ကျနော်လည်း hive platform ပေါ်မှာ ပိုစ့်လေးတွေ ရေးမယ်ဆိုတဲ့စိတ်တွေလောက်သာ ဖြစ်ခဲ့ပေမယ့် တကယ်တမ်းတော့ ရောက်အောင် ရေးမတင်နိုင်ခဲ့ဘူး။ဒါပေ့မယ်လည်း သမီးငယ်ကိုချစ်လွန်းတဲ့စိတ်ကြောင့် ငယ်လေးအတွက်ပဲဆိုပီး တနေ့တာ သမီးငယ်လေးအကြောင်းလေးတွေကို မွေးကတည်းက ရေးခုအချိန်ထိ တက်နိုင်သမျှပေါင်းစုကာ ရေးခဲ့ဖြစ်တာတော့ဟုတ်တယ် တချိန်ချိန်မှာ ဒီလိုမျိုး hive ပေါ်မှာ ပြန်တင်ဖို့လည်း ပါတာပေါ့လေ။
နေသာသော နေ့ကောင်းနေ့မြတ်လေးပဲ။
မွေးဖွားခန်းအပေါက်ဝမှာ တစ်ချိန်လုံးတစ်ယောက်ထဲ ဂဏာမငြိမ်ဖြစ်နေလိုက်ပုံများ..
ငါ့မိန်းမရယ်..ငါရယ် ၂ယောက်တည်း...
မိန်းမက ခဲွခန်းထဲ အပြင်မှာ ငါတစ်ယောက်တည်း အတွေးပေါင်းစုံနဲ့..တောင်လျောက်မြောက်လျှောက်လိုက်နဲ့..အတော်လေးကြာမှန်းမသိအောင်ကို ကြာသွားပီး...။
တအောင့်နေတော့..ခေါင်းဇွတ်ဆောင်းထားတဲ့ သူနာပြုလေး(၂)ယောက် သမီးငယ်လေးကိုပွေ့ထွက်လာပီး ပြောလိုက်တယ်"ဘာမှစိတ်ပူနဲ့နော် သမီးရောအမေရော အားလုံးကျန်းကျန်းမာမာရှိတယ်နော် "လို့ပြောလိုက်ရော ကျနော့ရင်ထဲမှာ ဘယ်အချိန်ကတည်းက ဝင်စို့နေတဲ့အလုံးကြီး ကျသွားတာနဲ့ ပျော်ရွင်မူတွေနဲ့အတူ သမီးငယ်လေးကို လှမ်းကြည့်လိုက်တယ်.."ဝိုင်းစက်နေတဲ့ မျက်နှာလေးရဲ့ အပေါ်ပိုင်းကနေကျလာတဲ့ ဆံပင်ပါးတားတားလေးက အရမ်းချစ်စရာလေးပါ့...ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သေးသေးလေးတွေက အူယားစရာ အဖေ့သမီးလေး အသားရေကလည်း လှလိုက်တာပါ့ ပွေ့ထုတ်ထားတဲ့ပိတ်လေးတွေကကြမ်းတော့ နီးမြန်းနေလေရဲ့..။
ကလေးမွေးပီးအခန်းထဲရောက်မှ မေမေဘောက်မိုင်ရဲ့အမေနဲ့ အန်တီဂျာဒင်တို့ ရောက်လာခဲ့ကြတော့တယ်..။မြစ်ကြီးနားမှာ သမီးငယ်လေးက မွေးဖွားတာဆိုတော့ အမေကြီးတို့ကတော့ ဘယ်လာနိုင်သေးမလည်းပေါ့သမီးရယ်..။
###၁လမပြည့်ခင်လေး..အဖေနဲ့အမေကသမီးလေးကိုပွေ့ပီး အမေရဲ့ ဗိုက်ကခဲွထားတဲ့အခြေအနေသွားပြကြတယ်..မြတ်မွန်ဆေးရုံမှာပဲ.. ။ဖြစ်ချင်တော့..အဲ့နေ့က အိမ်ကထွက်လာတော့ ညနေ ၃ နာရီထိုးပဲ..စောင့်လိုက်ရတဲ့ ဒေါက်တာအေးအေးဟန် ညနေ ၆နာရီထိုးတဲ့အထိ မရောက်လာနိုင်သေးဘူးဟေ...အဲ့ဒီကြားထဲ အဖေက ဆေးရုံအပြင်ဘက်ကနေ သမီးလေးကို ပွေ့လိုက် လမ်းလျောက်လိုက် ထိုင်လိုက် ထလိုက်နဲ့ စောင့်နေရတာမပြောနဲ့..အမေကတော့ အတွင်းမှာ ထိုင်ပီးဆရာမအလာကိုစောင့်လိုက်..အဖေတို့သားအဖကို အပြင်မှာ ဘယ်လိုအခြေနေဖြစ်နေလည်းလို့ ကြည့်ရတာနဲ့ လည်ပင်းလည်းရှည်လာလို့ပေါ့ကွယ်..။
ဒီလိုနဲ့ အဖေစောင့်တဲ့နေရာက ကားပါကင်တွေအထိုးများလာတော့..ကားမီးခိုးနံတွေလည်းများတော့..တခါတည်းသမီးခေါ်ပီးတော့..ဆေးရုံရှေ့က ကချင်ပြည်နယ်စုပေါင်းရုံးကြီးထဲဝင်ပီး သားဖနှစ်ယောက်ခပ်တည်တည်နဲ့ ဝင်ချသွားတယ်ဟေ..ရုံးဆင်းချိန်ဆိုတော့ အဲ့ဝင်းကြီးထဲဘယ်သူမှ မရှိဘူး..အဖေတို့ သားဖနှစ်ယောက်ထဲ ကျယ်ပြန့်စွာရှိသော တောင်နဲ့မြောက် မြက်ခင်းစိမ်းကြီးပေါ် လမ်းလျောက်လိုက် သမီးကိုစကားတွေပြောလိုက်ပေါ့ကွယ်..ဒါမယ့်အဖေ့သမီးလေးက သိပ်နားလည်မယ်မထင်သေးပါဘူး..အဖေပြောနေတာတွေပဲလိုက်ကြည့်နေတယ်..ခဏနေတော့..ပွေ့ထားတဲ့အဖေ့လက်ထဲနွေးလာသလိုခံစားမိတာနဲ့ ကြည့်လိုက်တော့ သမီးချောက အီး💩ပါလေပီ။..ဖြစ်ချင်တော့ အဖေတို့လို ကလေးအမေတစ်ယောက်ကလည်းရောက်လာတာပေါ့.. အဖေလည်း သမီးအီးအီးပါနေတာကို အဝတ်လဲပေးဖို့ ဟန်မပျက် ဘယ်နေရာမှာ သင့်တော်မလည်းလိုက်ကြည့်နေရတာပေါ့...နောက်ဆုံး ဘယ်နေရာမှ ရှာမရတာနဲ့ ဟိုကလေးအမေတို့လညါးထွက်သွားရော တခါတည်းအဖေလည်း ဂိတ်ပေါက်က ဂိတ်တဲလေးထဲဝင်ပီး ပါလာတဲ့ပိတ်စအဖြူလေးတွေကို ခင်း လက်တစ်ဖက်က တစ်ရူးနဲ့အီးအီးတွေသုတ် မျက်လုံးကလည်း သူများတွေများဝင်လာမလား ကြည့်ရသေးတယ်ဟေ့..အခြေနေကတော့ ဒီကြားထဲသမီးကရုန်းတော့..ပိတ်စနဲ့ကသိပ်မထုပ်တက်တော့ နောက်မှာတော့ အမြန်းဆုံးနည်းနဲ့ မုန့်ဖက်ထုပ်ထုပ်သလို လုပ်လိုက်ရတာပေါ့သမီးရေ..ဒါတွေဖြစ်နေတာ သမီးအမေကတော့..မသိလိုက်ဘူးပေါ့..သူကစောင့်နေရတာကိုး..ခဏနေမှရောက်လာတယ်တော့တယ်။
MHC-026(sheinthu)
(26/11/2021)(fri day)(pm-9:20)
###၁လပြည့်တဲ့နေ့ရောက်တော့..ချက်ကကြွေတာ အကုန်မဟုတ်ဘဲ အတက်လေးကျန်နေခဲ့လို့ ဆေးခန်းသွားရတယ်...။