ်ပေးပါ
ဒေါင်းလုတ်ဆွဲပြီးပါက စာရွက်စာတမ်းများကို အတည်ပြုပါ။ သင့်အလုပ်နေရာတွင် မည်သည့်အချိန်တွင်မဆို စာရွက်စာတမ်း ၁၀ ခုထက် ပိုရှိ၍ မရပါ။ နောက်ထပ် စာရွက်စာတမ်းများအတွက် နေရာလွတ်ရှိအောင် အတည်ပြုပြီးပါက အလုပ်နေရာမှ ဘာသာပြန်ထားသည့် စာရွက်စာတမ်းများကို ဖျက်ပစ်ပါ။
MSC 176