ငယ္ငယ္တုန္းကေပါ့...
ကြၽန္ေတာ့္ အတန္း၃တန္းတတ္တုန္းကေပါ့ဗ်ာ။ အဲဒီေန႔က ကြၽန္ေတာ္ေဘးကသူငယ္ခ်င္းက. ေက်ာင္းမတတ္ဘူး..။ကြၽန္ေတာ္ထိုင္တာက ျပတင္းေပါကိေဘးနားမာ။ ျပတင္းေပါက္ကၾကည့္ရင္ ျမက္ခင္းစိမ္းဘဲ့ ေလကတိုက္သလားမေမးန႔ဲ၊ ဒါေၾကာင့္ အဲဒီေနရာက္ုိရေအာင္ထိုင္လုၾကတာေပါ့။
ကြၽန္ေတာ့္ေ႐ွ႕မွာေတာ့ သူငယ္ခ်င္းနစ္ေယာက္႐ွိတယ္။ သူတို႔နစ္ေယာက္ကေတာ့ ေမာင္သီဟန႔ဲေမာင္ျမသာလို႔ေခၚၾကတယ္။ ကြၽန္ေတာ့္နာမည္ကေတာ့ ေစာျမတ္ထြန္းပါ။. ဒီလိုန႔ဲကစားလိုက္ စာသင္လိုက္နဲ႔ ေက်ာင္းဆင္းခါနီးမွာေတာ့. ဗိုက္ကနာလာတယ္။ကြၽန္ေတာ္ျပန္စဥ္းစားတယ္..အိမ္ကဘာစားလာလဲေပါ့..။ခ်ဥ္ေပါင္ရြက္ရယ္၊ ထမင္းသုပ္ရယ္၊ ေခါက္ဆြဲရယ္..သရက္သီးအမွည့္ရယ္..ေပါ့။ ဒီေတာ့ အစြမ္းျပပီေပါ့။ ကေလးမဟုတ္ရင္ေတာင္ လူႀကီးဆိုရင္ ေတာ္ရံုန႔ဲခံစားႏိုင္မွာမဟုတ္ဘူး။
သြားၿပီသြားၿပီ..အ္ိုးေလးကြဲသြားပီ...အာ့လိုေတာ့မဟုတ္ေပမယ့္ အိုးမလံုအံုပြင့္သလို အကုန္ထြက္က်ကုန္ေရာ...။ ဘယ္လိုမ်ိဳးလဲဆိုေတာ့. ပူခနဲ.ဖင္မွာျဖစ္သြားတယ္.. ၿပီးေတာ့. ပူေႏြးေႏြးစြတ္စိုေနတာခံစားရတယ္။ ေနရာထိုငိရတာသိပ္မေကာင္းဘူးေပါ့ဗ်ာ...တကယ္လို႔မ်ား လမ္းမွာျဖစ္ျဖစ္ သြားလာေနတုန္းျဖစ္ျဖစ္အီးပါခ်မိရင္ ဘယ္လိုျဖစ္တာလဲဆိုတာအေတြ႔အၾကံဳရတာေပါ့။ စာေတြ႔ေပါ့ေလ။ ဒါေပမယ့္ ခပ္တည္တည္ဘဲ့ဗ်..ဘာမွမဟုတ္သလို ေအးေဆးထိုင္ေနတာ..။ ဘယ္သူမွမသိဘူးေပါ့...ဒါေပမယ့္နာေခါင္းပါတ့ဲသူတိုင္းေတာ့ အန႔ံေတာ့သိမွာေပါ့ဗ်ာ..။ ျပတင္းေပါက္ေဘးနားမွာထိုင္ေတာ့ အခန္းထဲေလဝင္တာေပါ့။ ကြၽန္ေတာ္ကေတာ့ သာသာယာယာပါဘဲ့ ကိုဘက္ကစေလတိုက္ေတာ့အနံ႔မရဘူး။ အတန္းထဲကလူေတြကေတာ့အလူးအလဲခံစားေနရတာေပါ့။
အာ့တူန္းကမ႐ွက္ေပမယ့္ဆရာမကိုေတာ့ေၾကာက္တယ္ဗ်၊၊ ကေလးဘဝတုန္းကေပါ့ေလ..ဘယ္႐ွက္မလဲအခုမ်ားေတာ့..မ်က္ႏွာမျပရဲဘူး၊ အခုေတာင္ မ်က္ႏွာဝွက္ပီးေရးေနရတာ။
အာ့မွာစေဖာက္လာတာကေ႐ွ႕ကနစ္ေကာင္။
သီဟက "မင္းဆီကနံတယ္ထင္တယ္၊ ငါ ေစာျမတ္ထြန္းေဘးမွာဝင္ထိုင္လိုက္ဦးမယ္"လို႔ အာ့ေကာင္ကလွ်ာ႐ွည္ပီးေျပာလာေရာ။ျမသာ ကေတာ့ "ေအးေအး..ျပန္လာရဲလာၾကည့္"လို႔ ေျပာလိုက္တယ္။သီဟက ေျပာေျပာဆိုဆိုန႔ဲ ကြၽန္ေတာ့္ေဘးမာလာထိုင္တယ္။ ကြၽန္ေတာ္ကေတာ့ပိုနံလိမ့္မယ္လို႔သတိေပးလိုက္ေသးတယ္။
တကယ္...အာ့သီဟဆိုတ့ဲေကာင္ စာသင္ခ်ိန္တခ်ိန္ထိ ေဘးနားမွာထိုင္ေနတာ။ ဒီေကာင္ကိုၾကည့္ဦး ပါးစပ္န႔ဲအသက္႐ွဴလိုက္၊ နာေခါင္းေလးပိတ္လိုက္၊ စာေလးေရးလိုက္.. ေလကလည္းတိုက္ေတာ့ ပိုနံလိုက္..။ စာသင္ခ်ိန္တခ်ိန္ၿပီးသြားေတာ့... ဒီေကာင္သည္းမခံႏိုင္ေတာ့ဘူး။ ငါေတာ့ေနရာထိုင္တာမွားသြားပီကြာ ေလတိုကိေလပိုနံေလ လို႔ ကြၽန္ေတာ့္က္ိုေျပာလာေရာ။ ကြၽန္ေတာ္က ခပ္တည္တည္ဘဲ့ "စိတ္ထင္တာေနမာေပါ့ ငါေတာ့မနံေပါင္" လို႔မသိခ်င္ေယာင္ေဆာင္လိုက္တယ္။
ေျပာကိုမေျပာလိုက္ခ်င္ဘူး...အာ့ေကာင္ဘာလုပ္တယ္ထင္လဲ..၊ ကြၽန္ေတ့ာ္ဖင္နားကိုကပ္ပီး တ႐ႈံ့႐ႈံ့န႔ဲလာလုပ္ပီးလာနမ္းတယ္။ ၿပီးေတာ့ သူ႔နာေခါင္းကိုပိတ္ၿပီးေနာက္ဆုတ္သြားတယ္၊ မသိရင္ဗံုးမွန္တ့ဲ မ်က္ႏွာေလးန႔ဲ.. မ်က္ႏွာနီၿပီး မ်က္ရည္ေတြေတာင္ထြက္သြားတယ္၊.ၿပီးေတာ့ နံလိုက္တာကြာ...လို႔တခြန္းထဲေျပာႏိုင္တယ္။ ၿပီးေတာ့ေမ့သြားေရာ...။ ကြၽန္ေတာ္ကေတာ့ထိုင္ရာကမထဘူး..ဘယ္ထမလဲ.ထရင္ အီးအီးေတြထြက္ကုန္မာေပါ့။ ျမသာကအာ့တာကိုျမင္သြားတယ္၊ ထေအာ္ပါေလေရာ.."တရားခံေတြ႔ပီ အီးအီးပါတ့ဲသူက ေစာျမတ္ထြန္းေဟ့......"လို႔အက်ယ္ႀကီးပါဘဲ့။ တတန္းလံုးက ကြၽန္ေတာ့္ကိုေမတၱာဝိုင္းပို႔ၾကတာေပါ့ဗ်ာ။ .ဒါေတာင္ တခုမေျပာရေသးဘူး ဒညႇငိးသီးပါစားလာတာ။
ေနာက္ဆက္တြဲအေနန႔ဲ .သီဟဆိုတ့ဲေကာင္က တကယ္အသန္႔ႀကိဳက္တ့ဲေကာင္၊ ကြၽန္ေတာ့္ေ႐ွ႕မွာေတာင္မထိုင္ေတာ့ဘူး. သံုးခံုၾကားမွာသြားထိုငိတယ္။ ျမသာကေတာ့မွတ္ခ်က္ခ်ပါတယ္၊ ဒီေကာင္ အီးအေပခံပီး သံုးခ်ိန္ဆက္တိုက္ေနႏိုင္တ့ဲေကာင္ဘဲ့တ့ဲ။
ေမ့လို႔မရႏိုင္တ့ဲ ေက်ာင္းသားဘဝအမွတ္တရေပါ့ဗ်ာ..truestory လားလာမေမးန႔ဲ မေျဖဝူး။
ငယ်ငယ်တုန်းကပေါ့...
ကျွန်တော့် အတန်း၃တန်းတတ်တုန်းကပေါ့ဗျာ။ အဲဒီနေ့က ကျွန်တော်ဘေးကသူငယ်ချင်းက. ကျောင်းမတတ်ဘူး..။ကျွန်တော်ထိုင်တာက ပြတင်းပေါကိဘေးနားမာ။ ပြတင်းပေါက်ကကြည့်ရင် မြက်ခင်းစိမ်းဘဲ့ လေကတိုက်သလားမမေးနဲ့၊ ဒါကြောင့် အဲဒီနေရာကိုရအောင်ထိုင်လုကြတာပေါ့။
ကျွန်တော့်ရှေ့မှာတော့ သူငယ်ချင်းနစ်ယောက်ရှိတယ်။ သူတို့နစ်ယောက်ကတော့ မောင်သီဟနဲ့မောင်မြသာလို့ခေါ်ကြတယ်။ ကျွန်တော့်နာမည်ကတော့ စောမြတ်ထွန်းပါ။. ဒီလိုနဲ့ကစားလိုက် စာသင်လိုက်နဲ့ ကျောင်းဆင်းခါနီးမှာတော့. ဗိုက်ကနာလာတယ်။ကျွန်တော်ပြန်စဉ်းစားတယ်..အိမ်ကဘာစားလာလဲပေါ့..။ချဉ်ပေါင်ရွက်ရယ်၊ ထမင်းသုပ်ရယ်၊ ခေါက်ဆွဲရယ်..သရက်သီးအမှည့်ရယ်..ပေါ့။ ဒီတော့ အစွမ်းပြပီပေါ့။ ကလေးမဟုတ်ရင်တောင် လူကြီးဆိုရင် တော်ရုံနဲ့ခံစားနိုင်မှာမဟုတ်ဘူး။
သွားပြီသွားပြီ..အိုးလေးကွဲသွားပီ...အာ့လိုတော့မဟုတ်ပေမယ့် အိုးမလုံအုံပွင့်သလို အကုန်ထွက်ကျကုန်ရော...။ ဘယ်လိုမျိုးလဲဆိုတော့. ပူခနဲ.ဖင်မှာဖြစ်သွားတယ်.. ပြီးတော့. ပူနွေးနွေးစွတ်စိုနေတာခံစားရတယ်။ နေရာထိုငိရတာသိပ်မကောင်းဘူးပေါ့ဗျာ...တကယ်လို့များ လမ်းမှာဖြစ်ဖြစ် သွားလာနေတုန်းဖြစ်ဖြစ်အီးပါချမိရင် ဘယ်လိုဖြစ်တာလဲဆိုတာအတွေ့အကြုံရတာပေါ့။ စာတွေ့ပေါ့လေ။ ဒါပေမယ့် ခပ်တည်တည်ဘဲ့ဗျ..ဘာမှမဟုတ်သလို အေးဆေးထိုင်နေတာ..။ ဘယ်သူမှမသိဘူးပေါ့...ဒါပေမယ့်နာခေါင်းပါတဲ့သူတိုင်းတော့ အနံ့တော့သိမှာပေါ့ဗျာ..။ ပြတင်းပေါက်ဘေးနားမှာထိုင်တော့ အခန်းထဲလေဝင်တာပေါ့။ ကျွန်တော်ကတော့ သာသာယာယာပါဘဲ့ ကိုဘက်ကစလေတိုက်တော့အနံ့မရဘူး။ အတန်းထဲကလူတွေကတော့အလူးအလဲခံစားနေရတာပေါ့။
အာ့တူန်းကမရှက်ပေမယ့်ဆရာမကိုတော့ကြောက်တယ်ဗျ၊၊ ကလေးဘဝတုန်းကပေါ့လေ..ဘယ်ရှက်မလဲအခုများတော့..မျက်နှာမပြရဲဘူး၊ အခုတောင် မျက်နှာဝှက်ပီးရေးနေရတာ။
အာ့မှာစဖောက်လာတာကရှေ့ကနစ်ကောင်။
သီဟက "မင်းဆီကနံတယ်ထင်တယ်၊ ငါ စောမြတ်ထွန်းဘေးမှာဝင်ထိုင်လိုက်ဦးမယ်"လို့ အာ့ကောင်ကလျှာရှည်ပီးပြောလာရော။မြသာ ကတော့ "အေးအေး..ပြန်လာရဲလာကြည့်"လို့ ပြောလိုက်တယ်။သီဟက ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ဘေးမာလာထိုင်တယ်။ ကျွန်တော်ကတော့ပိုနံလိမ့်မယ်လို့သတိပေးလိုက်သေးတယ်။
တကယ်...အာ့သီဟဆိုတဲ့ကောင် စာသင်ချိန်တချိန်ထိ ဘေးနားမှာထိုင်နေတာ။ ဒီကောင်ကိုကြည့်ဦး ပါးစပ်နဲ့အသက်ရှူလိုက်၊ နာခေါင်းလေးပိတ်လိုက်၊ စာလေးရေးလိုက်.. လေကလည်းတိုက်တော့ ပိုနံလိုက်..။ စာသင်ချိန်တချိန်ပြီးသွားတော့... ဒီကောင်သည်းမခံနိုင်တော့ဘူး။ ငါတော့နေရာထိုင်တာမှားသွားပီကွာ လေတိုကိလေပိုနံလေ လို့ ကျွန်တော့်ကိုပြောလာရော။ ကျွန်တော်က ခပ်တည်တည်ဘဲ့ "စိတ်ထင်တာနေမာပေါ့ ငါတော့မနံပေါင်" လို့မသိချင်ယောင်ဆောင်လိုက်တယ်။
ပြောကိုမပြောလိုက်ချင်ဘူး...အာ့ကောင်ဘာလုပ်တယ်ထင်လဲ..၊ ကျွန်တေ့ာ်ဖင်နားကိုကပ်ပီး တရှုံ့ရှုံ့နဲ့လာလုပ်ပီးလာနမ်းတယ်။ ပြီးတော့ သူ့နာခေါင်းကိုပိတ်ပြီးနောက်ဆုတ်သွားတယ်၊ မသိရင်ဗုံးမှန်တဲ့ မျက်နှာလေးနဲ့.. မျက်နှာနီပြီး မျက်ရည်တွေတောင်ထွက်သွားတယ်၊.ပြီးတော့ နံလိုက်တာကွာ...လို့တခွန်းထဲပြောနိုင်တယ်။ ပြီးတော့မေ့သွားရော...။ ကျွန်တော်ကတော့ထိုင်ရာကမထဘူး..ဘယ်ထမလဲ.ထရင် အီးအီးတွေထွက်ကုန်မာပေါ့။ မြသာကအာ့တာကိုမြင်သွားတယ်၊ ထအော်ပါလေရော.."တရားခံတွေ့ပီ အီးအီးပါတဲ့သူက စောမြတ်ထွန်းဟေ့......"လို့အကျယ်ကြီးပါဘဲ့။ တတန်းလုံးက ကျွန်တော့်ကိုမေတ္တာဝိုင်းပို့ကြတာပေါ့ဗျာ။ .ဒါတောင် တခုမပြောရသေးဘူး ဒညှငိးသီးပါစားလာတာ။
နောက်ဆက်တွဲအနေနဲ့ .သီဟဆိုတဲ့ကောင်က တကယ်အသန့်ကြိုက်တဲ့ကောင်၊ ကျွန်တော့်ရှေ့မှာတောင်မထိုင်တော့ဘူး. သုံးခုံကြားမှာသွားထိုငိတယ်။ မြသာကတော့မှတ်ချက်ချပါတယ်၊ ဒီကောင် အီးအပေခံပီး သုံးချိန်ဆက်တိုက်နေနိုင်တဲ့ကောင်ဘဲ့တဲ့။
မေ့လို့မရနိုင်တဲ့ ကျောင်းသားဘဝအမှတ်တရပေါ့ဗျာ..truestory လားလာမမေးနဲ့ မဖြေဝူး။
MSC 088
Writter Saw Myat Tun
Base on true story
Photo-Saw Myat Tun