ကျွန်ပ်နှင့်ကြုံရဆုံရနာမ်လောက ၂
ကျွန်တော်သည် ၁၈နှစ်ခန့်တွင် ဝယမပတောင်စဉ်ပညာပထမအဆင့်ကိုရယူခဲ့သည်။ ဆရာဖြစ်သူမှာ စည်ပင်အင်ဂျင်နီယာတယောက်ဖြစ်ပြီး လာဘ်မစားသောကြောင့်ဆင်းရဲဒုက္ခခံစားရသော်လည်း အခုချိန်တွင်မူ ချမ်းသာသည့်အထဲပါသည်။ ကျွန်တော်သည်လည်း engineerတယောက်ဖြစ်သော်လည်း နာမ်လောကကိုလက်ခံယုံကြည်သည်။ အစကမယုံသော်လည်း လေ့လာစမ်းစစ်ပြီးမှယုံတတ်မယုံတတ်သောအကျင့်ကြောင့်လုံးဝယုံသွားသည်။ လောကတွင်ယုံသူမယုံသူရှိသည်ကားဓမ္မတာပင်ဖြစ်သည်။ သို့အတွက်တကယ်ရှိသည်ဟုလက်ခံသည်ဖြစ်စေ၊ မလက်ခံသည်ဖြစ်စေ. ဖြေရှင်းချက်ထုတ်မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ကိုယ်တွေ့ဖြစ်စဉ်တောင်မှ အလိမ်အညာအတုအယောင်ပေါများသောကြောင့်ဖြစ်သည်။ ကျွန်တော်ကား ကံကောင်းလွန်း၍ ဝယမပတောင်စဉ်ပညာကို ဒုတိယအဆင့်ထိရရှိခဲ့လေသည်။
ဝယမပတောင်စဉ်ပညာဆိုသည်မှာ..ရောဂါ၊ပရလောကရောဂါကိုကုသခြင်းဖြစ်သည်။ တချို့ပယောဂဆရာများကဲ့သို့ ဝင်ပူးခိုင်းကာ ဆေးကြိမ်နှင့်ရိုက်ခြင်း၊ ပရလောကသားများကိုနှိပ်စက်ခြင်းမဟုတ်ပေ။ ပယောဂရှိသူအား ရေမန်းတိုက်၊ပြင်းထန်လျှင် အင်းပြာတိုက်ကာ ကုသခြင်းတမျိုးပင်ဖြစ်သည်။ ပြာသောက်လျှင်တချို့က ကင်ဆာဖြစ်သည်ဟုဆိုသည်။ ထိုစကားကားမမှားသော်လည်းမမှန်ပေ။
ကျွန်တော်၏အတွေ့အကြုံကားလွန်စွာနည်းပါးလှပေသည်။ သို့သော်ထူးခြားမှုများစွာကြုံတွေ့ရသည်။ ပထမဆုံးထူးခြားချက်အတွေ့အကြုံမှာ ထိုဝယမပတောင်စဉ်ပညာကိုမယူခင် ၁၅နစ်အရွယ်တွင်ဖြစ်သည်။ ကျွန်တော်သည် ထိုစဉ်က အရဟံဂုဏ်တော်ကို တနေ့လျှင် ၉ပတ်စိပ်သည်။ ၆လနီးပါးပုံမှန်ဖြစ်သော်အခါ.အမြင်အာရုံထူးတခုကိုရရှိခဲ့လေသည်။ ထိုစဉ်ကကလေးသာသာမို့ ကိုစိတ်မထိန်းနိုင်၊ သူတပါး၏အတွင်းကိစ္စများအထိအမြင်အာရုံဖြင့်ကြည့်မိသည်။ ကျွန်တော်ပြောသည့်အတိုင်းမှန်သည်။ အဘိုးဖြစ်သူကတော့ မြင်တိုင်းလျှောငိမပြောနှင့်ဟုဆိုသည်။ လက္ခာပညာကိုအနည်းငယ်သာလေ့လာဖူးသောလည်း အပျော်သဘောဟောသမျှအကုန်မှန်သည်။ ဤတော့ကလေးစိတ်ဖြစ်သောကျွန်တော်မှာ ငါသိငါတတ်စိတ်ဝင်လာခဲ့သည်။ ထိုစဉ်ကဆယ်တန်းအောင်ကာစဖြစ်သည်။ ဖြစ်ချင်တော့ အပေါင်းအသင်းဆွယ်သော်လည်းတခါမှအရက်မသောက်ဖူးသည့်သူက အရက်သောက်မိလေသည်။ ထိုစဉ်တွင်အမြင်အာရုံကရှိသေးသည်၊မပျောက်ကွယ်သေးပေ။ အိမ်ကပိုက်ဆံလည်းခိုးသည်၊ ဘယ်နေရာဘာရှိသည်ကိုသိတာကိုး။
သို့နှင့် တပတ်ခန့်မကောင်းမှုလုပ်မိသည်။အမြင်အာရုံကားမပျောက်သေးပေ။
ကျွန်ပ်စဉ်းစားမိသည်။ မကောင်းမူပြုသော်လည်းအဘယ်ကြောင့်မပျောက်သနည်း။ မာရ်နတ်၏လှည့်စားမှုကြောင့်ဟု စာအုပ်ထဲတွင်ဖတ်ဖူးသည်။ ဘိုးတော်များပျက်စီးရသည့်အထဲတွင် မကောင်းမူပြုသော်လည်း စွမ်းအားကမလျော့သောကြောင့်ဖြစ်သည်။ ထို့အတူ တခြားဝိဇ္ဇာဇော်ဂျီများက သူတို့ထက်တန်ခိုးကြီးမှာစိုးရိမ်သောကြောင့်လည်းကောင်း၊ ပညာစမ်းသောကြောင့်လည်းကောင်း၊ ထိုအစွမ်းကိုမရုတ်သိမ်းပေ။ အမှန်စင်စစ် အကြားအမြင်အထင်တို့သည် မိမိစွမ်းအားကြောင့်ရသည်ကမရှိသလောက်နည်းသည်၊ မိမိတို့၏ဆရာ မိမိတို့၏ နတ်တို့၏စွမ်းအားကြောင့်လည်းကောင်း၊ တစ္ဆေသရဲတို့၏ထောက်ပ§ံ္ပမူကြောင့်လည်းကောင်း ထိုအာရုံတို့ရသည်။(ဤကားဗဟုသုတအနေဖြင့်မှတ်ပါ၊ အကြားအမြင်အထင်ပေါက်နေသူတို့အားစွတ်အထင်မကြီးရန်ရည်ရွယ်ပါသည်)
ကျွန်တော်သဘောပေါက်သည့်အချိန်မှစ၍ မကောင်းမှုကိုမလုပ်ဘဲနေပြီးဘုရားတရားလည်းသိပ်မလုပ်ဖြစိတော့ပေ၊ ထိုအချိန်ရောက်မှ ထိုအမြင်အာရုံအစွမ်းသည်ပျောက်ကွယ်သွားသည်။ ထိုအစွမ်းသည်ဘာနှငိ့တူသလဲဆိုတော့ မျက်စိမမြင်သူက မျက်စိမြင်တာဘယ်လိုနေလဲလို့ ကြီးမှကန်းသည့်သူကိုမေးသည့်ပုံစံဖြစ်သည်။ ဘယ်လိုရှင်းပြရှင်းပြ နားလည်မည်မဟုတ်ဘဲ့.ကိုယ်တိုင်ကြုံရမှနားလည်မည်ဖြစ်သည်။ ဤကား ကျွန်ပ်ဘဝတွင်ပထမဆုံး အမြင်အာရုံ ရရှိခြင်းဖြစ်သည်။
လောကီလမ်းလိုက်သူများအဖို့ ဆရာမရှိလျှင် အနှောက်အယှက်လွန်ပေါသည်။ လောကုတ္တရာလမ်းကဲ့သို့မဟုတ်ပေ။ ကို့အားကူညီပေးမယ့်ဆရာသခင်ပေါများသလို ကို့အားငရဲအိုးထဲကျအောင်လုပ်မည့်အဖျက်များသည်လည်းပေါများပေသည်။ ကျွန်တော့်အတွေ့အကြုံအရညချမ်းသာသည့်အသိုင်းအဝိုင်းတွင် အောက်လမ်းနှင့်တိုက်ခိုက်မှုများသည်အလွန်ပေါသည်၊ ထိုအောက်လမ်းဆရာတို့သည် ရုပ်ရှင်ကားထဲကဲ့သို့ ဝတိရုံမဲတွေဝတိဘာတွေဝတ်မဟုတ်၊ သူလိုကိုယ်လိုပုံစံဖြစ်သည်။ အမြဲတန်းနိပ်စက်သည်မဟုတ်၊ သာမာန်လူထက်ပင်သီလမြဲသည်။နိပ်စက်သည့်အခါတွင်သာ ပညာစက်ဖြင့်လူသတ်သည်အထိလုပ်သည်။ သို့သော်အောက်လမ်းနည်းမှာအလွန်ပင်ပေါများလှပေရာတရားသေသတ်မှတ်၍မရပေ။ အထက်လမ်းဆရာတွေသည်လည်း ဝတ်စုံဖြူအမြဲမဝတိပေ၊ ကျွန်တော်သိသရမျှတွင် ကျောင်းဆရာ၊အင်ဂျင်နီယာ ဆရာဝန်အစရှိသည့်လူတန်းစားမျိုးစုံပါဝင်ကြသည်။
အောက်လမ်းပညာနှင့်အထက်လမ်းဆရာရှိသလို အထက်လမ်းပညာနှင့်အောက်လမ်းဆရာရှိသည်။ပြောချင်တာက ပညာရပ်အပေါ်မမူတည်ဘဲ့လူအပေါ်မူတည်ခြင်းဖြစ်သည်။
Msc088
Authur Saw Myat Tun
From Myanmar
Photo google credit