ကျွန်ပ်နှင့်ကြုံရဆုံ နာမ်လောက ၎
ထိုအဖြစ်အပျက်များမတိုင်ခင်ကျွန်ပ်သည် ထူးခြားသောအိပ်မက်တခုမက်မြင်ခဲ့သည်။ အဘိုးကြီးတယောက်သည် ကျွန်ပ်အား..သား.ကိုအဘိုးဓာတ်ကူးပေးထားတယ် လို့ပြောသည်။ ထိုနေ့မှစ၍ကျွန်ပ်သည် သာမာန်ရောဂါကိုမန်းပြီးကုနိုင်လာလေသည်။
ကျွန်ပ်သည် အဘွားဖြစ်သူနေမကောင်းသောကြောင့် ၇ရက်ထိထိမန်းပေးရသည်။ ကျွနပ်မအားသည့်တရက်တွင် ပြန်ပြီးရောဂါဖြစ်လာသည်။ သို့နှင့်ကျွန်ပ်သည် အကို့ထံမှ အင်းစက္ကူကိုယူကာ..အင်းစမ ကိုးချပ်ဆွဲလိုက်သည်။ အကိုဖြစ်သူက သိဒ္ဓိတင်ပေးသည်။ ကျွနပ်ကိုယ်တိုင်မတင်သည်မှာကား.ကျွန်ပ်သည် ဒုတိယအဆင့်သာဖြစိပြီး အကိုကမူတတိယအဆင့်ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်ပ်လည်းအဘွားအိမ်တွင် ထိုအင်းချပ်တို့ကိုယူကာ..ဘုရားရှေ့မှောက်ထံတွင်. သစ္စာဆိုပြီးနောက် ရေနွေးကြမ်းထဲသို့ အင်းပြာထည့်ဖို့လုပ်သည်။ ခက်သည်ကား ဇာရနာမပါပေ။ သို့နှင့်ကျွန်ပ်လက်နှင့်ပင်ကိုင်ကာ မီးရှို့လိုက်သည်။ အံသြဖို့တော့ကောင်းသည်၊ ကျွန်ပ်လက်သည် မီးဖြင့်ရှို့ခံရသောကြောင့်အပူလောင်သွားသောလည်း ပြင်းပြင်းထန်ထန်ဘာမှမရှိပေ။ ယုတ်စ§ွအဆုံးအပူဖုပင်မပေါက်ပေ။ အာရုံဖြင့်ကြည့်တော့ ဆရာသခင်များကိုဖိတ်ထားသဖြင့်ရောက်ရှိနေသောကြောင့်ဖြစ်သည်။ သို့နှင့် ကျွန်ပ်လည်း အဘွားဖြစ်သူကိုပေးတိုက်လိုက်လေသည်။ အံသြဖို့ကောင်းလေစွ။ ထ၍ပင်မရသောအဘွားမှာ ထလျှောက်ကာ.လှေကားအတတ်အဆင်းပင်လုပ်လိုက်လေသည်။
အဘွားဖြစ်သူနေကောင်းသွားသည်။ နောက်တရက်ခနိ့အကြာတွင် အကိုဖြစ်သူမှာ ဖျားချင်ချင်ဖြစ်သည်။ ကျွန်ပ်လည်း ဒီတခါအင်းမသုံးဘဲ့...ဓာတ်ကူးပေးသည်းအဖိုးအား တိုင်တည်ကာ.ဂုဏ်တော်သုံးပါးနှင့်တကွ ရေကိုမန်းလိုက်လေသည်။ သို့နှင့် ကျွန်ပ်သည် ကိစ္စတခုကြောင့်အပြင်ထွက်ကာအကိုဖြစ်သူအားထိုရေတိုက်ရန်..မရီးအားပြောခဲ့လေသည်။.
ကျွန်ပ်ပြန်ရောက်တော့ အကိုဖြစ်သူကပြောသည်။ ညီလေးရဲ့ရေမန်းမှာ ပူစီဖောင်းတွေထနေတယ်၊ စပိုက်ထင်နေတာ...ရိုးရိုးရေဖြစ်နေတယ်.ဒါပေမယ့်နည်းနည်းတော့ချိုတယ်လို့ပြောသည်။ သို့နှင့် ကျွန်ပ်လည်း သိပ်မအံသြပေ။ အဘယ်ကြောင့်ဆိုသော်..အဓိငှါန်ဖြင့်တိုက်သောကြောင့်ဖြစ်သည်။
ထိုကိစ္စများအပြီးကျွန်ပ်သည်. . .စိတ်ဆိုးစိတိမိုက်များကင်းဝေးစေရန် သစ္စာရေကိုသောက်ဖို့ ပုတီးစိပ်သည်။ တရားထိုင်သည်။ ပူဖောင်းသုံးလုံးလေးလုံးသာမြင်သော်လည်း.ထူးခြားမူကိုပြပါဟုဆိုသောအခါ..အံသြစရာပင်..ထိုရေကိုသောက်လျှင် ကြက်သွးမွေးညှင်းနုလေးများ.လက်တလျှောက်ထကာ..ခေါင်းဆံပင်မွှေးမှာလည်းထထောင်ကုန်လေသည်။ လူမှာလည်း .စိတ်လက်ပေါ့ပါးသွားကာ... လေပေါ်လမ်းလျှောက်တကဲ့သို့ဖစ်သည်။ ရေမှာရိုးရိုးရေဖြစ်သော်လည်း ရေခဲရိုက်ထားသလိုဖြစ်ကာအနည်းငန်တန်တန်၊ဖန်တန်တန်ဖြစ်နေလေသည်။
နောက်ကိစ္စများဆက်ပါဦးမည်။