မှန်လိုလူ၊ကိုယ့်လိုလူ နှင့် နွယ်ပင်လိုလူ
သင်မှန်ကြည့်ဖူးပါသလား..သင်ဘယ်ဘက်လက်မြှောက်လျှင် မှန်ထဲမှသင်သည်လည်း ဘယ်ဘက်လှည့်ကိုမြှောက်သည်။ သင်နှင့်ထပ်တူထပ်မျှအကုန်လိုက်လုပ်သည်။သို့သော် မှန်ခဲတွင်အမှန်စင်စစ် ဘ်ာဘက်လက်မမြှောက်ဘဲ့ ညာဘက်လက်မြှောက်ခြင်းဖြစ်သည်။
သို့သော် သင်ရဲ့မိတ်ဆွေနဲ့ထမင်းစားသည်ဆိုပါတော့။ သင့်ရဲ့ဘယ်ဘက်လက်ကိုမြှောက်လျှင် ထိုသူလည်းဘယ်ဘက်လက်ကိုမြှောက်သည်။ သို့သော် သင်ရဲ့အမြင်မှာတော့ ထိုသူသည် သင်နဲ့ဆန့်ကျင့်ဘက်လုပ်နေသည်ဟုမြင်လိမ့်မည်။ထိုအခြင်းအရာကိုအမြင်လှည့်စားခြင်းဟုဆိုသည်။ တခါတရံ ကို့ဘက်ကပါသယောင်ကို့အတွက်လုပ်ပေးသည် ထင်နေသောသူသည် အမှန်စင်စစ် ကိုနဲ့ဆန့်ကျင်ဘက်လုပ်နေခြင်းသာဖြစ်သည်။ ထို့အတူ ကို့အကျိုးကိုပျက်စီးအောင်လုပ်နေသူဟုထင်မြင်သောသူသည်လည်း ကို့အကျိုးစီးပွားအတွက်လုပ်ပေးနေခြင်းဖြစ်သည်။ ထိုအချက်မှာအရေးကြီးလေသည်။ သူ့လူကို့ဘက်သားတွေ ကို့လူသူ့ဖက်သားတွေမှာ စီးပွားရေးတွင်သော်လည်းကောင်း နိုင်ငံရေးတွင်သော်လည်းကောင်း နေရာတိုင်းတွင်ရှိသည်။
ယုတ်စွအဆုံးရန်ဖြစ်လျှင်သော်မှရှိလေသည်။ ထိုကြောင့် လူယုံထားရင်အလွန်မှအရေးကြီးသည်။
ထို့အတူ သစ်ပင်များ၌်ရစ်ပတ်တတ်သော နွယ်ပင်များသည် မူလသစ်ပင်ကို ရစ်ပတ်ပီးသတ်သကဲ့သို့တချို့သောလူများသည်လည်း မိမိကိုကျေးဇူးပြုသူအပေါ်၌ ပြစ်မှားစော်ကားတတ်ကြသည်။ထိုနည်းတူ လူတွင်ကျေးဇူးပြုခံရပါက အထက်သို့တတ်ပီး
မူလသစ်ပင်ကလက်ခံသောအခါ. ထိုမူလသစ်ပင်ကိုမှီပြီး.အထက်သို့မြင့်တတ်လေသည်။
မူလသစ်ပင်သေဆုံးသွားသောအခါ..နွယ်ပင်သည်လည်း မရစ်ပတ်နိုငိတော့ဘဲ့နောကိဆုံး ခြောကိသွေ့သေသွားသကဲ့သို့ လူသည်လည်း မိမိကျေးဇူးကန်းမိသောကြောင့် ကျေးဇူးပြုသူ ကျဆုံးသွားသောအခါ.မိမိသည်လည်း ကျဆူံးသွားကြလေသည်။ ထိုသည်ကို အရိပ်နေနေအခက်ချိုးချိုးဟုလည်းစကားပုံရှိလေသည်။ ထို့အတူ တောင်ဝှေးလဲက ဖိုးသူတော်ထူနိုင်သည်၊ ဖိုးသူတော်လဲသောအခါ တောင်ဝှေးမထူနိုင်ပါ။ ဤစကားပုံနဲ့ပတ်သက်ပြီးဟာသတပုဒ်သွားသတိရမိသည်။ ကလေးသူံ်းယောက်ဆူံကြသည်။ သူတို့အဘိုးမေ့တတ်ပုံချင်းစကားနိုင်လုပြောနေကြသည်။ ပထမကလေး သူ့အဖိုးသည် ဘယ်လောက်မေ့လဲဆိုလျှင် ထမင်းစားလျှင် အံကပ်မေ့ပြီးဝါးတတ်ကြောင်းပြောသည်။ ဒုတိယကလေးက ငါ့အဘိုးသည် သူ့၏မိန်းမကိုပင်မေ့သည်ဟုဆိုသည်။ တတိယကလေးကမူ သူ့အဘိုးဘယ်လောက်မေ့လဲဆိုလျှင် တောင်ဝှေးနဲ့ လမ်းလျှောက်ပီးပြန်လာသောအခါ တောင်ဝှေးကိုအိပ်ရာထဲသိပ်ပြီး သူကျ နံရံမှာသွားမှီသည်ဟုဆိုလေသည်။
ကျတော်ခရီးသွားနေရလို့ ပို့စ်တွေ အများကြီးမတင်ဖြစိတာခွင့်လွှတ်ပါခင်ဗျာ..
MSC 088
Writter -Saw Myat Tun
Photo - google
From Myanmar