" လိုအပ်ခြင်း"
သူ့ကိုမြင်စဉ် စုံမက်တက်မှင်
ကြင်နာယုယမူ့တွေနဲ့…
. သြော်…မဖြစ်သင့်ပါလား…
ရှေ့သွားမယ့်ငါ့လမ်း
နှမ်းစေ့မျှမြူ တဏှာတစ်မူ
လာမတုနဲ့ ရှေးရှူချင်တယ်
ခွင့်ပြုတော့ကွယ်…
ဆူးငြှောင့်ခလုတ် ငုတ်တွေများသော
သံသရာလမ်းဝယ် ကျော်ဖြတ်သူအဖို့ငှာ
အားထုတ်ကြံဆောင်နေရတော့မည်…
ရင့်ကျက်တန်ရာ
ပါရမီအမျှ တစ်ဘဝမှစ တစ်ဘဝအထိ
စုဆောင်းရခြင်းသည်…
လောဘ ဒေါသ မောဟ
အလားတို့ရောက်ရောက်လာသော
ပုထုစဉ်တို့ကြောင့်တည်း…

@sheinthu(MSC-026)